ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (24/05/20)

အငှား ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် တိုက်စစ်မှူး အစ်ဟာလိုကို ယူနိုက်တက်က အပြီးသတ် ဝယ်ယူဖို့ အချိန်ကြာနေတဲ့ အပေါ် ယူနိုက်တက် ကွင်းလယ်ဟောင်း အိုဝင် ဟားဂရေ့ဗ်က ထောက်ပြလိုက်ပြီး နိုင်ဂျီးရီးယားသားကို အပြီး ခေါ်ထားသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇာလက်တန်ဟာ နာမည်ကျော် NBA စတား မိုက်ကယ် ဂျော်ဒန်လိုပဲ အောင်နိုင်စိတ် အပြည့်နဲ့ ဆုံးဖြတ်ထားတဲ့ အတိုင်း ဖြစ်အောင် လုပ်နိုင်သူလို့ လင်ဂတ်က နှိုင်းယှဉ် ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ အပြိုင် စောင့်ကြည့်နေကြတဲ့ ကွင်းလယ်တိုက်စစ်သမား ဒမ်ဘီလီကို ဘာစီလိုနာက ဒီနွေမှာ ပေါင် ၃၇ သန်းထိ ဈေးချကာ အရှုံးခံ ရောင်းချတော့မှာ ဖြစ်ပါတယ်။

နာပိုလီမှ နာမည်ကျော် ခံစစ်မှူး ကူလီဘိုင်လေကို ခေါ်ယူဖို့ ဥရောပ ထိပ်သီး အသင်းတွေ ဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ အသင်းတို့က လက်လျှော့သွားပြီ ဖြစ်တာကြောင့် ယူနိုက်တက် ထပ်မံကြိုးပမ်းရင် ခေါ်ယူနိုင်ဖို့ အခွင့်ပိုသာလာမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ်ပစ်မှတ် ကစားသမားတွေထဲ ပါဝင်နေတဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်ဟာ ၎င်းကို အလိုရှိတဲ့ ကလပ်အသင်းတွေ အများအပြား ရှိပေမယ့် မန်ချက်စတာယူနိုက်တက်ကိုပဲ ရွေးချယ်လိုနေကြောင်း သိရပါတယ်။

မန်စီးတီးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်သာ အယူခံ မအောင်ဘဲ အတည် ဖြစ်သွားရင် မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရလာနိုင်ပြီး အပြောင်းအရွှေ့ အသုံးစရိတ်မှာလည်း ပေါင် သန်း ၅၀ လောက် ပိုရဖို့ ရှိနေပါတယ်။ ဒါဆိုရင် ယူနိုက်တက် အနေနဲ့ ဆန်ချိုကဲ့သို့ တန်ကြေးမြင့် ကစားသမားများ ခေါ်ယူဖို့ ပိုအဆင်ပြေသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝပ်က ပြောင်းရွှေ့ကြေးမြင့်မြင့် ခေါ်ယူမှုတွေ မြင်ရဖို့ နည်းမယ်လို့ ဆိုထားသည့်တိုင် နည်းပြ ဆိုးရှားကတော့ ဒီနွေမှာ ယူနိုက်တက် ကစားသမားခေါ်ယူဖို့ လှုပ်ရှားမှုတွေနဲ့ အလုပ်များမယ်လို့ သတင်းကောင်း ပါးလိုက်ပါတယ်။

Zawgyi – အငွား ကုန္ဆံုးေတာ့မွာ ျဖစ္ေပမယ့္ တိုက္စစ္မွဴး အစ္ဟာလိုကို ယူနိုက္တက္က အျပီးသတ္ ၀ယ္ယူဖို႔ အခ်ိန္ၾကာေနတဲ့ အေပၚ ယူနိုက္တက္ ကြင္းလယ္ေဟာင္း အို၀င္ ဟားဂေရ႕ဗ္က ေထာက္ျပလိုက္ျပီး နိုင္ဂ်ီးရီးယားသားကို အျပီး ေခၚထားသင့္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဇာလက္တန္ဟာ နာမည္ေက်ာ္ NBA စတား မိုက္ကယ္ ေဂ်ာ္ဒန္လိုပဲ ေအာင္နုိင္စိတ္ အျပည့္နဲ႕ ဆံုးျဖတ္ထားတဲ့ အတိုင္း ျဖစ္ေအာင္ လုပ္နုိင္သူလို႔ လင္ဂတ္က နိႈင္းယွဥ္ ခ်ီးက်ဴးလိုက္ပါတယ္။

ယူနိုက္တက္နဲ႕ အာဆင္နယ္တို႔ အျပိဳင္ ေစာင့္ၾကည့္ေနၾကတဲ့ ကြင္းလယ္တိုက္စစ္သမား ဒမ္ဘီလီကို ဘာစီလိုနာက ဒီေႏြမွာ ေပါင္ ၃၇ သန္းထိ ေစ်းခ်ကာ အရွံဳးခံ ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

နာပိုလီမွ နာမည္ေက်ာ္ ခံစစ္မွဴး ကူလီိဘိုင္ေလကို ေခၚယူဖို႔ ဥေရာပ ထိပ္သီး အသင္းေတြ ျဖစ္တဲ့ ရီးရဲလ္၊ ဘာစီလိုနာနဲ႕ ပီအက္စ္ဂ်ီ အသင္းတို႔က လက္ေလွ်ာ့သြားျပီ ျဖစ္တာေၾကာင့္ ယူနိုက္တက္ ထပ္မံၾကိဳးပမ္းရင္ ေခၚယူနိုင္ဖို႔ အခြင့္ပိုသာလာမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ ကြင္းလယ္ပစ္မွတ္ ကစားသမားေတြထဲ ပါ၀င္ေနတဲ့ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ခ်္ဟာ ၄င္းကို အလိုရွိတဲ့ ကလပ္အသင္းေတြ အမ်ားအျပား ရွိေပမယ့္ မန္ခ်က္စတာယူနိုက္တက္ကိုပဲ ေရြးခ်ယ္လိုေနေၾကာင္း သိရပါတယ္။

မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ပိတ္ပင္ခံရတဲ့ ျပစ္ဒဏ္သာ အယူခံ မေအာင္ဘဲ အတည္ ျဖစ္သြားရင္ မန္ခ်က္စတာ ယူနိုက္တက္ဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရလာနိုင္ျပီး အေျပာင္းအေရႊ႕ အသံုးစရိတ္မွာလည္း ေပါင္ သန္း ၅၀ ေလာက္ ပိုရဖို႔ ရွိေနပါတယ္။ ဒါဆိုရင္ ယူနုိက္တက္ အေနနဲ႕ ဆန္ခ်ိဳကဲ့သို႔ တန္ေၾကးျမင့္ ကစားသမားမ်ား ေခၚယူဖို႔ ပိုအဆင္ေျပသြားမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ အၾကီးအကဲ အက္၀ုဒ္၀ပ္က ေျပာင္းေရႊ႕ေၾကးျမင့္ျမင့္ ေခၚယူမႈေတြ ျမင္ရဖို႔ နည္းမယ္လို႔ ဆိုထားသည့္တိုင္ နည္းျပ ဆိုးရွားကေတာ့ ဒီေႏြမွာ ယူနိုက္တက္ ကစားသမားေခၚယူဖို႔ လႈပ္ရွားမႈေတြနဲ႕ အလုပ္မ်ားမယ္လို႔ သတင္းေကာင္း ပါးလိုက္ပါတယ္။