ဝက်စ်ဟမ်းဟာ ရုန်းကန်နေရတဲ့ ဆီဘက်ရှန်ဟယ်လာနဲ့ ဒဏ်ရာပြဿနာရနေတဲ့ အန်တိုနီယို တို့ကို အထောက်အပံ့ပေးဖို့ အတွက် တိုက်စစ်မှူးအသစ်တစ်ယောက် အလိုရှိနေသလို မိုယက်စ်က ချယ်ဆီးရဲ့ ဂျီရူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မန်စီးတီးကို ရှုံးတဲ့ပွဲက အာဆင်နယ်ရဲ့ ခံစစ်ကို နည်းပြ အာတီတာက ဝေဖန်ခဲ့ပြီး ချယ်ဆီးနဲ့ပွဲမှာ အမှားတွေ ပြင်ဆင်ပြီး ကြိုးစားကြဖို့ အာဆင်နယ် အသင်းသားတွေအား တိုက်တွန်းသတိပေးခဲ့ပါတယ်။
တီမိုဗာနာအတွက် ချယ်ဆီးမှာ အသားကျဖို့အချိန်ပေးသင့်ပေမယ့် ၎င်းဟာ လိုက်ပ်ဇစ်မှာ တိုက်စစ်မှူးနေရာ ကစားခဲ့ပြီး လန်ဒန်မှာ တောင်ပံအနေနဲ့ ကစားနေရတာကြောင့် မကြာခင်မှာ သူ့ရဲ့ မူလနေရာကို ပေးကစားဖို့ တောင်းဆိုလာလိမ့်မယ်လို့ ကာရေဂါက ဆိုပါတယ်။
ဝက်စ်ဟမ်းကို အနိုင်ရပြီးနောက် ချယ်ဆီးဟာ အာဆင်နယ်နဲ့ တွေ့ရမှာဖြစ်သလို ကစားသမားတွေအနေနဲ့ ခရစ္စမတ် ပိတ်ရက်ကို မေ့ထားပြီး ဘောက်ဆင်ဒေး ပွဲစဉ်အတွက် အာရုံစိုက်ကာ ပြင်ဆင်ရလိမ့်မယ်လို့ လမ်းပတ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ချယ်ဆီးမှာ လူငယ်ကစားသမားဖြစ်ခဲ့ပေမယ့် အခု ရီးဒင်းမှာ ကစားနေတဲ့ မိုက်ကယ် အိုလစ်ဟာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ်ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေသလို ချယ်ဆီးကလဲ သူ့ကို ပြန်ခေါ်ဖို့ အလိုရှိ နေပါတယ်။
ချယ်ဆီးအပယ်ခံကစားသမား အီမာဆန်ဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် သူ့ရဲ့ အေးဂျင့်ကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းပယ်ခဲ့ပြီး ကစားသမားနဲ့ လမ်းပတ်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
တီမိုဗာနာဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၉ပွဲမြောက်အဖြစ် ဂိုးပေါက်ပျောက်ခဲ့တဲ့နောက် သူဟာ ပေါင်၅၃သန်းနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မရှိဘူးလို့ ဒါရင်းဘန့်က ထင်မြင်နေသလို ၎င်းဟာ ပင်ကိုယ် ပါရမီရှိတဲ့ ဂိုးသွင်းကောင်းသူမျိုး မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဘင်ချီဝဲဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ၁၀ မိနစ်သာ ကစားခဲ့ရပြီး ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရသလို ဒီနေ့မှာ သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ဓာတ်မှန်ရိုက်ကြည့်မှာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲမှာ သူပါဝင်နိုင်ဖို့ သံသယရှိစရာဖြစ်နေတယ်လို့ လမ်းပတ်က ဆိုပါတယ်။
Zawgyi – ဝက္စ္ဟမ္းဟာ ႐ုန္းကန္ေနရတဲ့ ဆီဘက္ရွန္ဟယ္လာနဲ႔ ဒဏ္ရာျပႆနာရေနတဲ့ အန္တိုနီယို တို႔ကို အေထာက္အပံ့ေပးဖို႔အတြက္ တိုက္စစ္မႉးအသစ္တစ္ေယာက္ အလိုရွိေနသလို မိုယက္စ္က ခ်ယ္ဆီးရဲ႕ ဂ်ီ႐ူးကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။
မန္စီးတီးကို ရႈံးတဲ့ပြဲက အာဆင္နယ္ရဲ႕ ခံစစ္ကို နည္းျပ အာတီတာက ေ၀ဖန္ခဲ့ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာ အမွားေတြ ျပင္ဆင္ျပီး ၾကိဳးစားၾကဖုိ႔ အာဆင္နယ္ အသင္းသားေတြအား တိုက္တြန္းသတိေပးခဲ့ပါတယ္။
တီမိုဗာနာအတြက္ ခ်ယ္ဆီးမွာ အသားက်ဖို႔အခ်ိန္ေပးသင့္ေပမယ့္ ၎ဟာ လိုက္ပ္ဇစ္မွာ တိုက္စစ္မႉးေနရာ ကစားခဲ့ၿပီး လန္ဒန္မွာ ေတာင္ပံအေနနဲ႔ ကစားေနရတာေၾကာင့္ မၾကာခင္မွာ သူ႔ရဲ႕ မူလေနရာကို ေပးကစားဖို႔ ေတာင္းဆိုလာလိမ့္မယ္လို႔ ကာေရဂါက ဆိုပါတယ္။
ဝက္စ္ဟမ္းကို အႏိုင္ရၿပီးေနာက္ ခ်ယ္ဆီးဟာ အာဆင္နယ္နဲ႔ ေတြ႕ရမွာျဖစ္သလို ကစားသမားေတြအေနနဲ႔ ခရစၥမတ္ ပိတ္ရက္ကို ေမ့ထားၿပီး ေဘာက္ဆင္ေဒး ပြဲစဥ္အတြက္ အာ႐ုံစိုက္ကာ ျပင္ဆင္ရလိမ့္မယ္လို႔ လမ္းပတ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးမွာ လူငယ္ကစားသမားျဖစ္ခဲ့ေပမယ့္ အခု ရီးဒင္းမွာ ကစားေနတဲ့ မိုက္ကယ္ အိုလစ္ဟာ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့ၿပီး ပရီးမီးယားလိဂ္ကလပ္မ်ားစြာရဲ႕ စိတ္ဝင္စားမႈကို ရရွိေနသလို ခ်ယ္ဆီးကလဲ သူ႔ကို ျပန္ေခၚဖို႔ အလိုရွိ ေနပါတယ္။
ခ်ယ္ဆီးအပယ္ခံကစားသမား အီမာဆန္ဟာ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖို႔ ထင္ေၾကး ေပးခံခဲ့ရေပမယ့္ သူ႔ရဲ႕ ေအးဂ်င့္ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ျငင္းပယ္ခဲ့ၿပီး ကစားသမားနဲ႔ လမ္းပတ္ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
တီမိုဗာနာဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ၉ပြဲေျမာက္အျဖစ္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ေနာက္ သူဟာ ေပါင္၅၃သန္းနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳး မရွိဘူးလို႔ ဒါရင္းဘန႔္က ထင္ျမင္ေနသလို ၎ဟာ ပင္ကိုယ္ ပါရမီရွိတဲ့ ဂိုးသြင္းေကာင္းသူမ်ိဳး မဟုတ္ဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ဘင္ခ်ီဝဲဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ၁၀ မိနစ္သာ ကစားခဲ့ရၿပီး ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရသလို ဒီေန႔မွာ သူ႔ရဲ႕ ေျခက်င္းဝတ္ဒဏ္ရာကို ဓာတ္မွန္႐ိုက္ၾကည့္မွာျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲမွာ သူပါဝင္ႏိုင္ဖို႔ သံသယရွိစရာျဖစ္ေနတယ္လို႔ လမ္းပတ္က ဆိုပါတယ္။