ချယ်ဆီးမှာတည်းက ရီးရဲလ်အတွက် ကစားနိုင်ဖို့ အိပ်မက်မက်ခဲ့ကြတဲ့ ဟာဇက်နဲ့ ကော်တွိုက်စ်

UNICODE – ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တွိုက်စ်က သူနဲ့ အသင်းဖော် ဟာဇက်တို့ဟာ ချယ်ဆီးမှာတည်းက မက်ဒရစ်ကလပ်အတွက် ကစားပေးဖို့ အိပ်မက်မက်ခဲ့ကြတာပါလို့ ထုတ်ပြောလိုက်ပါတယ်။

ချယ်ဆီးအသင်း အဝတ်လဲခန်းမှာ အတူရှိနေစဉ်ကတည်းက တစ်ရက်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ ဘယ်လိုတွေ ပြောခဲ့ကြသလဲဆိုတာကို စပိန်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်တယ်။ ကော်တွိုက်စ်က မက်ဒရစ်ကို အရင်ဆုံး ရောက်ရှိခဲ့ပြီး ဟာဇက်ကတော့ ဒီရာသီစကမှ ချယ်ဆီးကနေ ပြောင်းရွှေ့သွားခြင်း ဖြစ်ပါတယ်။

ကော်တွိုက်စ်က ပြောရာမှာ ” ချယ်ဆီး အဝတ်လဲခန်းထဲမှာတည်းက ကျနေ်ာတို့ဟာ မက်ဒရစ်မှာ ကစားခွင့်ဆိုတာအတွက် စကားတွေ ပြောခဲ့ကြတာပါ။ အဲ့တုန်းကတော့ အိမ်ဖြူတော် အိမ်ဖြူတော်ဆိုပြီး ကျနေ်ာတို့ ပြောခဲ့ကြတာပေါ့။

ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ဆိုပြီး မှန်းမျှော်ခဲ့ရတာတွေက အရမ်းကောင်းခဲ့တာပေါ့ဗျာ။ အခုတော့ ကျနေ်ာတို့တွေ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားတွေ အနိုင်ရဖို့ ပိုမို စိတ်အားထက်သန်နေပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၈ ခုနှစ်မှာ ကော်တွိုက်စ်ဟာ ချယ်ဆီးအသင်းကို ဆန့်ကျင်မှုတွေ ပြုလုပ်ကာ လာလီဂါဘက်ကို ခုန်ကူးခဲ့တာဖြစ်တယ်။ ထိုစဉ်တည်းက သူ့ထံကနေ ချယ်ဆီးအသင်းနဲ့ ပက်သက်လို့ အကောင်းမြင်မှုတွေ မရှိခဲ့တာကြောင့် အခုလို စကားမျိုး ထပ်ပြောလာတာလည်း မဆန်းလှပါဘူး။

ဟာဇက်ကတော့ ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားဖြစ်ကာ အသင်းဟောင်းနဲ့ ပက်သက်ပြီး သိပ်ပြောလေ့ မရှိသလို အကောင်းမြင်နိုင်စရာ စကားတွေကိုပဲ ပြောဆိုလေ့ ရှိခဲ့တာဖြစ်တယ်။ တစ်ရက်မှာ သူတို့နှစ်ဦး ချယ်ဆီးကို ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ပရိသတ်တွေရဲ့ တုန့်ပြန်မှုက ဘယ်လိုဖြစ်မလဲ မြင်ကြရပါလိမ့်မယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္ ဂိုးသမား ေကာ္တိြဳက္စ္က သူနဲ႔ အသင္းေဖာ္ ဟာဇက္တို႔ဟာ ခ်ယ္ဆီးမွာတည္းက မက္ဒရစ္ကလပ္အတြက္ ကစားေပးဖို႔ အိပ္မက္မက္ခဲ့ၾကတာပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

ခ်ယ္ဆီးအသင္း အဝတ္လဲခန္းမွာ အတူရွိေနစဥ္ကတည္းက တစ္ရက္မွာ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးဖို႔ ဘယ္လိုေတြ ေျပာခဲ့ၾကသလဲဆိုတာကို စပိန္သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာျဖစ္တယ္။ ေကာ္တိြဳက္စ္က မက္ဒရစ္ကို အရင္ဆံုး ေရာက္ရွိခဲ့ျပီး ဟာဇက္ကေတာ့ ဒီရာသီစကမွ ခ်ယ္ဆီးကေန ေျပာင္းေရႊ႔သြားျခင္း ျဖစ္ပါတယ္။

ေကာ္တိြဳက္စ္က ေျပာရာမွာ ” ခ်ယ္ဆီး အဝတ္လဲခန္းထဲမွာတည္းက က်ေန္ာတုိ႔ဟာ မက္ဒရစ္မွာ ကစားခြင့္ဆိုတာအတြက္ စကားေတြ ေျပာခဲ့ၾကတာပါ။ အဲ့တုန္းကေတာ့ အိမ္ျဖဴေတာ္ အိမ္ျဖဴေတာ္ဆိုျပီး က်ေန္ာတို႔ ေျပာခဲ့ၾကတာေပါ့။

ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးဖို႔ဆိုျပီး မွန္းေမွ်ာ္ခဲ့ရတာေတြက အရမ္းေကာင္းခဲ့တာေပါ့ဗ်ာ။ အခုေတာ့ က်ေန္ာတို႔ေတြ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ဆုဖလားေတြ အႏုိင္ရဖို႔ ပိုမို စိတ္အားထက္သန္ေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၈ ခုႏွစ္မွာ ေကာ္တိြဳက္စ္ဟာ ခ်ယ္ဆီးအသင္းကို ဆန္႔က်င္မႈေတြ ျပဳလုပ္ကာ လာလီဂါဘက္ကို ခုန္ကူးခဲ့တာျဖစ္တယ္။ ထိုစဥ္တည္းက သူ႔ထံကေန ခ်ယ္ဆီးအသင္းနဲ႔ ပက္သက္လို႔ အေကာင္းျမင္မႈေတြ မရွိခဲ့တာေၾကာင့္ အခုလို စကားမ်ိဳး ထပ္ေျပာလာတာလည္း မဆန္းလွပါဘူး။

ဟာဇက္ကေတာ့ ပိုျပီး ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ကစားသမားျဖစ္ကာ အသင္းေဟာင္းနဲ႔ ပက္သက္ျပီး သိပ္ေျပာေလ့ မရွိသလို အေကာင္းျမင္ႏုိင္စရာ စကားေတြကိုပဲ ေျပာဆိုေလ့ ရွိခဲ့တာျဖစ္တယ္။ တစ္ရက္မွာ သူတို႔ႏွစ္ဦး ခ်ယ္ဆီးကို ထိပ္တိုက္ေတြ႔တဲ့အခါမွာေတာ့ ပရိသတ္ေတြရဲ႕ တုန္႔ျပန္မႈက ဘယ္လိုျဖစ္မလဲ ျမင္ၾကရပါလိမ့္မယ္။