ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/12/20)

ယူနိုက်တက်ဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ ကာဗာနီ၊ မာရှယ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့နောက် ဆီမီးဖိုင်နယ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မနှစ်က ဆီမီးဖိုင်နယ် ၃ ခုလုံး ရှုံးနိမ့်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ကျော့ထဲ ကစားရမယ့် ကာရာဘောင်း ဖလားမှာ မန်စီးတီးကို အနိုင်ယူ ကျော်ဖြတ်ပြီး စပါးနဲ့တွေ့နိုင်တဲ့ ဗိုလ်လုပွဲကို ရောက်ရှိနိုင်တယ်လို့ ဆိုးရှားက ယုံကြည်နေပါတယ်။

ဆုဖလားတွေ အောင်မြင်ဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ တွေ့ရမှာ ဖြစ်ပြီး ဖလားကိုင်မြှောက်နိုင်ဖို့အတွက် ကစားရမယ့်၂ပွဲလုံးကို အနိုင်ယူသွားမယ်လို့ မက်ဂွိုင်းယားက ကြုံးဝါးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကာဗာနီက အဖွင့်ဂိုးကို သွင်းယူခဲ့ပေမယ့် အဲဗာတန်ဂိုးသမား အော်ဆန်ရဲ့ လက်စွမ်းပြမှုကြောင့် အခွင့်အရေးများစွာ လွဲချော်ခဲ့တာနဲ့အတူ သူ့အနေနဲ့ ပထမပိုင်းမှာထဲက ၃ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်တယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ပွဲချိန်အတွင်း ကာဗာနီဟာ မီနာရဲ့ လည်ပင်းကို ညှစ်မိသလို ဖြစ်သွားခဲ့ပေမယ့် VAR မရှိတာကြောင့် ဒီပြစ်ဒဏ်အပေါ် အနီကဒ်ပြသခြင်းမခံခဲ့ရသလို အငြင်းပွားမှုတွေ ရှိနေပေမယ့်လဲ ဒိုင်က မှန်မှန်ကန်ကန်ဆုံးဖြတ်ခဲ့တာပါလို့ ဆိုးရှားက ဆိုပါတယ်။

ဒီနေ့မှာ clean sheet ရခဲ့တဲ့ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ သူတို့ရဲ့ တောင့်တင်းတဲ့ ခံစစ်တည်ဆောက်မှုရဲ့ အကူအညီနဲ့အတူ သူ့လက်အောက် ပထမဆုံးအကြိမ် ဖလားဖိုင်နယ်ကိုရောက်အောင် သွားဖို့ကြိုးစားနိုင်တယ်လို့ ဆိုးရှားက ယုံကြည်နေပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္မွာ ကာဗာနီ၊ မာရွယ္တို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြနဲ႔ အဲဗာတန္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ေနာက္ ဆီမီးဖိုင္နယ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးနဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ မႏွစ္က ဆီမီးဖိုင္နယ္ ၃ ခုလုံး ရႈံးနိမ့္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ တစ္ေက်ာ့ထဲ ကစားရမယ့္ ကာရာေဘာင္း ဖလားမွာ မန္စီးတီးကို အႏိုင္ယူ ေက်ာ္ျဖတ္ၿပီး စပါးနဲ႔ေတြ႕ႏိုင္တဲ့ ဗိုလ္လုပြဲကို ေရာက္ရွိႏိုင္တယ္လို႔ ဆိုးရွားက ယုံၾကည္ေနပါတယ္။

ဆုဖလားေတြ ေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ေနတဲ့ ယူႏိုက္တက္ဟာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္မွာ မန္စီးတီးနဲ႔ ေတြ႕ရမွာ ျဖစ္ၿပီး ဖလားကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ကစားရမယ့္၂ပြဲလုံးကို အႏိုင္ယူသြားမယ္လို႔ မက္ဂြိဳင္းယားက ႀကဳံးဝါးခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ကာဗာနီက အဖြင့္ဂိုးကို သြင္းယူခဲ့ေပမယ့္ အဲဗာတန္ဂိုးသမား ေအာ္ဆန္ရဲ႕ လက္စြမ္းျပမႈေၾကာင့္ အခြင့္အေရးမ်ားစြာ လြဲေခ်ာ္ခဲ့တာနဲ႔အတူ သူ႔အေနနဲ႔ ပထမပိုင္းမွာထဲက ၃ဂိုးေလာက္ သြင္းယူႏိုင္ခဲ့သင့္တယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ပြဲခ်ိန္အတြင္း ကာဗာနီဟာ မီနာရဲ႕ လည္ပင္းကို ညႇစ္မိသလို ျဖစ္သြားခဲ့ေပမယ့္ VAR မရွိတာေၾကာင့္ ဒီျပစ္ဒဏ္အေပၚ အနီကဒ္ျပသျခင္းမခံခဲ့ရသလို အျငင္းပြားမႈေတြ ရွိေနေပမယ့္လဲ ဒိုင္က မွန္မွန္ကန္ကန္ဆုံးျဖတ္ခဲ့တာပါလို႔ ဆိုးရွားက ဆိုပါတယ္။

ဒီေန႔မွာ clean sheet ရခဲ့တဲ့ ယူႏိုက္တက္ဟာ ဆီမီးဖိုင္နယ္မွာ သူတို႔ရဲ႕ ေတာင့္တင္းတဲ့ ခံစစ္တည္ေဆာက္မႈရဲ႕ အကူအညီနဲ႔အတူ သူ႔လက္ေအာက္ ပထမဆုံးအႀကိမ္ ဖလားဖိုင္နယ္ကိုေရာက္ေအာင္ သြားဖို႔ႀကိဳးစားႏိုင္တယ္လို႔ ဆိုးရွားက ယုံၾကည္ေနပါတယ္။