ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (17/12/20)

ယူနိုက်တက်ဟာ နွေရာသီမှာ အာမက် ဒီရယ်လိုကို ပေါင်၃၇သန်းနဲ့ ဝယ်ယူခဲ့ပြီးနောက် ၎င်းရဲ့ အလုပ်ပါမစ်ကိစ္စ အဆုံးသတ်ပြီး ဇန်နဝါရီမှာ အင်္ဂလန်ကို ရောက်လာတော့မှာ ဖြစ်ပေမယ့် ၎င်းကို အသင်းကြီးထံ တိုက်ရိုက်ခေါ်မလားဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။

ယူနိုက်တက်ဟာ မက်ဂွိုင်းယားအတွက် အကောင်းဆုံး တွဲဖက်ကို ရှာဖွေနေပြီး ဗဟိုနောက်ခံလူတစ်ယောက် ခေါ်ယူဖို့ အလိုရှိနေတာကြောင့် ဘိုင်ယန်ကြယ်ပွင့် ဒေးဗစ်အလာဘာအတွက် အပြိုင်ကြိုးစားမယ့်ပွဲမှာ ပါဝင်လာခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၂၇ ဂိုး ပေးခဲ့ရတဲ့ ယူနိုက်တက်ခံစစ်ရဲ့ တောင့်တင်းမှုက စိတ်ပျက်စရာ ဖြစ်နေသလို ဒါဟာခံစစ်ပိုင်းက တစ်ဦးချင်း အမှားတွေ ထက် ညီညွတ်မှုမရှိတဲ့ နည်းစနစ် အားနည်းချက်ကြောင့်ဖြစ်တယ်လို့ လူးဝစ်ဆာဟာက ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီ ကလပ်အတွက် ၆ ပွဲသာ ကစားပေးခွင့်ရခဲ့ပြီး ပုံမှန်ကစားခွင့် အတွက် အသင်းပြောင်းရဖို့ ရှိနေသလို သူ့ကို ကာလရှည် ချိတ်ဆက်နေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်က ဇန်နဝါရီမှာ တစ်ဖန်ပြန်ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် လိုက်ပ်ဇစ်၊ စီးတီးတို့နဲ့ ပွဲတွေကို လွဲချော်ခဲ့တဲ့ ကာဗာနီရဲ့ ဒဏ်ရာက ရေရှည်နားရမှာမျိုး မဟုတ်ပေမယ့် ဆိုးရှားက သူ့ကို အလျင်စလို ပြန်မသုံးချင်တာကြောင့် ရှက်ဖီးနဲ့ပွဲမှာလဲ ပါဝင်လာနိုင်ဦးမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ အေမီမီလန်နဲ့စာချုပ်သစ်ချုပ်ဖို့ ကြန့်ကြာနေခဲ့တဲ့ ကယ်ဟာနိုဂလူကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့် အခုချိန်မှာ ကွင်းလယ်လူက မိခင်ကလပ်နဲ့ပဲ စာချုပ်သစ် သဘောတူညီမှုရဖို့ပိုနီးစပ်နေတာကြောင့် သူ့ကို ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။

အေတီကိုကြယ်ပွင့် ထရစ်ပီယာဟာ ညာနောက်ခံလူ နည်းပါးနေတဲ့ ယူနိုက်တက်ထံ အနာဂတ်မှာ ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေပြီး ဝမ်ဘစ်ဆာကာ နဲ့ နေရာပြိုင်လုနိုင်တဲ့ ကစားသမားအတွက် တီကိုက ပေါင်သန်း၂၀နဲ့ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ေႏြရာသီမွာ အာမက္ ဒီရယ္လိုကို ေပါင္၃၇သန္းနဲ႔ ဝယ္ယူခဲ့ၿပီးေနာက္ ၎ရဲ႕ အလုပ္ပါမစ္ကိစၥ အဆုံးသတ္ၿပီး ဇန္နဝါရီမွာ အဂၤလန္ကို ေရာက္လာေတာ့မွာ ျဖစ္ေပမယ့္ ၎ကို အသင္းႀကီးထံ တိုက္႐ိုက္ေခၚမလားဆိုတာေတာ့ မဆုံးျဖတ္ရေသးပါဘူး။

ယူႏိုက္တက္ဟာ မက္ဂြိဳင္းယားအတြက္ အေကာင္းဆုံး တြဲဖက္ကို ရွာေဖြေနၿပီး ဗဟိုေနာက္ခံလူတစ္ေယာက္ ေခၚယူဖို႔ အလိုရွိေနတာေၾကာင့္ ဘိုင္ယန္ၾကယ္ပြင့္ ေဒးဗစ္အလာဘာအတြက္ အၿပိဳင္ႀကိဳးစားမယ့္ပြဲမွာ ပါဝင္လာခဲ့ပါတယ္။

ၿပိဳင္ပြဲစုံ ၁၉ ပြဲမွာ ၂၇ ဂိုး ေပးခဲ့ရတဲ့ ယူႏိုက္တက္ခံစစ္ရဲ႕ ေတာင့္တင္းမႈက စိတ္ပ်က္စရာ ျဖစ္ေနသလို ဒါဟာခံစစ္ပိုင္းက တစ္ဦးခ်င္း အမွားေတြ ထက္ ညီၫြတ္မႈမရွိတဲ့ နည္းစနစ္ အားနည္းခ်က္ေၾကာင့္ျဖစ္တယ္လို႔ လူးဝစ္ဆာဟာက ေထာက္ျပေျပာဆိုခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒီရာသီ ကလပ္အတြက္ ၆ ပြဲသာ ကစားေပးခြင့္ရခဲ့ၿပီး ပုံမွန္ကစားခြင့္ အတြက္ အသင္းေျပာင္းရဖို႔ ရွိေနသလို သူ႔ကို ကာလရွည္ ခ်ိတ္ဆက္ေနခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္က ဇန္နဝါရီမွာ တစ္ဖန္ျပန္ႀကိဳးစားဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒဏ္ရာရခဲ့ၿပီးေနာက္ လိုက္ပ္ဇစ္၊ စီးတီးတို႔နဲ႔ ပြဲေတြကို လြဲေခ်ာ္ခဲ့တဲ့ ကာဗာနီရဲ႕ ဒဏ္ရာက ေရရွည္နားရမွာမ်ိဳး မဟုတ္ေပမယ့္ ဆိုးရွားက သူ႔ကို အလ်င္စလို ျပန္မသုံးခ်င္တာေၾကာင့္ ရွက္ဖီးနဲ႔ပြဲမွာလဲ ပါဝင္လာႏိုင္ဦးမွာ မဟုတ္ပါဘူး။

ယူႏိုက္တက္ဟာ ေအမီမီလန္နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ၾကန႔္ၾကာေနခဲ့တဲ့ ကယ္ဟာႏိုဂလူကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ အခုခ်ိန္မွာ ကြင္းလယ္လူက မိခင္ကလပ္နဲ႔ပဲ စာခ်ဳပ္သစ္ သေဘာတူညီမႈရဖို႔ပိုနီးစပ္ေနတာေၾကာင့္ သူ႔ကို ေခၚယူႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

ေအတီကိုၾကယ္ပြင့္ ထရစ္ပီယာဟာ ညာေနာက္ခံလူ နည္းပါးေနတဲ့ ယူႏိုက္တက္ထံ အနာဂတ္မွာ ေျပာင္းေ႐ႊ႕ဖို႔စိတ္ဝင္စားေနၿပီး ဝမ္ဘစ္ဆာကာ နဲ႔ ေနရာၿပိဳင္လုႏိုင္တဲ့ ကစားသမားအတြက္ တီကိုက ေပါင္သန္း၂၀နဲ႔ေရာင္းခ်ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။