ယူနိုက်တက်ရဲ့ ခံစစ်ပြဿနာတွေဟာ တစ်ဦးတစ်ယောက်ချင်းရဲ့ အမှားကြောင့် မဟုတ်ဘူးလို့ လူးဝစ်ဆာဟာက ဆိုလိုက်ပြီး အသင်းလိုက် အချင်းချင်း နားလည်မှုမရှိတာကြောင့် ရုန်းကန်နေရတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဆောက်သမ်တန်ဟာ ဘရန်ဒန်ဝီလီယံကို ခေါ်ယူဖို့ နွေရာသီတုန်းကလဲ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက် နည်းပြ ဆိုးရှားက အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာဖြစ်ပြီး အခုတော့ ဒုတိယရာသီဝက်အတွက် သူ့ကို အငှားထွက်ကစားခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တက် ကစားသမားတွေအနေနဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ရမယ့် ယူရိုပါလိဂ်ပွဲကို ချန်ပီယံလိဂ်လို သဘောထား ကစားရမှာဖြစ်ပြီး ကစားသမားဟောင်း ဂျာနူဇက်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို သတိထားရလိမ့်မယ်လို့ ဆိုးရှားက သတိပေးစကားဆိုခဲ့ပါတယ်။
လူးဝစ်ဆာဟာ ဟာ ပေါ့ဘာရဲ့ကွင်းတွင်းကွင်းပြင် အပြုအမူတွေအပေါ် အထင်မကြီးသလို ကွင်းလယ်လူအနေနဲ့ သူ့ရဲ့ အတ္တတွေကို ကွင်းထဲမှာ အသင်းကို ကူညီပေးဖို့အတွက် ပြောင်းလဲအသုံးချသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဘိုင်ယန်လူငယ်ကြယ်ပွင့် မူဆီယာလာအပေါ် ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ စိတ်ဝင်စားနေမှုကို တားဆီးဖို့အတွက် ဘိုင်ယန်က သူ့ကို တစ်ပတ် လုပ်ခ ပေါင် ၁သိန်းပေးပြီး စာချုပ်သစ်ချုပ်အောင် ကမ်းလှမ်းဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။
ယူနိုက်တက်မှာ ကစားချိန်ရဖို့ ရုန်းကန်နေရတဲ့ ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသူတွေ တိုးပွားလာသလို ကလပ်ဟာ ဇန်နဝါရီမှာ သူ့ကို ဆုံးရှုံးရဖို့ ရှိနေပြီး အငှားလား အပြီးသတ်ရောင်းချမလားဆိုတာ ဆိုးရှား ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
Zawgyi – ယူႏိုက္တက္ရဲ႕ ခံစစ္ျပႆနာေတြဟာ တစ္ဦးတစ္ေယာက္ခ်င္းရဲ႕ အမွားေၾကာင့္ မဟုတ္ဘူးလို႔ လူးဝစ္ဆာဟာက ဆိုလိုက္ၿပီး အသင္းလိုက္ အခ်င္းခ်င္း နားလည္မႈမရွိတာေၾကာင့္ ႐ုန္းကန္ေနရတာျဖစ္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။
ေဆာက္သမ္တန္ဟာ ဘရန္ဒန္ဝီလီယံကို ေခၚယူဖို႔ ေႏြရာသီတုန္းကလဲ ႀကိဳးစားခဲ့ေပမယ့္ ယူနိုက္တက္ နည္းျပ ဆိုးရွားက အေျပာင္းအေ႐ႊ႕ကို ပိတ္ပင္ခဲ့တာျဖစ္ၿပီး အခုေတာ့ ဒုတိယရာသီဝက္အတြက္ သူ႔ကို အငွားထြက္ကစားခြင့္ျပဳဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ ကစားသမားေတြအေနနဲ႔ ရီးရဲလ္ဆိုစီဒက္နဲ႔ ေတြ႕ရမယ့္ ယူ႐ိုပါလိဂ္ပြဲကို ခ်န္ပီယံလိဂ္လို သေဘာထား ကစားရမွာျဖစ္ၿပီး ကစားသမားေဟာင္း ဂ်ာႏူဇက္ရဲ႕ ၿခိမ္းေျခာက္ႏိုင္စြမ္းကို သတိထားရလိမ့္မယ္လို႔ ဆိုးရွားက သတိေပးစကားဆိုခဲ့ပါတယ္။
လူးဝစ္ဆာဟာ ဟာ ေပါ့ဘာရဲ႕ကြင္းတြင္းကြင္းျပင္ အျပဳအမူေတြအေပၚ အထင္မႀကီးသလို ကြင္းလယ္လူအေနနဲ႔ သူ႔ရဲ႕ အတၱေတြကို ကြင္းထဲမွာ အသင္းကို ကူညီေပးဖို႔အတြက္ ေျပာင္းလဲအသုံးခ်သင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ဘိုင္ယန္လူငယ္ၾကယ္ပြင့္ မူဆီယာလာအေပၚ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ရဲ႕ စိတ္ဝင္စားေနမႈကို တားဆီးဖို႔အတြက္ ဘိုင္ယန္က သူ႔ကို တစ္ပတ္ လုပ္ခ ေပါင္ ၁သိန္းေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ေအာင္ ကမ္းလွမ္းဖို႔ ႀကိဳးစားသြားမွာျဖစ္ပါတယ္။
ယူႏိုက္တက္မွာ ကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနရတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနသူေတြ တိုးပြားလာသလို ကလပ္ဟာ ဇန္နဝါရီမွာ သူ႔ကို ဆုံးရႈံးရဖို႔ ရွိေနၿပီး အငွားလား အၿပီးသတ္ေရာင္းခ်မလားဆိုတာ ဆိုးရွား ဆုံးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။