ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/12/20)

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဆုံခဲ့တဲ့ ဆီမီး ပြိုင်ဘက် မန်စီးတီးနဲ့ပဲ ပြန်လည် တွေ့ဆုံနေပြီး ဆိုးရှားကတော့ တခါတလေ ဆီမီးဖိုင်နယ် ပွဲတွေဟာ ဗိုလ်လုပွဲ အဆင့်ထက် ခက်ခဲတတ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူး တစ်ဦး သိသာစွာ လိုအပ်နေပေမယ့် ဇန်နဝါရီမှာ အကြီးစား လှုပ်ရှားမှုတွေ မြင်ရမှာ မဟုတ်လောက်ဘူးလို့ ဘာဘာတော့ဗ်က သုံးသပ်ထားပါတယ်။

ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ရဲ့လက်ရှိစာချုပ်က ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်သလို ယူနိုက်တက်ဟာ သူ့ကို ၂၀၂၁ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ စိုးတာကြောင့် အဲ့ဒီ့မတိုင်ခင်အတွင်း စာချုပ် သက်တမ်းတိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆိုမာကို စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် နည်းပြ ဂရေဟမ် ပေါ်တာကတော့ သူ့အတွက် ဘယ်အသင်းကမှ ချဉ်းကပ်မှု မလုပ်ခဲ့ဘူး လို့ ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ ဘယ်ခြမ်း ကစားတဲ့ ဗဟိုခံစစ် တစ်ဦး၊ ညာစွန် ခံစစ်မှူး တစ်ဦး၊ ကွင်းလယ်ဗဟို တစ်ဦးနဲ့ ညာတောင်ပံတိုက်စစ်သမား တစ်ဦးစီ ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

ဖရက်နဲ့ တော်မီနေးတို့ ကစားနေတဲ့ ယူနိုက်တက် ကွင်းလယ်မှာ ဝက်စ်ဟမ်း ကွင်းလယ် ဒီကလန် ရိုက်စ်ကိုသာ ခေါ်ယူနိုင်ခဲ့ရင် တစ်ဆင့် မြင့်သွားမယ်လို့ ဂျွန် ဟက်ဆန်က သုံးသပ်လိုက်ပြီး ရိုက်စ်ကို စီးတီးကလည်း အလိုရှိနေမယ်လို့ ၎င်းက သတိပေးခဲ့ပါတယ်။

Zawgyi – ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္မွာ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ရာသီက ဆံုခဲ့တဲ့ ဆီမီး ျပိဳင္ဘက္ မန္စီးတီးနဲ႕ပဲ ျပန္လည္ ေတြ႔ဆံုေနျပီး ဆိုးရွားကေတာ့ တခါတေလ ဆီမီးဖိုင္နယ္ ပြဲေတြဟာ ဗိုလ္လုပြဲ အဆင့္ထက္ ခက္ခဲတတ္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဗဟိုခံစစ္မွဴး တစ္ဦး သိသာစြာ လိုအပ္ေနေပမယ့္ ဇန္န၀ါရီမွာ အၾကီးစား လႈပ္ရွားမႈေတြ ျမင္ရမွာ မဟုတ္ေလာက္ဘူးလို႔ ဘာဘာေတာ့ဗ္က သံုးသပ္ထားပါတယ္။

ကြင္းလယ္လူ ဂ်က္ဆီလင္ဂတ္ရဲ႕လက္ရွိစာခ်ဳပ္က ရာသီကုန္မွာ သက္တမ္းကုန္ဆုံးမွာ ျဖစ္သလို ယူႏိုက္တက္ဟာ သူ႔ကို ၂၀၂၁ မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ရမွာ စိုးတာေၾကာင့္ အဲ့ဒီ့မတိုင္ခင္အတြင္း စာခ်ဳပ္ သက္တမ္းတိုးမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္၊ အာဆင္နယ္၊ လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က ဘ႐ိုက္တန္ ကြင္းလယ္လူ ဘစ္ဆိုမာကို စိတ္ဝင္စားေနတယ္ ဆိုတဲ့ သတင္းေတြ ထြက္ေနေပမယ့္ နည္းျပ ဂေရဟမ္ ေပၚတာကေတာ့ သူ႔အတြက္ ဘယ္အသင္းကမွ ခ်ဥ္းကပ္မႈ မလုပ္ခဲ့ဘူး လို႔ ဖြင့္ဟခဲ့ပါတယ္။

ဖရက္နဲ႕ ေတာ္မီေနးတို႔ ကစားေနတဲ့ ယူနိုက္တက္ ကြင္းလယ္မွာ ၀က္စ္ဟမ္း ကြင္းလယ္ ဒီကလန္ ရိုက္စ္ကိုသာ ေခၚယူနိုင္ခဲ့ရင္ တစ္ဆင့္ ျမင့္သြားမယ္လို႔ ဂၽြန္ ဟက္ဆန္က သံုးသပ္လိုက္ျပီး ရိုက္စ္ကို စီးတီးကလည္း အလိုရွိေနမယ္လို႔ ၄င္းက သတိေပးခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ေစ်းကြက္ထဲမွာ ဘယ္ျခမ္း ကစားတဲ့ ဗဟိုခံစစ္ တစ္ဦး၊ ညာစြန္ ခံစစ္မွဴး တစ္ဦး၊ ကြင္းလယ္ဗဟို တစ္ဦးနဲ႕ ညာေတာင္ပံတိုက္စစ္သမား တစ္ဦးစီ ျဖန္႔က်က္ ရွာေဖြေနေၾကာင္း သိရပါတယ္။