ယနေ့ နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (21/12/20)

ဝေဖန်မှုတွေနဲ့ ဖိအားအောက် ကျရောက်နေတဲ့ နည်းပြ အာတီတာ ကို အာဆင်နယ် ဘုတ်အဖွဲ့ကတော့ ဆက်လက် ထောက်ခံ အားပေးသွားမှာ ဖြစ်ပြီး ဇန်နဝါရီမှာ ကွင်းလယ်ဖန်တီးရှင် တစ်ယောက် ခေါ်ယူဖို့ ငွေကြေးပါ ထုတ်ပေးသွားဖို့ ရှိနေကြောင်း သိရပါတယ်။

ဂန်းနားတွေဟာ 1974-75 နောက်ပိုင်း အဆိုးဆုံး ပရီးမီးယားလိဂ် ရာသီအစကို ပိုင်ဆိုင်ထားရတာ ဖြစ်ပြီး တန်းဆင်ဇုန်နား မရောက်အောင်ပါ ရုန်းကန်လာရပါတယ်။

ပီပီနဲ့ လာကာဇက် အပါအဝင် အာဆင်နယ် ကစားသမားတွေဟာ အာတီတာကို ချောက်ထဲကျအောင် တမင် လုပ်နေတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟောက ပြောဆိုလိုက်ပါတယ်။

အဲဗာတန်ကို ရှုံးလိုက်တဲ့ ပွဲဟာ နာကျင်ရပေမယ့် အာဆင်နယ် အသင်းသားတွေ စုစုစည်းစည်းနဲ့ ပြန်လည် တုန့်ပြန်ကြဖို့ ဂိုးသမား လီနိုက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေက ရောက်ရှိလာတဲ့ ဝီလီယံဟာ အာဆင်နယ်အတွက် ဘာတစ်ခုမှကို မစွမ်းဆောင်ပေးနိုင်သေးဘူးလို့ စကိုင်းစပေါ့မှ သုံးသပ်သူ ဂျွန် ဟက်ဆန်က ထောက်ပြသွားခဲ့ပါတယ်။ ဝီလီယံဟာ အာဆင်နယ်နဲ့ အတူ ပရီးမီးယားလိဂ် ၁၂ ပွဲ ပါဝင်ကစားပြီးချိန်မှာ ဂိုးပေါက်တည့်တဲ့ ကန်ချက် တစ်ကြိမ်သာ ရှိထားပါတယ်။

Zawgyi – ေ၀ဖန္မႈေတြနဲ႕ ဖိအားေအာက္ က်ေရာက္ေနတဲ့ နည္းျပ အာတီတာ ကို အာဆင္နယ္ ဘုတ္အဖြဲ႕ကေတာ့ ဆက္လက္ ေထာက္ခံ အားေပးသြားမွာ ျဖစ္ျပီး ဇန္န၀ါရီမွာ ကြင္းလယ္ဖန္တီးရွင္ တစ္ေယာက္ ေခၚယူဖို႔ ေငြေၾကးပါ ထုတ္ေပးသြားဖို႔ ရွိေနေၾကာင္း သိရပါတယ္။

ဂန္းနားေတြဟာ 1974-75 ေနာက္ပိုင္း အဆုိးဆံုး ပရီးမီးယားလိဂ္ ရာသီအစကို ပိုင္ဆိုင္ထားရတာ ျဖစ္ျပီး တန္းဆင္ဇုန္နား မေရာက္ေအာင္ပါ ရုန္းကန္လာရပါတယ္။

ပီပီနဲ႕ လာကာဇက္ အပါအ၀င္ အာဆင္နယ္ ကစားသမားေတြဟာ အာတီတာကို ေခ်ာက္ထဲက်ေအာင္ တမင္ လုပ္ေနတယ္လို႔ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အဘြန္လေဟာက ေျပာဆိုလိုက္ပါတယ္။

အဲဗာတန္ကို ရွံဳးလိုက္တဲ့ ပြဲဟာ နာက်င္ရေပမယ့္ အာဆင္နယ္ အသင္းသားေတြ စုစုစည္းစည္းနဲ႕ ျပန္လည္ တုန္႔ျပန္ၾကဖို႔ ဂိုးသမား လီနိုက တိုက္တြန္းလိုက္ပါတယ္။

ျပီးခဲ့တဲ့ေႏြက ေရာက္ရွိလာတဲ့ ၀ီလီယံဟာ အာဆင္နယ္အတြက္ ဘာတစ္ခုမွကို မစြမ္းေဆာင္ေပးနုိင္ေသးဘူးလို႔ စကိုင္းစေပါ့မွ သံုးသပ္သူ ဂၽြန္ ဟက္ဆန္က ေထာက္ျပသြားခဲ့ပါတယ္။ ၀ီလီယံဟာ အာဆင္နယ္နဲ႕ အတူ ပရီးမီးယားလိဂ္ ၁၂ ပြဲ ပါ၀င္ကစားျပီးခ်ိန္မွာ ဂိုးေပါက္တည့္တဲ့ ကန္ခ်က္ တစ္ၾကိမ္သာ ရွိထားပါတယ္။