ယနေ့နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးသတင်းတိုများ (22/12/20)

ညက ဝက်စ်ဟမ်းကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ချယ်ဆီး ဂိုးသမား မန်ဒီဟာ ချယ်ဆီးနဲ့ ၁၆ ပွဲသာ ကစားခဲ့အပြီး clean sheet ၁၀ ကြိမ်မြောက်ရခဲ့ပြီး ကီပါတုန်းကတော့ လမ်းပတ်လက်အောက်မှာ အဲ့ဒီ့ပမာဏကိုရဖို့ ၄၅ ပွဲ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။

သီယာဂိုဆေးဗားဟာ ဝက်စ်ဟမ်းကို နိုင်ခဲ့တဲ့ပွဲမှာ ပုံစံကောင်းတွေ ဆက်လက်ပြသပြီး ဂိုးသွင်းယူခဲ့တဲ့နောက် သူဟာ မျှော်လင့်တာထက်ကို ပိုလုပ်ပြခဲ့တယ်လို့ လမ်းပတ်က ချီးကျူးခဲ့ပြီး သူတောင် ၃၆ နှစ်တုန်းက ဒီလိုမကစားနိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

တီမိုဗာနာဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၉ ပွဲမြောက်အဖြစ် ဂိုးပေါက်ပျောက်ခဲ့တဲ့နောက် နည်းပြ လမ်းပတ်ကတော့ သူ့ရဲ့ ပေါင် ၅၃သန်းတန် တိုက်စစ်မှူးအတွက် မစိုးရိမ်နေပဲ ၎င်းဟာ ပြိုင်ဘက်အသင်းတွေကို ခြိမ်းခြောက်နိုင်နေဆဲ ဖြစ်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲကို အသည်းအသန်နိုင်ချင်ခဲ့တာကြောင့် အကျိုးဆက်အနေနဲ့ ဘင်ချီဝဲဟာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့ပြီး ၁၀ မိနစ်မှာပဲ လူစားလဲခဲ့ရသလို နည်းပြအတွက် စိတ်ပူစရာဖြစ်စေခဲ့ပြီး အာဆင်နယ်နဲ့ပွဲကို လွဲချော်ရနိုင်ကြောင်း လမ်းပတ်က ဆိုပါတယ်။

တန်မီအေဗရာဟမ်ဟာ ချယ်ဆီးရဲ့ နောက်ဆုံး၄ပွဲလုံးမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ အခွင့်အရေးရတဲ့အချိန်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့သလို သူ့ရဲ့ ယုံကြည်ပေးမှုအတိုင်း လုပ်ပြနိုင်ခဲ့လို့ နည်းပြလမ်းပတ်က ကျေနပ်နေပါတယ်။

ချယ်ဆီးဟာ လိဂ်၂ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့နောက် လှပတဲ့ပုံစံနဲ့ မကစားနိုင်ခဲ့ပေမယ့်လဲ ဝက်စ်ဟမ်းကို သာသာယာယာ အနိုင် ရခဲ့တဲ့နောက် လမ်းပတ်က သူ့အသင်းကို ချီးကျူးခဲ့ပြီး ကစားသမားတွေဟာသူတို့ရဲ့ ရဲရင့်မှုကို ပြသခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ကိုင်ဟားဗတ် မပါရင် ပိုပြီးတောင့်တင်းတဲ့အသင်းဖြစ်နေတယ်လို့ ဂျေမီ ကာရေဂါက ထင်မြင်နေပြီး နွေရာသီ ကစားသမားသစ် အနေနဲ့ လမ်းပတ်လက်အောက် ဘယ်နေရာနဲ့ အံဝင်မှာလဲဆိုတာ သေချာမသိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲက သွင်းဂိုး၂ ဂိုးရှင် တန်မီအေဗရာဟမ်ဟာ ချယ်ဆီးအနေနဲ့ ၃မှတ်ရခဲ့တဲ့နောက် အခုချိန်မှာ အမှတ်ပေး ဇယား အဆင့်ကို ကြည့်ဖို့မလိုသေးပဲ ဆက်လက်ပြီးနိုင်ပွဲတွေ ရယူသွားနိုင်ဖို့သာ အာရုံစိုက်ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ညက ဝက္စ္ဟမ္းကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ခ်ယ္ဆီး ဂိုးသမား မန္ဒီဟာ ခ်ယ္ဆီးနဲ႔ ၁၆ ပြဲသာ ကစားခဲ့အၿပီး clean sheet ၁၀ ႀကိမ္ေျမာက္ရခဲ့ၿပီး ကီပါတုန္းကေတာ့ လမ္းပတ္လက္ေအာက္မွာ အဲ့ဒီ့ပမာဏကိုရဖို႔ ၄၅ ပြဲ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။

သီယာဂိုေဆးဗားဟာ ဝက္စ္ဟမ္းကို ႏိုင္ခဲ့တဲ့ပြဲမွာ ပုံစံေကာင္းေတြ ဆက္လက္ျပသၿပီး ဂိုးသြင္းယူခဲ့တဲ့ေနာက္ သူဟာ ေမွ်ာ္လင့္တာထက္ကို ပိုလုပ္ျပခဲ့တယ္လို႔ လမ္းပတ္က ခ်ီးက်ဴးခဲ့ၿပီး သူေတာင္ ၃၆ ႏွစ္တုန္းက ဒီလိုမကစားႏိုင္ခဲ့ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

တီမိုဗာနာဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ၉ ပြဲေျမာက္အျဖစ္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ေနာက္ နည္းျပ လမ္းပတ္ကေတာ့ သူ႔ရဲ႕ ေပါင္ ၅၃သန္းတန္ တိုက္စစ္မႉးအတြက္ မစိုးရိမ္ေနပဲ ၎ဟာ ၿပိဳင္ဘက္အသင္းေတြကို ၿခိမ္းေျခာက္ႏိုင္ေနဆဲ ျဖစ္တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲကို အသည္းအသန္ႏိုင္ခ်င္ခဲ့တာေၾကာင့္ အက်ိဳးဆက္အေနနဲ႔ ဘင္ခ်ီဝဲဟာ ေျခက်င္းဝတ္ ဒဏ္ရာရခဲ့ၿပီး ၁၀ မိနစ္မွာပဲ လူစားလဲခဲ့ရသလို နည္းျပအတြက္ စိတ္ပူစရာျဖစ္ေစခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္ရႏိုင္ေၾကာင္း လမ္းပတ္က ဆိုပါတယ္။

တန္မီေအဗရာဟမ္ဟာ ခ်ယ္ဆီးရဲ႕ ေနာက္ဆုံး၄ပြဲလုံးမွာ ပြဲထြက္ခြင့္မရခဲ့ေပမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အခြင့္အေရးရတဲ့အခ်ိန္မွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့သလို သူ႔ရဲ႕ ယုံၾကည္ေပးမႈအတိုင္း လုပ္ျပႏိုင္ခဲ့လို႔ နည္းျပလမ္းပတ္က ေက်နပ္ေနပါတယ္။

ခ်ယ္ဆီးဟာ လိဂ္၂ပြဲဆက္ ရႈံးပြဲေတြ႕ခဲ့တဲ့ေနာက္ လွပတဲ့ပုံစံနဲ႔ မကစားႏိုင္ခဲ့ေပမယ့္လဲ ဝက္စ္ဟမ္းကို သာသာယာယာ အႏိုင္ ရခဲ့တဲ့ေနာက္ လမ္းပတ္က သူ႔အသင္းကို ခ်ီးက်ဴးခဲ့ၿပီး ကစားသမားေတြဟာသူတို႔ရဲ႕ ရဲရင့္မႈကို ျပသခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ကိုင္ဟားဗတ္ မပါရင္ ပိုၿပီးေတာင့္တင္းတဲ့အသင္းျဖစ္ေနတယ္လို႔ ေဂ်မီ ကာေရဂါက ထင္ျမင္ေနၿပီး ေႏြရာသီ ကစားသမားသစ္ အေနနဲ႔ လမ္းပတ္လက္ေအာက္ ဘယ္ေနရာနဲ႔ အံဝင္မွာလဲဆိုတာ ေသခ်ာမသိေသးဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲက သြင္းဂိုး၂ ဂိုးရွင္ တန္မီေအဗရာဟမ္ဟာ ခ်ယ္ဆီးအေနနဲ႔ ၃မွတ္ရခဲ့တဲ့ေနာက္ အခုခ်ိန္မွာ အမွတ္ေပး ဇယား အဆင့္ကို ၾကည့္ဖို႔မလိုေသးပဲ ဆက္လက္ၿပီးႏိုင္ပြဲေတြ ရယူသြားႏိုင္ဖို႔သာ အာ႐ုံစိုက္ရမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။