ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (18/12/20)

ယူနိုက်တက်တို့ စိတ်လှုပ်ရှားစရာ ကစားပုံတွေကို ပြန်ရှာတွေ့ခဲ့တဲ့နောက် ဒီနှစ် အမှတ်ပေးဖလား အောင်မြင်နိုင်တယ်ဆိုတဲ့ ပေါလ်စခိုးရဲ့ စကားကို အိုဝင်က ထောက်ခံခဲ့ပေမယ့် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို အတူတွဲကစားခိုင်းမှရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရင် ယူနိုက်တက် အတွက် အင်အားဖြည့်တင်းမှုကောင်း ဖြစ်လိမ့်မယ်လို့ အလန်စမစ်က သုံးသပ် တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဘရန်ဒန် ဝီလီယံကို အငှားနဲ့ ခေါ်ယူလိုတဲ့ အသင်းတွေထဲ ဘိုင်ယန် လီဗာကူဆင် အသင်းလည်း ပါဝင်လာပါတယ်။

ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုတွေ ချီးမြှင့်တဲ့ ပွဲမှာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို ကလေးသူငယ်တွေနဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးကာ လူမှုရေးတွေ ဆောင်ရွက်ခဲ့တဲ့ အပေါ် ဂုဏ်ပြုတဲ့ အနေနဲ့ ဖီဖာ ဖောင်ဒေးရှင်း ဆု ကို ချီးမြှင့်ခဲ့ပါတယ်။

ဒီတစ်ပတ် လိဒ်ယူနိုက်တက်နဲ့ ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီရာသီ အမှတ်ပေးဖလား ယူဖို့ ဘယ်လောက် မာကျောမှု ရှိသလဲ စမ်းသပ်မယ့် စိန်ခေါ်မှု တစ်ခု ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနက သုံးသပ်ထားပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ လောလောဆယ် အားလုံး ဝိုင်း စောင့်ကြည့်ခံနေရတဲ့ အနေအထား ရှိနေပြီး လက်ရှိ ရာထူးကို ဆက်ထိန်းထားဖို့ ဆိုရင် ဆုဖလားတွေ အတွက် ပြိုင်ဆိုင်နိုင်မှ ဖြစ်မယ်လို့ ယူနိုက်တက် နည်းပြအဖွဲ့ဝင်ဟောင်း မူလန်စတီးက ထောက်ပြသွားခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္တို႔ စိတ္လႈပ္ရွားစရာ ကစားပုံေတြကို ျပန္ရွာေတြ႕ခဲ့တဲ့ေနာက္ ဒီႏွစ္ အမွတ္ေပးဖလား ေအာင္ျမင္ႏိုင္တယ္ဆိုတဲ့ ေပါလ္စခိုးရဲ႕ စကားကို အိုဝင္က ေထာက္ခံခဲ့ေပမယ့္ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကို အတူတြဲကစားခိုင္းမွရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

၀က္စ္ဟမ္း ကြင္းလယ္ ကစားသမား ဒီကလန္ရိုက္စ္ကို ေခၚယူနိုင္ရင္ ယူနိုက္တက္ အတြက္ အင္အားျဖည့္တင္းမႈေကာင္း ျဖစ္လိမ့္မယ္လို႔ အလန္စမစ္က သံုးသပ္ တိုက္တြန္းလိုက္ပါတယ္။
ယူနိုက္တက္ လူငယ္ကစားသမား ဘရန္ဒန္ ၀ီလီယံကို အငွားနဲ႕ ေခၚယူလိုတဲ့ အသင္းေတြထဲ ဘိုင္ယန္ လီဗာကူဆင္ အသင္းလည္း ပါ၀င္လာပါတယ္။

ဖီဖာရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ဆုေတြ ခ်ီးျမွင့္တဲ့ ပြဲမွာ ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ကို ကေလးသူငယ္ေတြနဲ႕ လူသားခ်င္း စာနာတဲ႕ အကူအညီေတြ ေပးကာ လူမႈေရးေတြ ေဆာင္ရြက္ခဲ့တဲ့ အေပၚ ဂုဏ္ျပဳတဲ့ အေနနဲ႕ ဖီဖာ ေဖာင္ေဒးရွင္း ဆု ကို ခ်ီးျမွင့္ခဲ့ပါတယ္။

ဒီတစ္ပတ္ လိဒ္ယူနုိက္တက္နဲ႕ ပြဲဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ ဒီရာသီ အမွတ္ေပးဖလား ယူဖို႔ ဘယ္ေလာက္ မာေက်ာမႈ ရွိသလဲ စမ္းသပ္မယ့္ စိန္ေခၚမႈ တစ္ခု ျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက သံုးသပ္ထားပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ေလာေလာဆယ္ အားလံုး ၀ိုင္း ေစာင့္ၾကည့္ခံေနရတဲ့ အေနအထား ရွိေနျပီး လက္ရွိ ရာထူးကို ဆက္ထိန္းထားဖို႔ ဆိုရင္ ဆုဖလားေတြ အတြက္ ျပိဳင္ဆိုင္နုိင္မွ ျဖစ္မယ္လို႔ ယူနိုက္တက္ နည္းျပအဖြဲ႕၀င္ေဟာင္း မူလန္စတီးက ေထာက္ျပသြားခဲ့ပါတယ္။