ဒီကလန်ရိုက်စ်နဲ့ ချယ်ဆီးရဲ့ နွေရာသီအပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပေမယ့် ကွင်းလယ်လူဟာ ချယ်ဆီးနဲ့ ပူးပေါင်းလိုနေဆဲဖြစ်တယ်လို့ ရိုမာနိုက ဆိုပြီး ဒီကိစ္စက ဝက်စ်ဟမ်းနဲ့ချယ်ဆီးကြား ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအပေါ် မူတည်နေပါတယ်။
ရာသီအစမှာရုန်းကန်ခဲ့ရပေမယ့် အခု ဂျီရူးဟာ သွင်းဂိုးတွေနဲ့အတူ ကစားခွင့်ပိုရလာသလို သူဟာ လမ်းပတ်အတွက် သူ့ကိုပွဲထုတ်ဖို့ လွယ်ကူအောင် လုပ်ပေးနေတာဖြစ်ပြီး ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးကို လူစာရင်းကနေ ချန်လှပ်စရာမရှိဘူးလို့ မဲချော့က ဆိုပါတယ်။
ဒီရာသီ ချယ်ဆီးအသင်းမှာ အောင်မြင်မှု အများဆုံးရဖူးတဲ့ ကစားသမားက သီယာဂိုဆေးဗားဖြစ်ပြီး ၎င်းရဲ့ ရည်မှန်းချက်က လန်ဒန်မှာ ဆုဖလားတွေ ပိုမိုရယူဖို့ သာမက အတွေ့အကြုံနည်းပါးတဲ့ လူငယ်တွေကို ကူညီပေးဖို့လဲ ဖြစ်ပါတယ်။
ဂျီရူးဟာ သူ့ရဲ့ ပြင်သစ်အသင်းဖော် ကန်တေရဲ့ပုံစံကို ဖွင့်ဟခဲ့ပြီး ၎င်းဟာ တိတ်ဆိတ်နေတတ်ပေမယ့် ကွင်းထဲမှာ သိပ်ကို လွှမ်းမိုးမှုရှိတဲ့ ကစားပုံနဲ့အတူ ခေါင်းဆောင်တစ်ယောက်လို ဦးဆောင်နိုင်တယ်လို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။
ဒီယေဂို ကော်စတာဟာ ခြေထောက်တွင်းသွေးခဲတဲ့ ရောဂါကြောင့် အက်သလက်တီကိုမှာ အချိန်အတန်ကြာ ကစားခွင့် မရခဲ့ပေမယ့် အခု ကြံ့ခိုင်မှုပြန်လည့်ဝလာနေပြီဖြစ်ပြီး ချယ်ဆီးနဲ့ပြန်တွေ့ရမယ့် ချန်ပီယံလိဂ်ပွဲအမှီတော့ ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။
ဂျီရူးဟာ ဝုလ်ဗ်ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း ၇၁ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့နောက် ပရိသတ်တွေက ဒဏ်ရာပြဿနာအတွက် စိုးရိမ်ခဲ့ကြပေမယ့် အဲ့ဒါက နည်းဗျူဟာအပြောင်းအလဲ ကြောင့်သာဖြစ်လို့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်ပါဝင်လာမှာပါ။
လမ်းပတ်မှာ တောင်ပံကစားသမား နည်းပါးတဲ့ ပြဿနာကို ကြုံတွေ့ရပြီးဖြစ်သလို ဇန်နဝါရီမှာ အိုဒွိုင်းကို အငှားပဲဖြစ်ဖြစ် အပြီးသတ်ပဲဖြစ်ဖြစ် ခေါ်ယူချင်တဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှုအားလုံးကို ချယ်ဆီးက ငြင်းပယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒေးဗစ်အလာဘာရဲ့ တစ်ပတ်လုပ်ခက ပေါင်၃သိန်းခွဲရှိပြီး ဒါဟာ ချယ်ဆီးအသင်းမှာ သိပ်ကိုများပြားတဲ့ ပမာဏဖြစ်တာကြောင့် သူ့ကို ခေါ်ဖို့ လက်တွန့်နေပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာက လမ်းပတ်အတွက် အလိုရှိစရာ ဖြစ်နိုင်ပါတယ်။
ZAWGYI – ဒီကလန္႐ိုက္စ္နဲ႔ ခ်ယ္ဆီးရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕က မျဖစ္ေျမာက္ခဲ့ေပမယ့္ ကြင္းလယ္လူဟာ ခ်ယ္ဆီးနဲ႔ ပူးေပါင္းလိုေနဆဲျဖစ္တယ္လို႔ ႐ိုမာႏိုက ဆိုၿပီး ဒီကိစၥက ဝက္စ္ဟမ္းနဲ႔ခ်ယ္ဆီးၾကား ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းမႈအေပၚ မူတည္ေနပါတယ္။
ရာသီအစမွာ႐ုန္းကန္ခဲ့ရေပမယ့္ အခု ဂ်ီ႐ူးဟာ သြင္းဂိုးေတြနဲ႔အတူ ကစားခြင့္ပိုရလာသလို သူဟာ လမ္းပတ္အတြက္ သူ႔ကိုပြဲထုတ္ဖို႔ လြယ္ကူေအာင္ လုပ္ေပးေနတာျဖစ္ၿပီး ဂိုးသြင္းႏိုင္တဲ့ တိုက္စစ္မႉးကို လူစာရင္းကေန ခ်န္လွပ္စရာမရွိဘူးလို႔ မဲေခ်ာ့က ဆိုပါတယ္။
ဒီရာသီ ခ်ယ္ဆီးအသင္းမွာ ေအာင္ျမင္မႈ အမ်ားဆုံးရဖူးတဲ့ ကစားသမားက သီယာဂိုေဆးဗားျဖစ္ၿပီး ၎ရဲ႕ ရည္မွန္းခ်က္က လန္ဒန္မွာ ဆုဖလားေတြ ပိုမိုရယူဖို႔ သာမက အေတြ႕အႀကဳံနည္းပါးတဲ့ လူငယ္ေတြကို ကူညီေပးဖို႔လဲ ျဖစ္ပါတယ္။
ဂ်ီ႐ူးဟာ သူ႔ရဲ႕ ျပင္သစ္အသင္းေဖာ္ ကန္ေတရဲ႕ပုံစံကို ဖြင့္ဟခဲ့ၿပီး ၎ဟာ တိတ္ဆိတ္ေနတတ္ေပမယ့္ ကြင္းထဲမွာ သိပ္ကို လႊမ္းမိုးမႈရွိတဲ့ ကစားပုံနဲ႔အတူ ေခါင္းေဆာင္တစ္ေယာက္လို ဦးေဆာင္ႏိုင္တယ္လို႔ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။
ဒီေယဂို ေကာ္စတာဟာ ေျခေထာက္တြင္းေသြးခဲတဲ့ ေရာဂါေၾကာင့္ အက္သလက္တီကိုမွာ အခ်ိန္အတန္ၾကာ ကစားခြင့္ မရခဲ့ေပမယ့္ အခု ႀကံ့ခိုင္မႈျပန္လည့္ဝလာေနၿပီျဖစ္ၿပီး ခ်ယ္ဆီးနဲ႔ျပန္ေတြ႕ရမယ့္ ခ်န္ပီယံလိဂ္ပြဲအမီွီေတာ့ ပါဝင္ႏိုင္ဖို႔ အခြင့္အေရး ရွိေနပါတယ္။
ဂ်ီ႐ူးဟာ ဝုလ္ဗ္ကို ၂-၁ နဲ႔ ရႈံးခဲ့တဲ့ပြဲအတြင္း ၇၁ မိနစ္မွာ လူစားလဲခံခဲ့ရတဲ့ေနာက္ ပရိသတ္ေတြက ဒဏ္ရာျပႆနာအတြက္ စိုးရိမ္ခဲ့ၾကေပမယ့္ အဲ့ဒါက နည္းဗ်ဴဟာအေျပာင္းအလဲ ေၾကာင့္သာျဖစ္လို႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ျပန္ပါဝင္လာမွာပါ။
လမ္းပတ္မွာ ေတာင္ပံကစားသမား နည္းပါးတဲ့ ျပႆနာကို ႀကဳံေတြ႕ရၿပီးျဖစ္သလို ဇန္နဝါရီမွာ အိုဒြိဳင္းကို အငွားပဲျဖစ္ျဖစ္ အၿပီးသတ္ပဲျဖစ္ျဖစ္ ေခၚယူခ်င္တဲ့ အသင္းေတြရဲ႕ ကမ္းလွမ္းမႈအားလုံးကို ခ်ယ္ဆီးက ျငင္းပယ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ေဒးဗစ္အလာဘာရဲ႕ တစ္ပတ္လုပ္ခက ေပါင္၃သိန္းခြဲရွိၿပီး ဒါဟာ ခ်ယ္ဆီးအသင္းမွာ သိပ္ကိုမ်ားျပားတဲ့ ပမာဏျဖစ္တာေၾကာင့္ သူ႔ကို ေခၚဖို႔ လက္တြန႔္ေနေပမယ့္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္မွာက လမ္းပတ္အတြက္ အလိုရွိစရာ ျဖစ္ႏိုင္ပါတယ္။