ယူနိုက်တက်ရဲ့ လက်ရှိ တိုက်စစ် သုံးယောက်တွဲဟာ ယခင် မန်ချက်စတာမှာ တောက်ပခဲ့တဲ့ ရွန်းနီ၊ စီရော်နယ်ဒိုနဲ့ တီဗက်ဇ် တို့ တိုက်စစ်အတွဲမျိုး ပြန် ဖန်တီးပြနေတာ ဖြစ်တယ်လို့ ဂျွန် အိုရှေးက အားပေးလိုက်ပါတယ်။
လုခ်ရှောဟာ အင်္ဂလန်မှာ အကောင်းဆုံး ဘယ်စွန်ခံစစ်မှူး ဖြစ်လာနေတယ်လို့ ချက်ဝပ်က အားပေးလိုက်ပြီး ယူနိုက်တက်မှာ အဲလက်စ် တဲလက်စ်နဲ့ ပြိုင်ဆိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ အင်တာမိုင်ယာမီအသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ သူ့ရဲ့ ဆက်သွယ်မှု ကို အသုံးချဖို့ ရည်ရွယ်ထားပြီး ကလပ်ရဲ့ အပယ်ခံ ဂိုးသမား ရိုမဲရိုးကို မေဂျာလိဂ်ထံ ခေါ်ဆောင်ဖို့ အလိုရှိနေပါတယ်။
ဆိုးရှားဟာ လိဂ်၁၃ပွဲမှာ ၂၁ဂိုးပေးခဲ့ရတဲ့ ခံစစ်ကို အင်အားဖြည့်တင်းရမှာဖြစ်တာကြောင့် လက်ရှိ နောက်ခံလူတစ်ယောက်က ထွက်ခွာရမှာဖြစ်ပြီး ဒီရာသီမှာလုံးဝကစားခွင့် မရခဲ့တဲ့ ဖီးဂျုံးစ်ရဲ့ လစာတချို့ကို စိုက်ပေးပြီး ဇန်နဝါရီမှာ အငှားချထားဖို့ စဉ်းစားနေပါတယ်။
လိဒ်နဲ့ ပွဲမှာ အစွမ်းပြသွားတဲ့ ယူနိုက်တက် ကွင်းလယ် ကစားသမား တော်မီနေးရဲ့ ခြေစွမ်းဟာ မြင်ဖူးသမျှထဲ အကောင်းဆုံး ခြေစွမ်းတစ်ရပ် ဖြစ်တယ်လို့ မက်ဂွဲရားက ချီးကျူးလိုက်ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို အသွင် ပြောင်းလဲ ပေးနိုင်ခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီလို့ နဗီးလ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
Zawgyi – ယူနိုက္တက္ရဲ႕ လက္ရွိ တိုက္စစ္ သံုးေယာက္တြဲဟာ ယခင္ မန္ခ်က္စတာမွာ ေတာက္ပခဲ့တဲ့ ရြန္းနီ၊ စီေရာ္နယ္ဒိုနဲ႕ တီဗက္ဇ္ တို႔ တုိက္စစ္အတြဲမ်ိဳး ျပန္ ဖန္တီးျပေနတာ ျဖစ္တယ္လို႔ ဂၽြန္ အိုေရွးက အားေပးလိုက္ပါတယ္။
လုခ္ေရွာဟာ အဂၤလန္မွာ အေကာင္းဆံုး ဘယ္စြန္ခံစစ္မွဴး ျဖစ္လာေနတယ္လို႔ ခ်က္၀ပ္က အားေပးလိုက္ျပီး ယူနိုက္တက္မွာ အဲလက္စ္ တဲလက္စ္နဲ႕ ျပိဳင္ဆိုင္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။
ေဒးဗစ္ဘက္ခမ္းဟာ သူ႔ရဲ႕ အင္တာမိုင္ယာမီအသင္းအတြက္ ကစားသမားသစ္ေတြ ေခၚယူဖို႔ ယူႏိုက္တက္နဲ႔ သူ႔ရဲ႕ ဆက္သြယ္မႈ ကို အသုံးခ်ဖို႔ ရည္႐ြယ္ထားၿပီး ကလပ္ရဲ႕ အပယ္ခံ ဂိုးသမား ႐ိုမဲ႐ိုးကို ေမဂ်ာလိဂ္ထံ ေခၚေဆာင္ဖို႔ အလိုရွိေနပါတယ္။
ဆိုးရွားဟာ လိဂ္၁၃ပြဲမွာ ၂၁ဂိုးေပးခဲ့ရတဲ့ ခံစစ္ကို အင္အားျဖည့္တင္းရမွာျဖစ္တာေၾကာင့္ လက္ရွိ ေနာက္ခံလူတစ္ေယာက္က ထြက္ခြာရမွာျဖစ္ၿပီး ဒီရာသီမွာလုံးဝကစားခြင့္ မရခဲ့တဲ့ ဖီးဂ်ဳံးစ္ရဲ႕ လစာတခ်ိဳ႕ကို စိုက္ေပးၿပီး ဇန္နဝါရီမွာ အငွားခ်ထားဖို႔ စဥ္းစားေနပါတယ္။
လိဒ္နဲ႕ ပြဲမွာ အစြမ္းျပသြားတဲ့ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေတာ္မီေနးရဲ႕ ေျခစြမ္းဟာ ျမင္ဖူးသမွ်ထဲ အေကာင္းဆံုး ေျခစြမ္းတစ္ရပ္ ျဖစ္တယ္လို႔ မက္ဂြဲရားက ခ်ီးက်ဴးလိုက္ပါတယ္။
ဘရူနို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာ ယူနိုက္တက္ကို အသြင္ ေျပာင္းလဲ ေပးနုိင္ခဲ့ျပီး လက္ရွိမွာ အသင္းရဲ႕ ေခါင္းေဆာင္ တစ္ဦး ျဖစ္ေနျပီလို႔ နဗီးလ္က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။