ပရီးမီးယားလိဂ်မှာ လီဗာပူးက အင်အားအကောင်းဆုံး အသင်း ဖြစ်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ကလည်း ကျန် အသင်းတွေထဲမှာ အကောင်းဆုံး ဖြစ်လာနေတယ်လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ပြောင်မြောက်တဲ့ ခြေစွမ်းနဲ့ နိုင်ပွဲကို လိဒ်နဲ့ ပွဲမှာ မြင်ခဲ့ရပြီး အမှတ်ပေးဇယား ထိပ်ပိုင်းနား တက်လာတာ တွေ့ရပေမယ့် ဂယ်ရီနဗီးလ်ကတော့ ချန်ပီယံဖြစ်ဖို့ ယူနိုက်တက် စိန်ခေါ်နိုင်စွမ်းရှိပြီ မပြောနိုင်သေးကြောင်း သတိပေးခဲ့ပါတယ်။
လိဒ်ကို နိုင်တဲ့ ပွဲမှာ ယူနိုက်တက် အသင်းသားတွေရဲ့ စိတ်ဓာတ် ခိုင်မာမှုကို တွေ့ခဲ့ရပြီး ပွဲကို ချဉ်းကပ်တာလည်း ကောင်းမွန်လာခဲ့ကြောင်း ကွင်းလယ်ကစားသမား တော်မီနေးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဖာဂူဆန်နောက်ပိုင်း ယူနိုက်တက်ဟာ အဓိကဆုဖလား ၃ လုံးသာ အောင်မြင်ခဲ့ပေမယ့် အခုရာသီမှာ လိဂ်၆ပွဲဆက် မရှုံးပဲ လီဗာပူးနဲ့ ၂ မှတ်သာ ကွာတော့တာကြောင့် ဆုဖလားတွေ ထပ်မံအောင်မြင်ဖို့ အလားအလာရှိနေပြီလို့ ရက်ရှ်ဖို့ဒ်က ယုံကြည်နေပါတယ်။
မားကပ်ရက်ရှ်ဖို့ဒ်ဟာ ချို့တဲ့ ကလေးသူငယ်တွေအတွက် အစားအစာ ထောက်ပံ့မှုမှာ တတပ်တအား ပါဝင်ခဲ့တဲ့အတွက် BBC Sports ရဲ့ Personality of the Year ဆုကို ရရှိခဲ့တဲ့နောက် လူငယ်တွေကို အကောင်းဆုံး အခွင့်အရေးပေးဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပေါ့ဘာနဲ့ မေဆန် ဂရင်းဝုဒ်တို့ မပါဝင်ဘဲ လိဒ်ကို ရင်ဆိုင်ကာ နိုင်ပွဲကောင်း ရခဲ့တာက မန်နေဂျာ ဆိုးရှားရဲ့ အလှည့်ကျ ကစားသမားတွေကို ထုတ်သုံးနေတာ အလုပ်ဖြစ်ကြောင်း သိသာစေခဲ့တယ်လို့ လင်ဒီလော့ဖ်က ထောက်ခံ ပြောဆိုခဲ့ပါတယ်။
Zawgyi – ပရီးမီးယားလိဂ္မွာ လီဗာပူးက အင္အားအေကာင္းဆံုး အသင္း ျဖစ္ေနေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ကလည္း က်န္ အသင္းေတြထဲမွာ အေကာင္းဆံုး ျဖစ္လာေနတယ္လို႔ ရြိဳင္ကိန္းက ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ရဲ႕ ေျပာင္ေျမာက္တဲ့ ေျခစြမ္းနဲ႕ နုိင္ပြဲကို လိဒ္နဲ႕ ပြဲမွာ ျမင္ခဲ့ရျပီး အမွတ္ေပးဇယား ထိပ္ပိုင္းနား တက္လာတာ ေတြ႔ရေပမယ့္ ဂယ္ရီနဗီးလ္ကေတာ့ ခ်န္ပီယံျဖစ္ဖို႔ ယူနိုက္တက္ စိန္ေခၚနုိင္စြမ္းရွိျပီ မေျပာနုိင္ေသးေၾကာင္း သတိေပးခဲ့ပါတယ္။
လိဒ္ကို နုိင္တဲ့ ပြဲမွာ ယူနိုက္တက္ အသင္းသားေတြရဲ႕ စိတ္ဓာတ္ ခိုင္မာမႈကို ေတြ႔ခဲ့ရျပီး ပြဲကို ခ်ဥ္းကပ္တာလည္း ေကာင္းမြန္လာခဲ့ေၾကာင္း ကြင္းလယ္ကစားသမား ေတာ္မီေနးက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ဖာဂူဆန္ေနာက္ပိုင္း ယူႏိုက္တက္ဟာ အဓိကဆုဖလား ၃ လုံးသာ ေအာင္ျမင္ခဲ့ေပမယ့္ အခုရာသီမွာ လိဂ္၆ပြဲဆက္ မရႈံးပဲ လီဗာပူးနဲ႔ ၂ မွတ္သာ ကြာေတာ့တာေၾကာင့္ ဆုဖလားေတြ ထပ္မံေအာင္ျမင္ဖို႔ အလားအလာရွိေနၿပီလို႔ ရက္ရွ္ဖို႔ဒ္က ယုံၾကည္ေနပါတယ္။
မားကပ္ရက္ရွ္ဖို႔ဒ္ဟာ ခ်ိဳ႕တဲ့ ကေလးသူငယ္ေတြအတြက္ အစားအစာ ေထာက္ပံ့မႈမွာ တတပ္တအား ပါဝင္ခဲ့တဲ့အတြက္ BBC Sports ရဲ႕ Personality of the Year ဆုကို ရရွိခဲ့တဲ့ေနာက္ လူငယ္ေတြကို အေကာင္းဆုံး အခြင့္အေရးေပးဖို႔ ႏိုင္ငံသားတိုင္းမွာ တာဝန္ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေပါ့ဘာနဲ႕ ေမဆန္ ဂရင္း၀ုဒ္တို႔ မပါ၀င္ဘဲ လိဒ္ကို ရင္ဆိုင္ကာ နုိင္ပြဲေကာင္း ရခဲ့တာက မန္ေနဂ်ာ ဆိုးရွားရဲ႕ အလွည့္က် ကစားသမားေတြကို ထုတ္သံုးေနတာ အလုပ္ျဖစ္ေၾကာင္း သိသာေစခဲ့တယ္လို႔ လင္ဒီေလာ့ဖ္က ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။