ချယ်ဆီး Vs ဝက်စ်ဟမ်း ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ မှာတော့ ချယ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံနေပြီး ဒီဇင်ဘာ ၂၂၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ၊ စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ချယ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲစဉ်နဲ့ ပတ်သတ်ပြီး နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” လမ်းပတ်ရဲ့ ချယ်ဆီးအတွက် ခက်ခဲတဲ့ သီတင်းပတ်တစ်ခု ဖြစ်ပါတယ်။ သူတို့က ကောင်းမွန်တဲ့ ဆုဖလားစိန်ခေါ်မယ့် အသင်း တစ်သင်းဖြစ်ခဲ့ပေမယ့် နှစ်ပွဲဆက် အရေးနိမ့်ခဲ့တာကြောင့် စတမ်းဖိုဒ့်ဘရစ်ရဲ့ ယုံကြည်မှုတွေက လျော့ပါးစရာတွေ ဖြစ်နေပါလိမ့်မယ်။

ဝက်စ်ဟမ်းက ၂ ပွဲဆက် အရေးမနိမ့်ထားဘဲ သူတို့က ဒီရာသီမှာ ရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်အဖြစ် ရှိနေပါတယ်။ ဒီတော့ ဒီပွဲကို အနိုင်ယူလိုတယ်ဆိုရင် ချယ်ဆီးက အတော်လေး ကြိုးစား ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ချယ်ဆီးက နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အိမ်ကွင်းပွဲ ၁၂ ပွဲမှာ ၁၁ ပွဲထိ အရေးမနိမ့်ထားပါဘူး။ စိတ်ဝင်စားစရာက ဝက်စ်ဟမ်းရဲ့ နောက်ဆုံး အမှတ်ပေးပွဲ ၆ ပွဲမှာ ၅ ပွဲကလည်း ဂိုးအများတွေ ဖြစ်ထားတယ်။ ဒီပွဲမှာလည်း ဂိုးတွေ ထပ်မြင်ရမယ်လို့ ထင်ပါတယ်။ ချယ်ဆီးက ရလဒ်ပိုင်း ထိခိုက်နေပေမယ့်လည်း သူတို့ လိုအပ်တဲ့ ရလဒ်ကို ရယူသွားနိုင်မယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 3-1 ဝက်စ်ဟမ်း ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၄ မွာေတာ့ ခ်ယ္ဆီးအသင္းဟာ ၀က္စ္ဟမ္းအသင္းနဲ႕ ေတြ႔ဆံုေနျပီး ဒီဇင္ဘာ ၂၂၊ အဂၤါေန႔၊ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၂း၃၀ နာရီ၊ စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။

ခ်ယ္ဆီးနဲ႕ ၀က္စ္ဟမ္းပြဲစဥ္နဲ႕ ပတ္သတ္ျပီး နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” လမ္းပတ္ရဲ႕ ခ်ယ္ဆီးအတြက္ ခက္ခဲတဲ့ သီတင္းပတ္တစ္ခု ျဖစ္ပါတယ္။ သူတို႔က ေကာင္းမြန္တဲ့ ဆုဖလားစိန္ေခၚမယ့္ အသင္း တစ္သင္းျဖစ္ခဲ့ေပမယ့္ ႏွစ္ပြဲဆက္ အေရးနိမ့္ခဲ့တာေၾကာင့္ စတမ္းဖိုဒ့္ဘရစ္ရဲ႕ ယံုၾကည္မႈေတြက ေလ်ာ့ပါးစရာေတြ ျဖစ္ေနပါလိမ့္မယ္။

ဝက္စ္ဟမ္းက ၂ ပြဲဆက္ အေရးမနိမ့္ထားဘဲ သူတို႔က ဒီရာသီမွာ ရင္ဆိုင္ရခက္ခဲတဲ့ ျပိဳင္ဘက္အျဖစ္ ရွိေနပါတယ္။ ဒီေတာ့ ဒီပြဲကို အႏုိင္ယူလိုတယ္ဆိုရင္ ခ်ယ္ဆီးက အေတာ္ေလး ၾကိဳးစား ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီးက ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ အိမ္ကြင္းပြဲ ၁၂ ပြဲမွာ ၁၁ ပြဲထိ အေရးမနိမ့္ထားပါဘူး။ စိတ္ဝင္စားစရာက ဝက္စ္ဟမ္းရဲ႕ ေနာက္ဆံုး အမွတ္ေပးပြဲ ၆ ပြဲမွာ ၅ ပြဲကလည္း ဂိုးအမ်ားေတြ ျဖစ္ထားတယ္။ ဒီပြဲမွာလည္း ဂိုးေတြ ထပ္ျမင္ရမယ္လို႔ ထင္ပါတယ္။ ခ်ယ္ဆီးက ရလဒ္ပိုင္း ထိခိုက္ေနေပမယ့္လည္း သူတို႔ လိုအပ္တဲ့ ရလဒ္ကို ရယူသြားႏုိင္မယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 3-1 ၀က္စ္ဟမ္း ျဖစ္ပါတယ္။