ဟိုဆေးမော်ရင်ညိုက သူဟာ မန်ချက်စတာယူနိုက်တက်မှာ ရှိခဲ့စဉ်က သူ့ရဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့အချိန်ပေး မခံခဲ့ရဘူးလို့ ခံစားခဲ့ရတဲ့နောက် ယခု စပါးမှာတော့ ကာလရှည်ကြာ ဆက်နေနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်ပွဲဆက် အသင်းအတွက် မပါဝင်နိုင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီဟာ ရှက်ဖီးယူနိုက်တက်နဲ့ ပွဲမှာလည်း ပါဝင် ကစားနိုင်ဖွယ် မရှိသေးကြောင်း နည်းပြ ဆိုးရှားက အသိပေးပြောဆိုခဲ့ပါတယ်။
ဘောလုံးရာသီ အကုန်မှာ လက်ရှိကလပ် အေစီမီလန်နဲ့ စာချုပ်ကုန်ဆုံးမယ့် ကွင်းလယ် ကစားသမား Hakan Calhanoglu ကို ယူနိုက်တက်က ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ဖို့ ပစ်မှတ်ထားနေပေမယ့် အေစီကတော့ ၎င်းတို့ ကစားသမားကို လက်လွှတ်ဖို့ စိတ်ကူး မရှိဘဲ စာချုပ် သက်တမ်းတိုးရန် ကြိုးစားနေပါတယ်။
ယူနိုက်တက်နဲ့ တွေ့ရမယ့် ယူရိုပါလိဂ်ပွဲက အိမ်ကိုပြန်လာရသလိုပဲလို့ ဂျာနူဇက်က ဝန်ခံခဲ့ပေမယ့် အခုချိန်မှာ သူ့နှလုံးသာက ဆိုစီဒက်မှာပဲရှိပြီး အသင်း နောက်တစ်ဆင့် တက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားကူညီပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ အသက် ၂၈ နှစ် အရွယ် အင်တာမီလန် ခံစစ်မှူး စတီဖန် ဒီဘာ့ချ်ကလည်း ဆန်စီရိုမှာပဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။
ဒီရာသီမှာ ယူနိုက်တက် ကစားကွက် အခင်းအကျင်းတွေ ခဏခဏ ပြောင်းလဲတယ်လို့ အသင်း ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဖာဒီနန်နဲ့ ပေါစခိုးလ်တို့က ဝေဖန်ကြတဲ့ အပေါ် ဆိုးရှားကတော့ ဘာများ ပြောင်းလို့လဲ လို့ တုန့်ပြန် စောဒကတက်ခဲ့ပါတယ်။
Zawgyi – ဟိုေဆးေမာ္ရင္ညိဳက သူဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ရွိခဲ့စဥ္က သူ႔ရဲ႕ စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ လုံေလာက္တဲ့အခ်ိန္ေပး မခံခဲ့ရဘူးလို႔ ခံစားခဲ့ရတဲ့ေနာက္ ယခု စပါးမွာေတာ့ ကာလရွည္ၾကာ ဆက္ေနႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ျပီးခဲ့တဲ့ နွစ္ပြဲဆက္ အသင္းအတြက္ မပါ၀င္နုိင္ခဲ့တဲ့ ယူနိုက္တက္ တိုက္စစ္မွဴးၾကီး ကာဗာနီဟာ ရွက္ဖီးယူနိုက္တက္နဲ႕ ပြဲမွာလည္း ပါ၀င္ ကစားနိုင္ဖြယ္ မရွိေသးေၾကာင္း နည္းျပ ဆိုးရွားက အသိေပးေျပာဆိုခဲ့ပါတယ္။
ေဘာလံုးရာသီ အကုန္မွာ လက္ရွိကလပ္ ေအစီမီလန္နဲ႕ စာခ်ဳပ္ကုန္ဆံုးမယ့္ ကြင္းလယ္ ကစားသမား Hakan Calhanoglu ကို ယူနိုက္တက္က ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚဖို႔ ပစ္မွတ္ထားေနေပမယ့္ ေအစီကေတာ့ ၄င္းတို႔ ကစားသမားကို လက္လႊတ္ဖို႔ စိတ္ကူး မရွိဘဲ စာခ်ဳပ္ သက္တမ္းတိုးရန္ ၾကိဳးစားေနပါတယ္။
ယူႏိုက္တက္နဲ႔ ေတြ႕ရမယ့္ ယူ႐ိုပါလိဂ္ပြဲက အိမ္ကိုျပန္လာရသလိုပဲလို႔ ဂ်ာႏူဇက္က ဝန္ခံခဲ့ေပမယ့္ အခုခ်ိန္မွာ သူ႔ႏွလုံးသာက ဆိုစီဒက္မွာပဲရွိၿပီး အသင္း ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔ အေကာင္းဆုံး ႀကိဳးစားကူညီေပးသြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္နဲ႕ လီဗာပူးအသင္းတို႔ ခ်ိတ္ဆက္မႈေတြ ရွိေနတဲ့ အသက္ ၂၈ နွစ္ အရြယ္ အင္တာမီလန္ ခံစစ္မွဴး စတီဖန္ ဒီဘာ့ခ်္ကလည္း ဆန္စီရိုမွာပဲ ဆက္ရွိေနမယ္လို႔ သိရပါတယ္။
ဒီရာသီမွာ ယူနိုက္တက္ ကစားကြက္ အခင္းအက်ငး္ေတြ ခဏခဏ ေျပာငး္လဲတယ္လို႔ အသင္း ကစားသမားေဟာင္းေတြ ျဖစ္တဲ့ ဖာဒီနန္နဲ႕ ေပါစခိုးလ္တို႔က ေ၀ဖန္ၾကတဲ့ အေပၚ ဆိုးရွားကေတာ့ ဘာမ်ား ေျပာင္းလို႔လဲ လို႔ တုန္႔ျပန္ ေစာဒကတက္ခဲ့ပါတယ္။