ယနေ့နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (21/12/20)

ဝက်စ်ဘရွန်းရဲ့နည်းပြသစ် ဆမ်အလာဒိုက်စ်ဟာ ပရီးမီးယားလိဂ်မှာ ၁၁ယောက်မြောက် ဗြိတိန်နည်းပြဖြစ်လာခဲ့သလို အင်္ဂလန်သားတွေ ပြန်လည်ရှင်သန်လာတာက အနာဂတ် နည်းပြမျိုးဆက်အတွက် အားတက်စရာဖြစ်စေလိမ့်မယ်လို့ လမ်းပတ်က ဆိုပါတယ်။

ချယ်ဆီးရဲ့အမေ့ခံတောင်ပံကစားသမား မူဆွန်ဒါဟာ ဒူးဒဏ်ရာနဲ့ တစ်နှစ်ကျော် နားခဲ့ရတဲ့နောက် အခု ကော့ဘမ်းမှာ လေ့ကျင့်ရေးပြန်ဆင်းနိုင်နေပြီဖြစ်ပြီး စာချုပ် ၁၈လ ကျန်သေးသလို အသင်းကြီးနဲ့ပြန်ပူးပေါင်းမှာဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီးလူငယ်ကြယ်ပွင့် ဘီလီဂေလ်မာက သူ့အနေနဲ့ ၁၆နှစ် ပြည့်ပြီးနောက် ရိန်းဂျားစ်ကနေ လန်ဒန်ကို ထွက်ခွာလာခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ဝန်ခံခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာရှိနေတဲ့ မိနစ်တိုင်းကို သဘောကျခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

သီယာဂိုဆေးဗားနဲ့ ကတ်ဇူးမားတို့ရဲ့နောက် နေရာပျောက်ခဲ့တဲ့ ရူဒီဂါဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာဖြစ်သလို သူ့ရဲ့ လက်ရှိအခြေအနေကို ကျေနပ်မှု မရှိပေမယ့် ဇန်နဝါရီအထိ နေရာရဖို့ ဆက်လက် တိုက်ပွဲဝင်ဦးမှာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဂျီရူးဟာ စာချုပ်၆လသာ ကျန်ရှိတော့တာဖြစ်ပြီး ချယ်ဆီးအနေနဲ့ ပုံစံကောင်း ပြန်ရလာတဲ့ တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ အသည်းအသန်ဖြစ်မနေဖို့ ကစားသမားက အပြောင်းအရွှေ့တောင်းဆိုရင်တော့ ထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ရိစ်ဂျိမ်းစ်ဟာ ဒူးဒဏ်ရာ အနာတိုးလာမှုကြောင့် လေ့ကျင့်ရေးကနေ ထွက်ခွာခဲ့ရတဲ့နောက် ကလပ်က သူ့ဒဏ်ရာ အခြေအနေ အတွက် စိုးရိမ်နေသလို ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်ရမှာဖြစ်ပြီး သူ့နေရာမှာ အက်ဇ်ပီလီကွီတာက အစားထိုးပေးရမှာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် အတွေ့အကြုံပိုရှိတဲ့ကလပ်တွေက ချယ်ဆီးရဲ့ အရှေ့မှာရှိနေတာဖြစ်သလို အခုမှ ခရီးအစကို လျှောက်နေတဲ့ ချယ်ဆီးအတွက် အောင်မြင်မှုရဖို့ အချိန်ပေးဖို့လိုလိမ့်မယ်လို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ဟာ အေးဂျင့်အပြောင်းအလဲဖြစ်ခဲ့ပြီး ၎င်းရဲ့ ကိုယ်စားလှယ်အသစ်ဟာ ချယ်ဆီး ပရိသတ် တစ်ယောက် ဖြစ်တာကြောင့် ဝက်စ်ဟမ်း ကွင်းလယ်လူကို ဇန်နဝါရီမှာခေါ်ယူဖို့ စီစဉ်ထားတဲ့ ချယ်ဆီးအတွက် အပြောင်းအရွှေ့အောင်မြင်ဖို့ အားသာချက် ရှိလာပါတယ်။

Zawgyi – ဝက္စ္ဘ႐ြန္းရဲ႕နည္းျပသစ္ ဆမ္အလာဒိုက္စ္ဟာ ပရီးမီးယားလိဂ္မွာ ၁၁ေယာက္ေျမာက္ ၿဗိတိန္နည္းျပ ျဖစ္လာခဲ့သလို အဂၤလန္သားေတြ ျပန္လည္ရွင္သန္လာတာက အနာဂတ္ နည္းျပမ်ိဳးဆက္အတြက္ အားတက္စရာျဖစ္ေစလိမ့္မယ္လို႔ လမ္းပတ္က ဆိုပါတယ္။

ခ်ယ္ဆီးရဲ႕အေမ့ခံေတာင္ပံကစားသမား မူဆြန္ဒါဟာ ဒူးဒဏ္ရာနဲ႔ တစ္ႏွစ္ေက်ာ္ နားခဲ့ရတဲ့ေနာက္ အခု ေကာ့ဘမ္းမွာ ေလ့က်င့္ေရးျပန္ဆင္းႏိုင္ေနၿပီျဖစ္ၿပီး စာခ်ဳပ္ ၁၈လ က်န္ေသးသလို အသင္းႀကီးနဲ႔ျပန္ပူးေပါင္းမွာျဖစ္တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးလူငယ္ၾကယ္ပြင့္ ဘီလီေဂလ္မာက သူ႔အေနနဲ႔ ၁၆ႏွစ္ ျပည့္ၿပီးေနာက္ ရိန္းဂ်ားစ္ကေန လန္ဒန္ကို ထြက္ခြာလာခဲ့တဲ့အေပၚ ေနာင္တမရဘူးလို႔ ဝန္ခံခဲ့ၿပီး စတန္းဖို႔ဒ္ဘရစ္ခ္်မွာရွိေနတဲ့ မိနစ္တိုင္းကို သေဘာက်ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

သီယာဂိုေဆးဗားနဲ႔ ကတ္ဇူးမားတို႔ရဲ႕ေနာက္ ေနရာေပ်ာက္ခဲ့တဲ့ ႐ူဒီဂါဟာ အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတာျဖစ္သလို သူ႔ရဲ႕ လက္ရွိအေျခအေနကို ေက်နပ္မႈ မရွိေပမယ့္ ဇန္နဝါရီအထိ ေနရာရဖို႔ ဆက္လက္ တိုက္ပြဲဝင္ဦးမွာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ဂ်ီ႐ူးဟာ စာခ်ဳပ္၆လသာ က်န္ရွိေတာ့တာျဖစ္ၿပီး ခ်ယ္ဆီးအေနနဲ႔ ပုံစံေကာင္း ျပန္ရလာတဲ့ တိုက္စစ္မႉးကို ေရာင္းထုတ္ဖို႔ အသည္းအသန္ျဖစ္မေနဖို႔ ကစားသမားက အေျပာင္းအေ႐ႊ႕ေတာင္းဆိုရင္ေတာ့ ထြက္ခြာခြင့္ေပးမွာျဖစ္တယ္လို႔သိရပါတယ္။

ရိစ္ဂ်ိမ္းစ္ဟာ ဒူးဒဏ္ရာ အနာတိုးလာမႈေၾကာင့္ ေလ့က်င့္ေရးကေန ထြက္ခြာခဲ့ရတဲ့ေနာက္ ကလပ္က သူ႔ဒဏ္ရာ အေျခအေန အတြက္ စိုးရိမ္ေနသလို ဝက္စ္ဟမ္းနဲ႔ပြဲကို လြဲေခ်ာ္ရမွာျဖစ္ၿပီး သူ႔ေနရာမွာ အက္ဇ္ပီလီကြီတာက အစားထိုးေပးရမွာပါ။

ဒီရာသီ ပရီးမီးယားလိဂ္ဖလားအတြက္ အေတြ႕အႀကဳံပိုရွိတဲ့ကလပ္ေတြက ခ်ယ္ဆီးရဲ႕ အေရွ႕မွာရွိေနတာျဖစ္သလို အခုမွ ခရီးအစကို ေလွ်ာက္ေနတဲ့ ခ်ယ္ဆီးအတြက္ ေအာင္ျမင္မႈရဖို႔ အခ်ိန္ေပးဖို႔လိုလိမ့္မယ္လို႔ လမ္းပတ္က ဝန္ခံခဲ့ပါတယ္။

ဒီကလန္႐ိုက္စ္ဟာ ေအးဂ်င့္အေျပာင္းအလဲျဖစ္ခဲ့ၿပီး ၎ရဲ႕ ကိုယ္စားလွယ္အသစ္ဟာ ခ်ယ္ဆီး ပရိသတ္ တစ္ေယာက္ ျဖစ္တာေၾကာင့္ ဝက္စ္ဟမ္း ကြင္းလယ္လူကို ဇန္နဝါရီမွာေခၚယူဖို႔ စီစဥ္ထားတဲ့ ခ်ယ္ဆီးအတြက္ အေျပာင္းအေ႐ႊ႕ေအာင္ျမင္ဖို႔ အားသာခ်က္ ရွိလာပါတယ္။