ယနေ့ နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (22/12/20)

အာဆင်နယ်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက် နှစ်ခု ဖြစ်တဲ့ ဇန်နဝါရီနဲ့ ရာသီကုန် နွေမှာ ဘာတွေ လုပ်မလဲ ဆိုတာ အတွက် ပြင်ဆင် စီစဉ်ပြီး ဖြစ်ကြောင်း နည်းပြ အာတီတာက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နည်းပြ အာတီတာက အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက အဲဗာတန်ကို ၂၅% နိုင်ခြေ ရှိခဲ့ပြီး ၃-၂ နဲ့ တကယ်လည်း နိုင်ခဲ့ကာ ဒီရာသီ ပြန်ဆုံချိန်မှာ နိုင်ခြေ ၆၇% ရှိခဲ့ကာ ရှုံးနိုင်ခြေ ၉% ပဲ ရှိတဲ့ကြားက ရှုံးခဲ့ရတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ပရိသတ်တွေ ကွင်းထဲကနေ ကြည့်ရှုနိုင်ဖို့ အတွက် ဧပြီ ၂၅ ရက်နေ့ထိ နောက်ဆုတ် ပေးလိုက်ပြီ ဖြစ်ကြောင်း EFL က ကြေငြာလိုက်ပါတယ်။

ညက ဝက်စ်ဟမ်းနဲ့ ပွဲမှာ ချယ်ဆီး အစွန်ခံစစ်သမား ဘန်ချေးဝဲလ် ဒဏ်ရာ ရသွားခဲ့ပြီး ၎င်းဟာ အာဆင်နယ်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာတော့ဘူးလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ကလပ်အသင်း သမိုင်းတလောျက်မှာ စိန်ခေါ်မှု အပြင်းထန်ဆုံး နှစ်တစ်နှစ်ကို ကြုံတွေ့နေရတာ ဖြစ်ပြီး အာဆင်နယ်က ပြန်လည် တုန့်ပြန်သွားမှာ ဖြစ်ကြောင်း နည်းပြ အာတီတာက ဆိုပါတယ်။

အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းဟာ ခြေသလုံး ဒဏ်ရာကနေ ပျောက်ကင်းခြင်း မရှိသေးတာကြောင့် မန်စီးတီးနဲ့ ကာရာဘောင်းဖလား ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ လာမယ့္ အေျပာင္းအေရႊ႕ ေစ်းကြက္ နွစ္ခု ျဖစ္တဲ့ ဇန္န၀ါရီနဲ႕ ရာသီကုန္ ေႏြမွာ ဘာေတြ လုပ္မလဲ ဆိုတာ အတြက္ ျပင္ဆင္ စီစဥ္ျပီး ျဖစ္ေၾကာင္း နည္းျပ အာတီတာက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

နည္းျပ အာတီတာက အာဆင္နယ္ဟာ ျပီးခဲ့တဲ့ ရာသီက အဲဗာတန္ကို ၂၅% နိုင္ေျခ ရွိခဲ့ျပီး ၃-၂ နဲ႕ တကယ္လည္း နုိင္ခဲ့ကာ ဒီရာသီ ျပန္ဆံုခ်ိန္မွာ နုိင္ေျခ ၆၇% ရွိခဲ့ကာ ရွံဳးနုိင္ေျခ ၉% ပဲ ရွိတဲ့ၾကားက ရွံဳးခဲ့ရတာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကာရာေဘာင္းဖလား ဗိုလ္လုပြဲကို ပရိသတ္ေတြ ကြင္းထဲကေန ၾကည့္ရႈနုိင္ဖို႔ အတြက္ ဧျပီ ၂၅ ရက္ေန႔ထိ ေနာက္ဆုတ္ ေပးလိုက္ျပီ ျဖစ္ေၾကာင္း EFL က ေၾကျငာလိုက္ပါတယ္။

ညက ၀က္စ္ဟမ္းနဲ႕ ပြဲမွာ ခ်ယ္ဆီး အစြန္ခံစစ္သမား ဘန္ေခ်း၀ဲလ္ ဒဏ္ရာ ရသြားခဲ့ျပီး ၄င္းဟာ အာဆင္နယ္နဲ႕ ပြဲမွာ ပါ၀င္နုိင္ဖို႔ မေသခ်ာေတာ့ဘူးလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ကလပ္အသင္း သမိုင္းတေလာ်က္မွာ စိန္ေခၚမႈ အျပင္းထန္ဆံုး နွစ္တစ္နွစ္ကို ၾကံဳေတြ႔ေနရတာ ျဖစ္ျပီး အာဆင္နယ္က ျပန္လည္ တုန္႔ျပန္သြားမွာ ျဖစ္ေၾကာင္း နည္းျပ အာတီတာက ဆိုပါတယ္။

အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး အူဘာမီးယန္းဟာ ေျခသလံုး ဒဏ္ရာကေန ေပ်ာက္ကင္းျခင္း မရွိေသးတာေၾကာင့္ မန္စီးတီးနဲ႕ ကာရာေဘာင္းဖလား ပြဲကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။