ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (22/12/20)

လီဝန်ဒေါစကီးဟာ ၂၀၁၂ တုန်းက ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပြောဆိုဆွေးနွေးမှုလုပ်ခဲ့ပြီး ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မအောင်မြင်ခဲ့ဘဲ ၂၀၁၄ မှာ ဘိုင်ယန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒေးဗစ်အလာဘာဟာ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့အတွက် ဇန်နဝါရီမှာ ပြည်ပကလပ်တွေနဲ့ ဆွေးနွေးရမှာ ဖြစ်သလို ယူနိုက်တက်ဟာ ဘိုင်ယန်ကြယ်ပွင့်ရဲ့ အေးဂျင့်ထံကို တရားဝင် ဆက်သွယ်မှု လုပ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖီအိုရင်တီးနား နောက်ခံလူ နီကိုလာ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတာကြောင့် ကစားသမားရဲ့ အေးဂျင့်ထံ ချဉ်းကပ်မှု လုပ်ခဲ့ပေမယ့် အေစီမီလန်၊ စပါးတို့ထံက ပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့ ကြုံရနိုင်ဖွယ်ရှိပါတယ်။

ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိနေခဲ့တဲ့ ဆန်ချိုဟာ လက်ရှိမှာ ဆိုးရွားတဲ့ပုံစံတွေနဲ့ ရုန်းကန်နေရပေမယ့် ဘိုင်ယန်ကတော့ ယူနိုက်တက်နဲ့ မဆွေးနွေးနိုင်အောင်လို့ သူ့ကို ခရစ္စမတ်မှာ အင်္ဂလန်ကို ပြန်ခွင့်ပေးမှာမဟုတ်ပါဘူး။

ဆိုးရှားမှာ တိကျတဲ့ကွင်းလယ်ပုံစံ အထိုင်မကျနိုင်သေးသလို ယူနိုက်တက်ဟာ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူချင်တဲ့အသင်းတွေထဲ ပါဝင်လာခဲ့ပြီး လီဗာပူး၊ အာဆင်နယ်တို့အပြင် ကလပ်များစွာနဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။

လိဒ်စ်ကို ၆-၂ နဲ့နိုင်ခဲ့တဲ့ပွဲမှာ လုပ်ပြခဲ့သလိုမျိုး အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်စေဖို့အတွက် တော်မီနေးကို အချုပ်အနှောင်တွေ ကနေ လွှတ်ပေးပြီး တိုက်စစ်၊ ခံစစ် ကစားလို့ရတဲ့ box to box ကွင်းလယ်နေရာ ကစားခိုင်းသင့်တယ်လို့ ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

Zawgyi – လီဝန္ေဒါစကီးဟာ ၂၀၁၂ တုန္းက ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ ေျပာဆိုေဆြးေႏြးမႈလုပ္ခဲ့ၿပီး ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ဖို႔ အဆင္သင့္ ျဖစ္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ မေအာင္ျမင္ခဲ့ဘဲ ၂၀၁၄ မွာ ဘိုင္ယန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ေဒးဗစ္အလာဘာဟာ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔အတြက္ ဇန္နဝါရီမွာ ျပည္ပကလပ္ေတြနဲ႔ ေဆြးေႏြးရမွာ ျဖစ္သလို ယူႏိုက္တက္ဟာ ဘိုင္ယန္ၾကယ္ပြင့္ရဲ႕ ေအးဂ်င့္ထံကို တရားဝင္ ဆက္သြယ္မႈ လုပ္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဖီအိုရင္တီးနား ေနာက္ခံလူ နီကိုလာ မီလန္ကိုဗစ္ကို ေခၚယူဖို႔ စိတ္ဝင္စားတာေၾကာင့္ ကစားသမားရဲ႕ ေအးဂ်င့္ထံ ခ်ဥ္းကပ္မႈ လုပ္ခဲ့ေပမယ့္ ေအစီမီလန္၊ စပါးတို႔ထံက ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈနဲ႔ ႀကဳံရႏိုင္ဖြယ္ရွိပါတယ္။

ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ဖို႔ ခိုင္မာတဲ့ ခ်ိတ္ဆက္မႈရွိေနခဲ့တဲ့ ဆန္ခ်ိဳဟာ လက္ရွိမွာ ဆိုး႐ြားတဲ့ပုံစံေတြနဲ႔ ႐ုန္းကန္ေနရေပမယ့္ ဘိုင္ယန္ကေတာ့ ယူႏိုက္တက္နဲ႔ မေဆြးေႏြးႏိုင္ေအာင္လို႔ သူ႔ကို ခရစၥမတ္မွာ အဂၤလန္ကို ျပန္ခြင့္ေပးမွာမဟုတ္ပါဘူး။

ဆိုးရွားမွာ တိက်တဲ့ကြင္းလယ္ပုံစံ အထိုင္မက်ႏိုင္ေသးသလို ယူႏိုက္တက္ဟာ ဘ႐ိုက္တန္ ကြင္းလယ္လူ ဘစ္ဆိုမာကို ေခၚယူခ်င္တဲ့အသင္းေတြထဲ ပါဝင္လာခဲ့ၿပီး လီဗာပူး၊ အာဆင္နယ္တို႔အျပင္ ကလပ္မ်ားစြာနဲ႔ ၿပိဳင္ဆိုင္ရဖို႔ ရွိေနပါတယ္။

လိဒ္စ္ကို ၆-၂ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ လုပ္ျပခဲ့သလိုမ်ိဳး အေကာင္းဆုံး ေျခစြမ္းေတြ ျပသႏိုင္ေစဖို႔အတြက္ ေတာ္မီေနးကို အခ်ဳပ္အေႏွာင္ေတြ ကေန လႊတ္ေပးၿပီး တိုက္စစ္၊ ခံစစ္ ကစားလို႔ရတဲ့ box to box ကြင္းလယ္ေနရာ ကစားခိုင္းသင့္တယ္လို႔ ရီယိုဖာဒီနန္က ယုံၾကည္ေနပါတယ္။