ယူနိုက်တက်ဟာ လိဒ်စ်ကို ၆-၂ နဲ့ အနိုင်ရရှိကာ တစ်ပွဲလျော့နဲ့ အမှတ်ပေးဇယား အဆင့် ၃ ကို တက်နိုင်ခဲ့သလို သူတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အောင်မြင်ဖို့ အခွင့်အရေးရှိလာပြီး လီဗာပူးကို ခက်ခဲစေမှာဖြစ်တယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။
လိဒ်စ်နဲ့ပွဲမှာ တော်မီနေးဟာ ပွဲအစ ၆၇ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်တစ်မိနစ်အတွင်း ဒုတိယဂိုး ထပ်မံရရှိခဲ့သလို ၎င်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဉ်ရဲ့ ပထမ၃မိနစ်အတွင်း ၂ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လိဒ်စ်ရဲ့အမှားတွေကြောင့်သာ ဂိုးတွေရရှိခဲ့တာဖြစ်ပြီး မန်စီးတီး၊ ချယ်ဆီးတို့နဲ့ပွဲတွေမှာ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခဲ့တာဖြစ်သလို ဖလားစိန်ခေါ်နိုင်ဖို့ဆိုရင် ဒီထက်ပိုပြီး လုပ်ပြဖို့လိုသေးတယ်လို့ ဂျင်မီဖလွိုက် ဟယ်ဆယ်ဘိန့်က ဆိုပါတယ်။
လုခ်ရှောနဲ့ တော်မီနေးတို့ဟာ မနေ့ကပွဲမှာ ပွဲထွက်ပါဝင်ခဲ့ကြပေမယ့် လုခ်ရှောက ဖျားနာမှုကြောင့် ကောင်းကောင်းမလေ့ကျင့်ခဲ့ရသလို တော်မီနေးကလဲ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ အဲဗာတန်နဲ့ပွဲကို လွဲချော်ရနိုင်ကြောင်း ဆိုးရှားက သတင်းပေးခဲ့ပါတယ်။
လိဒ်စ်ကို ၆-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ် ရှိခဲ့ပြီး ဒါဟာ ဖာဂူဆန်မရှိတော့တဲ့ ၂၀၁၃ နောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ခဲ့သလို ၂၀၁၁ တုန်းက အာဆင်နယ်ကို ၈-၂နဲ့နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တစ်ပွဲထဲ ၆ဂိုးသွင်းနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။
ဒန်နီရယ်ဂျိမ်းစ်ဟာ လွန်ခဲ့တဲ့ ၁၈လက ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး အခု လိဒ်စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ရွိုင်ကိန်းက ချီးကျူးခဲ့ပြီး သရဲနီတွေအတွက် ကစားပေးဖို့က ထင်တာထက် ပိုခက်ခဲတယ်လို့ ဝန်ခံခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ဟာ လိဒ္စ္ကို ၆-၂ နဲ႔ အႏိုင္ရရွိကာ တစ္ပြဲေလ်ာ့နဲ႔ အမွတ္ေပးဇယား အဆင့္ ၃ ကို တက္ႏိုင္ခဲ့သလို သူတို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္ဖို႔ အခြင့္အေရးရွိလာၿပီး လီဗာပူးကို ခက္ခဲေစမွာျဖစ္တယ္လို႔ ႐ြိဳင္ကိန္းက ေျပာဆိုခဲ့ပါတယ္။
လိဒ္စ္နဲ႔ပြဲမွာ ေတာ္မီေနးဟာ ပြဲအစ ၆၇ စကၠန႔္မွာပဲ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေနာက္တစ္မိနစ္အတြင္း ဒုတိယဂိုး ထပ္မံရရွိခဲ့သလို ၎ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ပြဲစဥ္ရဲ႕ ပထမ၃မိနစ္အတြင္း ၂ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ လိဒ္စ္ရဲ႕အမွားေတြေၾကာင့္သာ ဂိုးေတြရရွိခဲ့တာျဖစ္ၿပီး မန္စီးတီး၊ ခ်ယ္ဆီးတို႔နဲ႔ပြဲေတြမွာ ဘာအခြင့္အေရးမွ မဖန္တီးႏိုင္ခဲ့တာျဖစ္သလို ဖလားစိန္ေခၚႏိုင္ဖို႔ဆိုရင္ ဒီထက္ပိုၿပီး လုပ္ျပဖို႔လိုေသးတယ္လို႔ ဂ်င္မီဖလြိဳက္ ဟယ္ဆယ္ဘိန႔္က ဆိုပါတယ္။
လုခ္ေရွာနဲ႔ ေတာ္မီေနးတို႔ဟာ မေန႔ကပြဲမွာ ပြဲထြက္ပါဝင္ခဲ့ၾကေပမယ့္ လုခ္ေရွာက ဖ်ားနာမႈေၾကာင့္ ေကာင္းေကာင္းမေလ့က်င့္ခဲ့ရသလို ေတာ္မီေနးကလဲ ေပါင္ၿခံဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ဗုဒၶဟူးေန႔ အဲဗာတန္နဲ႔ပြဲကို လြဲေခ်ာ္ရႏိုင္ေၾကာင္း ဆိုးရွားက သတင္းေပးခဲ့ပါတယ္။
လိဒ္စ္ကို ၆-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ဟာ ဂိုးေပါက္ကန္သြင္းမႈ ၁၄ ႀကိမ္ ရွိခဲ့ၿပီး ဒါဟာ ဖာဂူဆန္မရွိေတာ့တဲ့ ၂၀၁၃ ေနာက္ပိုင္း အျမင့္ဆုံးအေရအတြက္ျဖစ္ခဲ့သလို ၂၀၁၁ တုန္းက အာဆင္နယ္ကို ၈-၂နဲ႔ႏိုင္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ တစ္ပြဲထဲ ၆ဂိုးသြင္းႏိုင္ခဲ့တာလဲ ျဖစ္ပါတယ္။
ဒန္နီရယ္ဂ်ိမ္းစ္ဟာ လြန္ခဲ့တဲ့ ၁၈လက ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္ပိုင္း ကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အခု လိဒ္စ္နဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ ႐ြိဳင္ကိန္းက ခ်ီးက်ဴးခဲ့ၿပီး သရဲနီေတြအတြက္ ကစားေပးဖို႔က ထင္တာထက္ ပိုခက္ခဲတယ္လို႔ ဝန္ခံခဲ့ပါတယ္။