ယနေ့ နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (23/12/20)

အာဆင်နယ်အသင်းဟာ ညက ကာရာဘောင်းဖလား ပွဲမှာ မန်စီးတီးကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ ၄-၁ နဲ့ အရေးနိမ့်သွားတာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

ထိုပွဲမှာ ပြန် ပါဝင်ကစားတဲ့ လူငယ်တိုက်စစ်သမား မာတင်နယ်လီ ဒဏ်ရာ ရသွားခဲ့တာက ဂန်းနားတို့ အတွက် ထိုးနှက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဆင်နယ် အတွက် ချေပဂိုးကို မာတင်နယ်လီရဲ့ ဖြတ်တင်ဘောကနေ လာကာဇက်က သွင်းယူပေးခဲ့တာပါ။

မန်စီးတီးကို ရှုံးခဲ့တဲ့နောက် အာဆင်နယ်ရဲ့ စိတ်ပျက်စရာ ခံစစ်ကို အာတီတာက ဝေဖန်ပြောဆိုခဲ့ပေမယ့် သူတို့ဟာ အမှားတွေကို ပြင်ဆင်ပြီးရင် နောက်ထပ် ချယ်ဆီးနဲ့ပွဲမှာ ပြန်လာနိုင်ဖို့ ကြိုးစားရမယ်လို့ အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

စီးတီးနဲ့ ကစားသွားတဲ့ အာဆင်နယ် အသင်းမှာ ကစားသမားတွေ အားလုံးလိုလိုက ကလေးသာသာ ကစားသွားကြပြီး ၃-၄ ယောက်လောက်သာ ဒေါင်ဒေါင်မြည် အားထုတ်သွားကြတယ်လို့ ဂျင်မီ ရက်နက်က ထောက်ပြခဲ့ပါတယ်။

ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် နည်းပြ အာတီတာက သူ့အသင်းအတွက် တကယ်ကို တိုက်ရည်ခိုက်ရည် အပြည့်နဲ့ ကစားမယ့်သူတွေ လိုနေတယ်လို့ ဆိုလိုက်ပြီး ဒီပြသနာတွေကို မဖြေရှင်းနိုင်ရင် အာဆင်နယ် ဒုက္ခကြီး ရောက်တော့မယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ လက်ရှိ နည်းပြ အာတီတာကို ဆက်လက် ယုံကြည်မှု မပေးဘဲ ထုတ်ပယ်မယ်ဆိုရင် အမှားကြီး မှားမယ်လို့ စီးတီးနည်းပြ ပက် ဂွာဒီယိုလာက သတိပေး သွားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ကာရာေဘာင္းဖလား ပြဲမွာ မန္စီးတီးကို အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားခဲ့ရာ ၄-၁ နဲ႕ အေရးနိမ့္သြားတာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္။

ထိုပြဲမွာ ျပန္ ပါ၀င္ကစားတဲ့ လူငယ္တိုက္စစ္သမား မာတင္နယ္လီ ဒဏ္ရာ ရသြားခဲ့တာက ဂန္းနားတို႔ အတြက္ ထိုးနွက္မႈၾကီး ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္ အတြက္ ေခ်ပဂိုးကို မာတင္နယ္လီရဲ႕ ျဖတ္တင္ေဘာကေန လာကာဇက္က သြင္းယူေပးခဲ့တာပါ။

မန္စီးတီးကို ရႈံးခဲ့တဲ့ေနာက္ အာဆင္နယ္ရဲ႕ စိတ္ပ်က္စရာ ခံစစ္ကို အာတီတာက ေဝဖန္ေျပာဆိုခဲ့ေပမယ့္ သူတို႔ဟာ အမွားေတြကို ျပင္ဆင္ၿပီးရင္ ေနာက္ထပ္ ခ်ယ္ဆီးနဲ႔ပြဲမွာ ျပန္လာႏိုင္ဖို႔ ႀကိဳးစားရမယ္လို႔ အသင္းသားေတြကို သတိေပးခဲ့ပါတယ္။

စီးတီးနဲ႕ ကစားသြားတဲ့ အာဆင္နယ္ အသင္းမွာ ကစားသမားေတြ အားလံုးလိုလိုက ကေလးသာသာ ကစားသြားၾကျပီး ၃-၄ ေယာက္ေလာက္သာ ေဒါင္ေဒါင္ျမည္ အားထုတ္သြားၾကတယ္လို႔ ဂ်င္မီ ရက္နက္က ေထာက္ျပခဲ့ပါတယ္။

ဖလားျပိဳင္ပြဲက ထြက္ခဲ့ရျပီးေနာက္ နည္းျပ အာတီတာက သူ႔အသင္းအတြက္ တကယ္ကို တိုက္ရည္ခိုက္ရည္ အျပည့္နဲ႕ ကစားမယ့္သူေတြ လိုေနတယ္လို႔ ဆိုလိုက္ျပီး ဒီျပသနာေတြကို မေျဖရွင္းနုိင္ရင္ အာဆင္နယ္ ဒုကၡၾကီး ေရာက္ေတာ့မယ္လို႔ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ အေနနဲ႕ လက္ရွိ နည္းျပ အာတီတာကို ဆက္လက္ ယံုၾကည္မႈ မေပးဘဲ ထုတ္ပယ္မယ္ဆိုရင္ အမွားၾကီး မွားမယ္လို႔ စီးတီးနည္းျပ ပက္ ဂြာဒီယိုလာက သတိေပး သြားခဲ့ပါတယ္။