၂၀၁၇ ယူရိုပါလိဂ်ကို နောက်ဆုံးရခဲ့တဲ့ ယူနိုက်တက်ဟာ ဆုဖလားလက်မဲ့နဲ့ ၃ရာသီကြာ ဖြတ်ကျော်ခဲ့ပြီးနောက် အခုချိန်မှာ ဖလားတစ်ခုခု အောင်မြင်အောင် လုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ နည်းပြ ဆိုးရှားက ဆိုပါတယ်။
ရည်မှန်းချက်ကြီးမားတဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ဆုဖလားတွေအောင်မြင်တဲ့ အသင်းအတွက်ပဲ ကစားပေးချင်တယ် ဆိုတာကို ဆိုးရှားက လက်ခံထားသလို ယူနိုက်တက်က ဖလားရယူနိုင်မှ ကစားသမားတွေကို ဆက် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အမှုဆောင်ဥက္ကဌ အက်ဝုဒ်ဝဒ်ဟာ ကလပ်မှာ အပိုဖြစ်နေတဲ့ ကစားသမားများစွာ ရှိနေတာကြောင့်ဇန်နဝါရီမှာ ကြီးမားတဲ့ ရှင်းထုတ်မှုလုပ်ဖို့ စဉ်းစားနေသလို ဒီရောင်းချမှုကနေ ပေါင် သန်း ၃၀ ကျော်လောက် ပြန်လည် ရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။
လက်စတာနောက်ခံလူ ဂျွန်နီအီဗန်စ်ဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး ယူနိုက်တက်ကို ပြန်ဖို့ ထင်ကြေး ပေးခံရမှုတွေ ရှိနေပေမယ့် နည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ဒီနှစ်မကုန်ခင် သူ့ကိုစာချုပ်သစ်ချုပ်ဖို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ လိဒ်စ်ကို ၆-၂ နဲ့ အနိုင်ရခဲ့တဲ့နောက် တစ်ပွဲလျော့နဲ့ လီဗာပူးကို ၅ မှတ်သာ ကွာဟတော့သလို သူတို့ရဲ့ ကစားပုံနဲ့ ဂိုးသွင်းစွမ်းရည်တွေက လီဗာပူးရဲ့ဖလားကို စိန်ခေါ်နိုင်တယ်ဆိုတာ ပြသနေတယ်လို့ ဂျွန်အိုရှေးက ဆိုပါတယ်။
ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီ ၇ ပွဲသာ ကစားခဲ့ရပေမယ့် အခွင့်အရေးရတိုင်းမှာ အကောင်းဆုံးပုံစံတွေ ပြသပြီး လိဒ်စ်နဲ့ပွဲမှာလဲ ဂိုးသွင်းယူနိုင်ခဲ့သလို သူဟာ ဒုတိယ ရာသီဝက်မှာ ကလပ်အတွက် ပိုပြီး အရေးပါတဲ့နေရာ ရလိမ့်မယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
Zawgyi – ၂၀၁၇ ယူ႐ိုပါလိဂ္ကို ေနာက္ဆုံးရခဲ့တဲ့ ယူႏိုက္တက္ဟာ ဆုဖလားလက္မဲ့နဲ႔ ၃ရာသီၾကာ ျဖတ္ေက်ာ္ခဲ့ၿပီးေနာက္ အခုခ်ိန္မွာ ဖလားတစ္ခုခု ေအာင္ျမင္ေအာင္ လုပ္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ နည္းျပ ဆိုးရွားက ဆိုပါတယ္။
ရည္မွန္းခ်က္ႀကီးမားတဲ့ ကြင္းလယ္လူ ေပါ့ဘာဟာ ဆုဖလားေတြေအာင္ျမင္တဲ့ အသင္းအတြက္ပဲ ကစားေပးခ်င္တယ္ ဆိုတာကို ဆိုးရွားက လက္ခံထားသလို ယူႏိုက္တက္က ဖလားရယူႏိုင္မွ ကစားသမားေတြကို ဆက္ ထိန္းသိမ္းႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕ အမႈေဆာင္ဥကၠဌ အက္ဝုဒ္ဝဒ္ဟာ ကလပ္မွာ အပိုျဖစ္ေနတဲ့ ကစားသမားမ်ားစြာ ရွိေနတာေၾကာင့္ဇန္နဝါရီမွာ ႀကီးမားတဲ့ ရွင္းထုတ္မႈလုပ္ဖို႔ စဥ္းစားေနသလို ဒီေရာင္းခ်မႈကေန ေပါင္ သန္း ၃၀ ေက်ာ္ေလာက္ ျပန္လည္ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
လက္စတာေနာက္ခံလူ ဂြၽန္နီအီဗန္စ္ဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္ၿပီး ယူႏိုက္တက္ကို ျပန္ဖို႔ ထင္ေၾကး ေပးခံရမႈေတြ ရွိေနေပမယ့္ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာကေတာ့ ဒီႏွစ္မကုန္ခင္ သူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ယုံၾကည္ေနပါတယ္။
ယူႏိုက္တက္ဟာ လိဒ္စ္ကို ၆-၂ နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ တစ္ပြဲေလ်ာ့နဲ႔ လီဗာပူးကို ၅ မွတ္သာ ကြာဟေတာ့သလို သူတို႔ရဲ႕ ကစားပုံနဲ႔ ဂိုးသြင္းစြမ္းရည္ေတြက လီဗာပူးရဲ႕ဖလားကို စိန္ေခၚႏိုင္တယ္ဆိုတာ ျပသေနတယ္လို႔ ဂြၽန္အိုေရွးက ဆိုပါတယ္။
ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒီရာသီ ၇ ပြဲသာ ကစားခဲ့ရေပမယ့္ အခြင့္အေရးရတိုင္းမွာ အေကာင္းဆုံးပုံစံေတြ ျပသၿပီး လိဒ္စ္နဲ႔ပြဲမွာလဲ ဂိုးသြင္းယူႏိုင္ခဲ့သလို သူဟာ ဒုတိယ ရာသီဝက္မွာ ကလပ္အတြက္ ပိုၿပီး အေရးပါတဲ့ေနရာ ရလိမ့္မယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။