ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကတော့ ဘောလုံးရာသီ အကုန်မှာ သူ ကစားခဲ့တဲ့ ပွဲ အရေအတွက်ထက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေက ပိုများဖို့ ပစ်မှတ်ထားနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာတော့မယ့် ဒေးဗစ်အလာဘာ ကို ရီးရဲလ်မက်ဒရစ် မသွားအောင် ယူနိုက်တက်က ကြားဝင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
မားကို့စ်ရိုဂျိုဟာ ၂၀၁၄ မှာ ကလပ်ကို ရောက်လာပြီးကတည်းက ပွဲထွက်နေရာရဖို့ မလုပ်နိုင်ခဲ့သလို ဒီရာသီမှာလဲ တစ်ပွဲမှ မကစားခဲ့ရတဲ့နောက် နယူးကာဆယ်နဲ့ ရှက်ဖီးတို့က ဇန်နဝါရီမှာ သူ့ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အန်ဆယ်လော့တီဟာ တချိန်က ယူနိုက်တက်နည်းပြလုပ်ဖို့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရတဲ့အတွက် ဂုဏ်ယူမိပေမယ့် အဲ့ဒီ့အချိန်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့ စကားပြောပြီးသား ဖြစ်တာကြောင့် ယူနိုက်တက်ကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်စတာ တိုက်စစ်မှူး ဂျင်မီ ဗာဒီဟာ ယူနိုက်တက်နဲ့ ပွဲမှာ ပြန် ပါဝင်လာနိုင်မယ်လို့ လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာက မျှော်လင့်ထားပါတယ်။
ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်လာနိုင်စွမ်းကို ပြိုင်ဘက်အသင်းတွေက လျှော့တွက်ရင် မိုက်မဲလွန်းရာ ကျသွားမယ်လို့ လုခ်ရှောက သတိပေးလိုက်ပါတယ်။
လင်ဂတ် ယူနိုက်တက် အတွက် သိပ် ပါဝင် မကစားရ ဖြစ်နေရခြင်းက ကစားသမားဟာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေကြောင့် သီးခြားခွဲနေရတာတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ကေတာ့ ေဘာလံုးရာသီ အကုန္မွာ သူ ကစားခဲ့တဲ့ ပြဲ အေရအတြက္ထက္ သြင္းဂိုးနဲ႕ ဂိုးဖန္တီးမႈေတြက ပိုမ်ားဖို႔ ပစ္မွတ္ထားေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္နဲ႕ ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆံုးလို႔ ထြက္ခြာလာေတာ့မယ့္ ေဒးဗစ္အလာဘာ ကို ရီးရဲလ္မက္ဒရစ္ မသြားေအာင္ ယူနိုက္တက္က ၾကား၀င္ ေခၚယူနိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။
မားကို႔စ္႐ိုဂ်ိဳဟာ ၂၀၁၄ မွာ ကလပ္ကို ေရာက္လာၿပီးကတည္းက ပြဲထြက္ေနရာရဖို႔ မလုပ္ႏိုင္ခဲ့သလို ဒီရာသီမွာလဲ တစ္ပြဲမွ မကစားခဲ့ရတဲ့ေနာက္ နယူးကာဆယ္နဲ႔ ရွက္ဖီးတို႔က ဇန္နဝါရီမွာ သူ႔ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။
အန္ဆယ္ေလာ့တီဟာ တခ်ိန္က ယူႏိုက္တက္နည္းျပလုပ္ဖို႔ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ကမ္းလွမ္းမႈကို ခံခဲ့ရတဲ့အတြက္ ဂုဏ္ယူမိေပမယ့္ အဲ့ဒီ့အခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္နဲ႔ စကားေျပာၿပီးသား ျဖစ္တာေၾကာင့္ ယူႏိုက္တက္ကို ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။
လက္စတာ တိုက္စစ္မွဴး ဂ်င္မီ ဗာဒီဟာ ယူနိုက္တက္နဲ႕ ပြဲမွာ ျပန္ ပါ၀င္လာနုိင္မယ္လို႔ လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာက ေမွ်ာ္လင့္ထားပါတယ္။
ယူနိုက္တက္ရဲ႕ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္လာနုိင္စြမ္းကို ျပိဳင္ဘက္အသင္းေတြက ေလွ်ာ့တြက္ရင္ မိုက္မဲလြန္းရာ က်သြားမယ္လို႔ လုခ္ေရွာက သတိေပးလိုက္ပါတယ္။
လင္ဂတ္ ယူနိုက္တက္ အတြက္ သိပ္ ပါ၀င္ မကစားရ ျဖစ္ေနရျခင္းက ကစားသမားဟာ ကိုရိုနာ ဗိုင္းရပ္စ္ ကာကြယ္ေရး အစီအမံေတြေၾကာင့္ သီးျခားခြဲေနရတာေတြ ရွိေနတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။