ကိုရိုနာ ရိုက်ခတ်မှုနဲ့ ၇ သင်း စောင့်ကြည့်နေရပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးသတင်းများ

အဂၤလန္မွာ ပရီးမီးယားလိဂ္ အပါအ၀င္ ေအဖ္ေအဖလားပြဲ၊ အမွတ္ေပးလိဂ္ျပိဳင္ပြဲ အားလံုးကို ဧျပီ ၃ ရက္ေန႔ထိ ရပ္နားလိုက္ျပီ ျဖစ္ေၾကာင္း အတည္ျပဳ ေၾကျငာခ်က္ ထြက္သြားျပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ ကိုရိုနာဗိုင္းရပ္စ္ ရွိသူ၊ သံသယရွိသူမ်ား ရွိတာေၾကာင့္ သီးျခား ခြဲေနထိုင္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနရတဲ့ အသင္းေပါင္ ၇ သင္းထိ ရွိသြားျပီ ျဖစ္ပါတယ္။ ထိုအသင္းေတြကေတာ့ အာဆင္နယ္၊ ခ်ယ္ဆီး၊ မန္စီးတီး၊ အဲဗာတန္၊ ဘုန္းေမာက္၊ လက္စတာ၊ ၀က္ဖို႔ဒ္ အသင္းတို႔ ျဖစ္ပါတယ္။

ယေန႔ ျပဳလုပ္တဲ့ ပရီးမီးယားလိဂ္ အေရးေပၚ အစည္းအေ၀းမွာ လက္ရွိ ေဘာလံုးရာသီကို ပယ္ဖ်က္လိုတဲ့ ကလပ္အသင္း အခ်ိဳ႕ ရွိခဲ့ေပမယ့္ မဲ အနည္းအမ်ားအရ ေရႊ႕ဆိုင္းဖို႔သာ အတည္ျပဳျဖစ္ခဲ့တာပါ။

ဧျပီလ ၃ ရက္ေန႔ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္ခြင့္ရွိရင္ လီဗာပူးဟာ ဧျပီလ ၅ ရက္ေန႔ အီသီဟန္မွာ မန္စီးတီးနဲ႔ အမွတ္ေပးပြဲ ကစားရပါမယ္။ အဆိုပါပြဲကို အႏုိင္ရမယ္ဆိုရင္ လက္က်န္ပြဲေတြကို ယွဥ္ျပိဳင္စရာ မလိုပဲ ဒီရာသီ ခ်န္ပီယံ ျဖစ္လာမယ္လို႔ သိရပါတယ္။

ဥေရာပမွာေတာ့ ေနာက္တစ္ပတ္ ကစားမယ့္ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ေတြကိုလည္း ေရႊ႕ဆိုင္းထားေၾကာင္း ယူအီးအက္ဖ္ေအက ေၾကျငာသြားခဲ့ပါတယ္။

ညက LASK နဲ႕ ပြဲမွာ ဂိုးသြင္းခဲ့တဲ့ ေမဆန္ဂရင္း၀ုဒ္က ဒီရာသီမွာ ယူနိုက္တက္ အတြက္ ဥေရာပ သြင္းဂိုး ၅ ဂိုး ရွိသြားျပီ ျဖစ္ျပီး ထိုသို႔ တစ္ရာသီတည္း ဥေရာပဂိုး ၅ဂိုးထိ သြင္းနိုင္တဲ့ ပထမဆံုး ယူနုိက္တက္ ဆယ္ေက်ာ္သက္ ကစားသမားလည္း ျဖစ္လာပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမား အိုဒြိဳင္းက တြစ္တာမွ တဆင့္ ၄င္း လက္ရွိ အေျခအေနေကာင္းမြန္ေၾကာင္းနဲ႕ ဗိုင္းရပ္စ္ ကူးစက္မႈကေန သက္သာလာေနျပီ ျဖစ္တယ္လို႔ အသိေပး နႈတ္ဆက္စကား ဆိုခဲ့ပါတယ္။

လတ္တေလာ အေျခအေနမ်ားေၾကာင့္ မတ္လ ၂၈ ရက္ေန႔ လီဗာပူး ဂႏၱဝင္အသင္းနဲ႔ ဘာစီလိုနာ ဂႏၱဝင္အသင္းတို႔ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ရန္ပံုေငြပြဲကို ဖ်က္သိမ္းလုိက္ျပီ ျဖစ္ပါတယ္။

Unicode – အင်္ဂလန်မှာ ပရီးမီးယားလိဂ် အပါအဝင် အေဖ်အေဖလားပွဲ၊ အမှတ်ပေးလိဂ်ပြိုင်ပွဲ အားလုံးကို ဧပြီ ၃ ရက်နေ့ထိ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာချက် ထွက်သွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိသူ၊ သံသယရှိသူများ ရှိတာကြောင့် သီးခြား ခွဲနေထိုင် စောင့်ကြည့်မှုတွေ ပြုလုပ်နေရတဲ့ အသင်းပေါင် ၇ သင်းထိ ရှိသွားပြီ ဖြစ်ပါတယ်။ ထိုအသင်းတွေကတော့ အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီး၊ အဲဗာတန်၊ ဘုန်းမောက်၊ လက်စတာ၊ ဝက်ဖို့ဒ် အသင်းတို့ ဖြစ်ပါတယ်။

ယနေ့ ပြုလုပ်တဲ့ ပရီးမီးယားလိဂ် အရေးပေါ် အစည်းအဝေးမှာ လက်ရှိ ဘောလုံးရာသီကို ပယ်ဖျက်လိုတဲ့ ကလပ်အသင်း အချို့ ရှိခဲ့ပေမယ့် မဲ အနည်းအများအရ ရွှေ့ဆိုင်းဖို့သာ အတည်ပြုဖြစ်ခဲ့တာပါ။

ဧပြီလ ၃ ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်ခွင့်ရှိရင် လီဗာပူးဟာ ဧပြီလ ၅ ရက်နေ့ အီသီဟန်မှာ မန်စီးတီးနဲ့ အမှတ်ပေးပွဲ ကစားရပါမယ်။ အဆိုပါပွဲကို အနိုင်ရမယ်ဆိုရင် လက်ကျန်ပွဲတွေကို ယှဉ်ပြိုင်စရာ မလိုပဲ ဒီရာသီ ချန်ပီယံ ဖြစ်လာမယ်လို့ သိရပါတယ်။

ဥရောပမှာတော့ နောက်တစ်ပတ် ကစားမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားကြောင်း ယူအီးအက်ဖ်အေက ကြေငြာသွားခဲ့ပါတယ်။

ညက LASK နဲ့ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မေဆန်ဂရင်းဝုဒ်က ဒီရာသီမှာ ယူနိုက်တက် အတွက် ဥရောပ သွင်းဂိုး ၅ ဂိုး ရှိသွားပြီ ဖြစ်ပြီး ထိုသို့ တစ်ရာသီတည်း ဥရောပဂိုး ၅ဂိုးထိ သွင်းနိုင်တဲ့ ပထမဆုံး ယူနိုက်တက် ဆယ်ကျော်သက် ကစားသမားလည်း ဖြစ်လာပါတယ်။

ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းက တွစ်တာမှ တဆင့် ၎င်း လက်ရှိ အခြေအနေကောင်းမွန်ကြောင်းနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကနေ သက်သာလာနေပြီ ဖြစ်တယ်လို့ အသိပေး နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

လတ်တလော အခြေအနေများကြောင့် မတ်လ ၂၈ ရက်နေ့ လီဗာပူး ဂန္တဝင်အသင်းနဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းတို့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ရန်ပုံငွေပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။