ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (25/12/20)

မားကို့စ် အလွန်ဆိုဟာ နည်းပြလမ်းပတ်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်း အသင်းမှာ ချန်လှပ်ခံထားရပြီး ရောင်းချခံရဖို့ ရှိနေသလို အက်သလက်တီကို မက်ဒရစ်က သူ့ကိုစိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ ကမ်းလှမ်းမှုလုပ်သွားဖို့ ရှိနေပါတယ်။

ဘီလီဂေလ်မာဟာ အသင်းကြီးမှာ အခွင့်အရေးရတိုင်း အထင်ကြီးစရာလုပ်ပြခဲ့ပေမယ့် ချယ်ဆီးမှာ လူအင်အားများပြားမှုကြောင့် ပုံမှန် ကစားချိန်အတွက် အသင်းကနေ ထွက်ခွာချင်နေသလို လမ်းပတ်က သူ့ကို အငှားချရမလား၊ ဆက်ထိန်းထားရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်။

ချယ်ဆီးက အဆင့်၅၊ အာဆင်နယ်က အဆင့်၁၅ ဖြစ်ပြီး ကြားထဲမှာ ၁၁ မှတ် ကွာနေပေမယ့် အခြေအနေဆိုးရွားနေတဲ့ အာဆင်နယ်ကို လျှော့တွက်လို့မရဘူးလို့ အက်ဇ်ပီလီကွီတာက သတိပေးခဲ့ပြီး သူတို့နဲ့ တွေ့တဲ့အခါ အကောင်းဆုံးပုံစံပြသဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ နိုဝင်ဘာ ၁ ရက်နောက်ပိုင်းပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ ရရှိဖို့ မျှော်လင့်နေသလို ချယ်ဆီးနဲ့ ဘောက်ဆင်ဒေးပွဲကိုပါဝင်ဖို့ အူဘာမီးယန်းက မရေမရာ ဖြစ်နေပေမယ့် သောမတ်စ်ပါတေးပါ လွဲချော်ရမှာက အာတီတာအတွက် စိတ်ပျက်စရာ ဖြစ်စေမှာပါ။

ဒီယေဂို ကော်စတာဟာ ဇန်နဝါရီမှာ အက်သလက်တီကိုကနေ ထွက်ခွာနိုင်ဖွယ် ရှိနေသလို ဖေဖော်ဝါရီမှာကစားမယ့် ချယ်ဆီးနဲ့ပွဲကို လွဲချော်ရနိုင်ပြီး ထရစ်ပီယာကလဲ စည်းကမ်းဖောက်မှုနဲ့ ၁၀ ပတ် ပိတ်ပင်ခံရတာကြောင့် ဒီပွဲကို ကစားနိုင်မှာမဟုတ်ပါဘူး။

ဝက်စ်ဟမ်းက သူတို့ကွင်းလယ်လူကို ဆက်ထိန်းထားချင်နေတာကြောင့် ချယ်ဆီးဟာ နွေရာသီမှာ ဒီကလန်ရိုက်စ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် ဇန်နဝါရီမှာတော့ ဝက်စ်ဟမ်းရဲ့တင်းခံနေမှုကိုရိုက်ချိုးပြီး ၎င်းကို အရခေါ်ယူသွားမယ်လို့ သိရပါတယ်။

တန်မီအေဗရာဟမ်ဟာ ဝက်စ်ဟမ်းကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် ပရီးမီးယားလိဂ် ဂိုး၂၀ ပြည့်တဲ့ ချယ်ဆီးရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး နံပါတ်၁ စံချိန်ရှင်ကတော့ အီဒင်ဟာဇက်ပဲ ဖြစ်ပါတယ်။

သီယာဂိုဆေးဗားဟာ ချယ်ဆီးရဲ့ခံစစ်မှာ ကတ်ဇူးမားနဲ့အတူ အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး သူ့ရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံနဲ့ အသင်းကို ဦးဆောင်နိုင်ခဲ့သလို သူက ကလပ်ရဲ့ အကောင်းဆုံးနွေရာသီခေါ်ယူမှုဖြစ်တယ်လို့ တင်ရှားဝုဒ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – မားကို႔စ္ အလြန္ဆိုဟာ နည္းျပလမ္းပတ္နဲ႔ ကေတာက္ကဆ ျဖစ္ၿပီးေနာက္ပိုင္း အသင္းမွာ ခ်န္လွပ္ခံထားရၿပီး ေရာင္းခ်ခံရဖို႔ ရွိေနသလို အက္သလက္တီကို မက္ဒရစ္က သူ႔ကိုစိတ္ဝင္စားေနၿပီး ဇန္နဝါရီမွာ ကမ္းလွမ္းမႈလုပ္သြားဖို႔ ရွိေနပါတယ္။

ဘီလီေဂလ္မာဟာ အသင္းႀကီးမွာ အခြင့္အေရးရတိုင္း အထင္ႀကီးစရာလုပ္ျပခဲ့ေပမယ့္ ခ်ယ္ဆီးမွာ လူအင္အားမ်ားျပားမႈေၾကာင့္ ပုံမွန္ ကစားခ်ိန္အတြက္ အသင္းကေန ထြက္ခြာခ်င္ေနသလို လမ္းပတ္က သူ႔ကို အငွားခ်ရမလား၊ ဆက္ထိန္းထားရမလား ဆိုတာ ေဝခြဲမရ ျဖစ္ေနပါတယ္။

ခ်ယ္ဆီးက အဆင့္၅၊ အာဆင္နယ္က အဆင့္၁၅ ျဖစ္ၿပီး ၾကားထဲမွာ ၁၁ မွတ္ ကြာေနေပမယ့္ အေျခအေနဆိုး႐ြားေနတဲ့ အာဆင္နယ္ကို ေလွ်ာ့တြက္လို႔မရဘူးလို႔ အက္ဇ္ပီလီကြီတာက သတိေပးခဲ့ၿပီး သူတို႔နဲ႔ ေတြ႕တဲ့အခါ အေကာင္းဆုံးပုံစံျပသဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ႏိုဝင္ဘာ ၁ ရက္ေနာက္ပိုင္းပထမဆုံး ပရီးမီးယားလိဂ္ႏိုင္ပြဲ ရရွိဖို႔ ေမွ်ာ္လင့္ေနသလို ခ်ယ္ဆီးနဲ႔ ေဘာက္ဆင္ေဒးပြဲကိုပါဝင္ဖို႔ အူဘာမီးယန္းက မေရမရာ ျဖစ္ေနေပမယ့္ ေသာမတ္စ္ပါေတးပါ လြဲေခ်ာ္ရမွာက အာတီတာအတြက္ စိတ္ပ်က္စရာ ျဖစ္ေစမွာပါ။

ဒီေယဂို ေကာ္စတာဟာ ဇန္နဝါရီမွာ အက္သလက္တီကိုကေန ထြက္ခြာႏိုင္ဖြယ္ ရွိေနသလို ေဖေဖာ္ဝါရီမွာကစားမယ့္ ခ်ယ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ရႏိုင္ၿပီး ထရစ္ပီယာကလဲ စည္းကမ္းေဖာက္မႈနဲ႔ ၁၀ ပတ္ ပိတ္ပင္ခံရတာေၾကာင့္ ဒီပြဲကို ကစားႏိုင္မွာမဟုတ္ပါဘူး။

ဝက္စ္ဟမ္းက သူတို႔ကြင္းလယ္လူကို ဆက္ထိန္းထားခ်င္ေနတာေၾကာင့္ ခ်ယ္ဆီးဟာ ေႏြရာသီမွာ ဒီကလန္႐ိုက္စ္ကို မေခၚယူႏိုင္ခဲ့ေပမယ့္ ဇန္နဝါရီမွာေတာ့ ဝက္စ္ဟမ္းရဲ႕တင္းခံေနမႈကို႐ိုက္ခ်ိဳးၿပီး ၎ကို အရေခၚယူသြားမယ္လို႔ သိရပါတယ္။

တန္မီေအဗရာဟမ္ဟာ ဝက္စ္ဟမ္းကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ပရီးမီးယားလိဂ္ ဂိုး၂၀ ျပည့္တဲ့ ခ်ယ္ဆီးရဲ႕ ဒုတိယေျမာက္ အသက္အငယ္ဆုံး ကစားသမားျဖစ္လာခဲ့ၿပီး နံပါတ္၁ စံခ်ိန္ရွင္ကေတာ့ အီဒင္ဟာဇက္ပဲ ျဖစ္ပါတယ္။

သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးရဲ႕ခံစစ္မွာ ကတ္ဇူးမားနဲ႔အတူ အေရးပါတဲ့ ကစားသမား ျဖစ္လာခဲ့ၿပီး သူ႔ရဲ႕ ႂကြယ္ဝတဲ့ အေတြ႕အႀကဳံနဲ႔ အသင္းကို ဦးေဆာင္ႏိုင္ခဲ့သလို သူက ကလပ္ရဲ႕ အေကာင္းဆုံးေႏြရာသီေခၚယူမႈျဖစ္တယ္လို႔ တင္ရွားဝုဒ္က ေျပာဆိုခဲ့ပါတယ္။