မန်ချက်စတာ ယူနိုက်တက် ခေါ်ယူသင့်တဲ့ နစ္စတယ်ရွိုင်းနဲ့ ဗန်ပါစီလက်သစ် တိုက်စစ်မှူး

ယူနိုက်တက်ဟာ ဒီရာသီ အထောင် တိုက်စစ်မှူး နေရာမှာ မာရှယ်နဲ့ ရက်ဖို့ဒ်ကို တလှည့်စီ ကစားနေစေပေမယ့် နှစ်ဦးလုံးကတော့ တောင်ပံ ထွက်ကစားရတာ ပို သဘောကျသူတွေ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အထောင် တိုက်စစ်မှူး စစ်စစ် တစ်ဦး လိုအပ်နေပြီး နစ္စတယ်ရွိုင်းနဲ့ ဗန်ပါစီလက်သစ် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေတာကို မန်ချက်စတာ အခြေစိုက် သတင်းဌာနက ထောက်ပြသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အစ်ဟာလိုကို အပြီး ခေါ်ယူဖို့ အလားအလာ ရှိနေပေမယ့် နိုင်ဂျီးရီးယားသားဟာ ရေရှည် အတွက် အဖြေကောင်း မဟုတ်ပါဘူး။ ဝုဗ်တိုက်စစ်မှူး ဂျီမီးနက်ဇ် အပါအဝင် ယူနိုက်တက် တခြား နာမည်ကျော် တိုက်စစ်မှူးတွေ ချိတ်ဆက်နေပေမယ့် ငယ်ရွယ်ပြီး ခြေစွမ်းထက်ကာ အလားအလာကောင်းတဲ့ လူငယ်လေး တစ်ဦးကို MEN က ထုတ်ဖော် တိုက်တွန်းလိုက်ပါတယ်။

သူကတော့ ဟောလန်လိဂ် AZ အယ်လ်ခမာ အသင်း အတွက် ကစားနေတဲ့ လူငယ်တိုက်စစ်မှူးလေး မိုင်ရွန် ဘိုအာဒူ ပဲ ဖြစ်ပါတယ်။ ကိုရိုနာကြောင့် လိဂ် ဖျက်သိမ်းလိုက်ရပြီးနောက် ဘိုအာဒူရဲ့ အယ်လ်ခမာ အသင်းဟာ အဆင့် ၂ နေရာနဲ့ ရာသီ သိမ်းခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် ဟော်လန်သားလေးဟာ ဒီရာသီ ကလပ်အသင်း အတွက် ၂၀၂၀ မိနစ် ပါဝင် ကစားထားပြီး ၁၄ ဂိုး သွင်းကာ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ လူငယ်လေး ဖြစ်တဲ့ ဘိုအာဒူရဲ့ ထူးချွန်တဲ့ အချက်အလက်တွေက စီနီယာအသင်းသားတွေကိုပါ ကောင်းကောင်း ယှဉ်နိုင်စွမ်း ရှိနေပါတယ်။

၎င်းက ထူးချွန်ပြီး အဆုံးသတ် တိကျ ကောင်းမွန်တဲ့ ကန်ချက်တွေ ပြုလုပ်နိုင်သူပါ။ အချက်အလက်တွေ အရ ပျမ်းမျှ မိနစ် ၉၀ တိုင်းမှာ ကန်ချက် ၂.၆၃ ကြိမ် ပြုလုပ်နိုင်ပြီး ဂိုးပေါက်တည့်တာက ၁.၃၄ ကြိမ် ဖြစ်ပါတယ်။ ဒါက ဟော်လန် ပြည်တွင်းလိဂ်မှာ ထိပ်သီး ၁၀ ယောက် စာရင်းပါ ဝင်တဲ့ အချက်အလက် ဖြစ်ပါတယ်။

ဒါ့အပြင် ပို အထင်ကြီးစရာ ကောင်းတာတွေကတော့ သူ့ရဲ့ ဘောလုံးပေးပို့မှု ပြီးပြည့်စုံနှုန်းက ၈၂% ထိ ရှိပြီး ပြိုင်ဘက် ဧရိယာထဲ မိနစ် ၉၀ အတွင်း ပျမ်းမျှ ဘောလုံးပေးနငန်းက ၈.၉၆ ထိ ရှိပါတယ်။ ငယ်ရွယ်ပေမယ့် ဂိုးသွင်းကေငာ်းတဲ့ တိုက်စစ်မှူးလေး ဘိုအာဒူ ဟာ တောင်ပံကနေ တိုက်စစ် ဆင်ရာမှာလည်း ထူးချွန်စွာ ပါဝင်နိုင်ပါတယ်။ လျင်မြန် သန်မာပြီး ပါဝါကောင်းတဲ့ ကန်ချက်တွေက ပြိုင်ဘက်တွေကို ကောင်းစွာ ခြိမ်းခြောက်နေပြီ ဆိုရမှာပါ။

မန်ချက်စတာ အခြေစိုက် သတင်းဌာနကတော့ ဟော်လန်သားလေး ဖြစ်ပြီး အဆုံးသတ်ရက်စက်တဲ့ တိုက်စစ်မှူးဟောင်းတွေ ဖြစ်တဲ့ နစ္စတယ်ရွိုင်းနဲ့ ဗန်ပါစီတို့လို့ တောက်ပလာမယ့် ကြယ်ပွင့်လေး ဘိုအာဒူ အကြောင်း ဖော်ထုတ် အမွှန်းတင်ခဲ့ပြီး ယူနိုက်တက် ခေါ်ယူသင့်တဲ့ တိုက်စစ်မှူးလေး ဖြစ်တယ်လို့ ထောက်ခံချက် ပေးခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ဒီရာသီ အေထာင္ တိုက္စစ္မွဴး ေနရာမွာ မာရွယ္နဲ႕ ရက္ဖို႔ဒ္ကို တလွည့္စီ ကစားေနေစေပမယ့္ နွစ္ဦးလံုးကေတာ့ ေတာင္ပံ ထြက္ကစားရတာ ပို သေဘာက်သူေတြ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ အေထာင္ တိုက္စစ္မွဴး စစ္စစ္ တစ္ဦး လိုအပ္ေနျပီး နစၥတယ္ရြိဳင္းနဲ႕ ဗန္ပါစီလက္သစ္ တိုက္စစ္မွဴး တစ္ဦးကို ေခၚယူဖို႔ အခြင့္အေရး ရွိေနတာကို မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေထာက္ျပသြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ အစ္ဟာလိုကို အျပီး ေခၚယူဖို႔ အလားအလာ ရွိေနေပမယ့္ နုိင္ဂ်ီးရီးယားသားဟာ ေရရွည္ အတြက္ အေျဖေကာင္း မဟုတ္ပါဘူး။ ၀ုဗ္တိုက္စစ္မွဴး ဂ်ီမီးနက္ဇ္ အပါအ၀င္ ယူနိုက္တက္ တျခား နာမည္ေက်ာ္ တိုက္စစ္မွဴးေတြ ခ်ိတ္ဆက္ေနေပမယ့္ ငယ္ရြယ္ျပီး ေျခစြမ္းထက္ကာ အလားအလာေကာင္းတဲ့ လူငယ္ေလး တစ္ဦးကို MEN က ထုတ္ေဖာ္ တိုက္တြန္းလိုက္ပါတယ္။

သူကေတာ့ ေဟာလန္လိဂ္ AZ အယ္လ္ခမာ အသင္း အတြက္ ကစားေနတဲ့ လူငယ္တိုက္စစ္မွဴးေလး မိုင္ရြန္ ဘိုအာဒူ ပဲ ျဖစ္ပါတယ္။ ကိုရိုနာေၾကာင့္ လိဂ္ ဖ်က္သိမ္းလုိက္ရျပီးေနာက္ ဘိုအာဒူရဲ႕ အယ္လ္ခမာ အသင္းဟာ အဆင့္ ၂ ေနရာနဲ႕ ရာသီ သိမ္းခဲ့ျပီ ျဖစ္ပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ ေဟာ္လန္သားေလးဟာ ဒီရာသီ ကလပ္အသင္း အတြက္ ၂၀၂၀ မိနစ္ ပါ၀င္ ကစားထားျပီး ၁၄ ဂိုး သြင္းကာ ၆ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ လူငယ္ေလး ျဖစ္တဲ့ ဘိုအာဒူရဲ႕ ထူးခၽြန္တဲ့ အခ်က္အလက္ေတြက စီနီယာအသင္းသားေတြကိုပါ ေကာင္းေကာင္း ယွဥ္နုိင္စြမ္း ရွိေနပါတယ္။

၄င္းက ထူးခၽြန္ျပီး အဆံုးသတ္ တိက် ေကာင္းမြန္တဲ့ ကန္ခ်က္ေတြ ျပဳလုပ္နုိင္သူပါ။ အခ်က္အလက္ေတြ အရ ပ်မ္းမွ် မိနစ္ ၉၀ တိုင္းမွာ ကန္ခ်က္ ၂.၆၃ ၾကိမ္ ျပဳလုပ္နိုင္ျပီး ဂိုးေပါက္တည့္တာက ၁.၃၄ ၾကိမ္ ျဖစ္ပါတယ္။ ဒါက ေဟာ္လန္ ျပည္တြင္းလိဂ္မွာ ထိပ္သီး ၁၀ ေယာက္ စာရင္းပါ ၀င္တဲ့ အခ်က္အလက္ ျဖစ္ပါတယ္။

ဒါ့အျပင္ ပို အထင္ၾကီးစရာ ေကာင္းတာေတြကေတာ့ သူ႔ရဲ႕ ေဘာလံုးေပးပို႔မႈ ျပီးျပည့္စံုနႈန္းက ၈၂% ထိ ရွိျပီး ျပိဳင္ဘက္ ဧရိယာထဲ မိနစ္ ၉၀ အတြင္း ပ်မ္းမွ် ေဘာလံုးေပးႏငန္းက ၈.၉၆ ထိ ရွိပါတယ္။ ငယ္ရြယ္ေပမယ့္ ဂိုးသြင္းေကငာ္းတဲ့ တိုက္စစ္မွဴးေလး ဘိုအာဒူ ဟာ ေတာင္ပံကေန တိုက္စစ္ ဆင္ရာမွာလည္း ထူးခၽြန္စြာ ပါ၀င္နုိင္ပါတယ္။ လ်င္ျမန္ သန္မာျပီး ပါ၀ါေကာင္းတဲ့ ကန္ခ်က္ေတြက ျပိဳင္ဘက္ေတြကို ေကာင္းစြာ ျခိမ္းေျခာက္ေနျပီ ဆိုရမွာပါ။

မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနကေတာ့ ေဟာ္လန္သားေလး ျဖစ္ျပီး အဆံုးသတ္ရက္စက္တဲ့ တိုက္စစ္မွဴးေဟာင္းေတြ ျဖစ္တဲ့ နစၥတယ္ရြိဳင္းနဲ႕ ဗန္ပါစီတို႔လို႔ ေတာက္ပလာမယ့္ ၾကယ္ပြင့္ေလး ဘိုအာဒူ အေၾကာင္း ေဖာ္ထုတ္ အမႊန္းတင္ခဲ့ျပီး ယူနိုက္တက္ ေခၚယူသင့္တဲ့ တိုက္စစ္မွဴးေလး ျဖစ္တယ္လို႔ ေထာက္ခံခ်က္ ေပးခဲ့ပါတယ္။