ဖီးဂျုံးစ်ဟာ ရာသီအစမှာ ဆိုးရှားရဲ့ ၂၅ယောက် လူစားရင်းထဲကနေ ချန်လှပ်ခံခဲ့ရတဲ့နောက် အသင်းပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေသလို ဝက်စ်ဘရွန်းနဲ့ ဒါဘီတို့က သူ့ကို ဇန်နဝါရီမှာ အငှားခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
မော်ရင်ညိုနဲ့ လမ်းပတ်တို့က သူတို့အသင်းရဲ့ ဆုဖလားအောင်မြင်နိုင်ခြေကို လျှောချ ပြောဆိုခဲ့ပေမယ့် ဆိုးရှားကတော့ လီဗာပူးရဲ့ ဖလားကိုစိန်ခေါ်ဖို့ စိတ်အားထက်သန်နေပြီး ယူနိုက်တက်က ဖလားပြိုင်ပွဲထဲပါမှာ ပါဝင်ဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေရာသီမှာ ဒန်နီရယ်ဂျိမ်းစ်အတွက် ဘရိုက်တန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့် ဒီရာသီမှာ ၃ ပွဲသာ ပေးကစားခဲ့တဲ့နောက် ဂရေဟမ်ပေါ်တာက ဇန်နဝါရီမှာ သူ့ကို အငှားခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပါတယ်။
ယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ်ကတော့ လက်ရှိ ယူနိုက်တက်ဟာ ပွဲထဲမှာ ခံစစ် ၁၀ ယောက် ခံ ကစားပြီး ကောင်တာ တိုက်စစ်နဲ့ ထိုးဖောက်ဖို့သာ စောင့်နေရတယ်လို့ ဆိုးရှားရဲ့ နည်းစနစ် အခင်းအကျင်း အကြောင်း ပြောဆို ဝေဖန်သွားခဲ့ပါတယ်။
မေဂျာလိဂ်ကလပ် အင်တာမီယာမီ အသင်းဟာ ယူနိုက်တက် အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ရိုမဲရိုးရဲ့ တစ်ပတ် လုပ်ခ ပေါင် တစ်သိန်း လစာကတော့ မီယာမီအသင်းအတွက် အခက်တွေ့ဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ လျှော့တွက်ခံနေရတဲ့ ဖျက်မြင်းတစ်ကောင်လို့ ထင်နေကြပေမယ့် လီဗာပူးနဲ့ စပါးတို့ကို ယှဉ်ကာ ဖလား စိန်ခေါ်လာနိုင်ကြောင်း ဘာဘာတော့ဗ်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။
Zawgyi – ဖီးဂ်ဳံးစ္ဟာ ရာသီအစမွာ ဆိုးရွားရဲ႕ ၂၅ေယာက္ လူစားရင္းထဲကေန ခ်န္လွပ္ခံခဲ့ရတဲ့ေနာက္ အသင္းေျပာင္းေ႐ႊ႕ဖို႔ အဆင္သင့္ ျဖစ္ေနသလို ဝက္စ္ဘ႐ြန္းနဲ႔ ဒါဘီတို႔က သူ႔ကို ဇန္နဝါရီမွာ အငွားေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
ေမာ္ရင္ညိဳနဲ႔ လမ္းပတ္တို႔က သူတို႔အသင္းရဲ႕ ဆုဖလားေအာင္ျမင္ႏိုင္ေျခကို ေလွ်ာခ် ေျပာဆိုခဲ့ေပမယ့္ ဆိုးရွားကေတာ့ လီဗာပူးရဲ႕ ဖလားကိုစိန္ေခၚဖို႔ စိတ္အားထက္သန္ေနၿပီး ယူႏိုက္တက္က ဖလားၿပိဳင္ပြဲထဲပါမွာ ပါဝင္ဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီမွာ ဒန္နီရယ္ဂ်ိမ္းစ္အတြက္ ဘ႐ိုက္တန္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေပမယ့္ ဒီရာသီမွာ ၃ ပြဲသာ ေပးကစားခဲ့တဲ့ေနာက္ ဂေရဟမ္ေပၚတာက ဇန္နဝါရီမွာ သူ႔ကို အငွားေခၚယူႏိုင္ဖို႔ ယုံၾကည္မႈရွိေနပါတယ္။
ယူနိုက္တက္ နည္းျပေဟာင္း ဗန္ဟားလ္ကေတာ့ လက္ရွိ ယူနိုက္တက္ဟာ ပြဲထဲမွာ ခံစစ္ ၁၀ ေယာက္ ခံ ကစားျပီး ေကာင္တာ တိုက္စစ္နဲ႕ ထိုးေဖာက္ဖို႔သာ ေစာင့္ေနရတယ္လို႔ ဆိုးရွားရဲ႕ နည္းစနစ္ အခင္းအက်င္း အေၾကာင္း ေျပာဆို ေ၀ဖန္သြားခဲ့ပါတယ္။
ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီ အသင္းဟာ ယူနုိက္တက္ အရန္ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုး ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ ဒါေပမယ့္ ရိုမဲရိုးရဲ႕ တစ္ပတ္ လုပ္ခ ေပါင္ တစ္သိန္း လစာကေတာ့ မီယာမီအသင္းအတြက္ အခက္ေတြ႕ဖြယ္ ရွိေနပါတယ္။
မန္ခ်က္စတာ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္မွာ ေလွ်ာ့တြက္ခံေနရတဲ့ ဖ်က္ျမင္းတစ္ေကာင္လုိ႔ ထင္ေနၾကေပမယ့္ လီဗာပူးနဲ႕ စပါးတို႔ကို ယွဥ္ကာ ဖလား စိန္ေခၚလာနုိင္ေၾကာင္း ဘာဘာေတာ့ဗ္က ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။