နွေရာသီတုန်းက ယူနိုက်တက်တို့ခေါ်ယူဖို့ကြိုးစားခဲ့တဲ့ ဆန်ချိုဟာ ဒီရာသီမှာ ပုံစံကောင်း ရရှိဖို့ ရုန်းကန် နေရပေမယ့် ယူနိုက်တက်ကတော့ လူငယ်ကစားသမားရဲ့ ခြေစွမ်း မတည်ငြိမ်မှုကို ဂရုမစိုက်ပဲ နောက်နွေရာသီမှာ ၎င်းအတွက် ထပ်မံ ကြိုးစားဦးမှာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ကလပ်ကို ရောက်လာပြီးကတည်းက အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပြီး မက်ဂွိုင်းယားကလဲ ခံစစ်ရဲ့ တောင့်တင်းမှုတွေကို ထပ်မံ အားဖြည့်ပေးခဲ့သလို သူတို့နှစ်ယောက်က အစားထိုး မရတဲ့သူတွေဖြစ်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။
ကာရောဘောင်း ဖလား ဆီမီးဖိုင်နယ် မဲခွဲမှုမှာ ယူနိုက်တက်နဲ့ စီးတီးတို့ ကျခဲ့တဲ့နောက် ဒါဟာ ပြည်တွင်းပြိုင်ပွဲတစ်ခုမှာ မန်ချက်စတာ ဒါဘီ ကစားရမယ့် ၂၁ ကြိမ်မြောက်ဖြစ်ပြီး ယခင်ကစားခဲ့တဲ့ ပွဲ၂၀မှာ ယူနိုက်တက်က ၁၂ ပွဲနိုင်၊ စီးတီးက ၇ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။
ရွန်းနီဟာ ဒါဘီနည်းပြဘဝ ပထမဆုံးခေါ်ယူမှုအနေနဲ့ အသင်းဟောင်းမှာ ရုန်းကန်နေရတဲ့ ဖီးဂျုံးစ်ကို ခေါ်ယူနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူက ယူနိုက်တက် ကစားသမားဖြစ်နေသေးတာကြောင့် ဒါကို မပြောနိုင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။
ကာဗာနီက ရေတိုသာ သုံးလို့ရတာကြောင့် ယူနိုက်တက်ဟာ တိုက်စစ်မှူးအသစ် တစ်ယောက်ထပ်မံခေါ်ယူလိုနေပြီး ဟာလန်းကို စိတ်ဝင်စားခဲ့ပေမယ့် သူ့အေးဂျင့်က ရိုင်အိုလာ ဖြစ်နေတာကြောင့် ကယ်ဗတ်လီဝင်ကို ပြောင်းလဲ ပစ်မှတ်ထားခဲ့ပါတယ်။
ယူနိုက်တက်ခံစစ်က လက်ရှိမှာ ပုံစံကောင်းရှိနေပေမယ့်လဲ ထိပ်ဆုံး ၁၀သင်းထဲမှာ ဂိုးအများဆုံးပေးထားရတာနဲ့အတူ ၂၀၂၁ မှာ နောက်ခံလူအသစ်တစ်ယောက် ခေါ်ယူဖို့ရှိပြီး ယူရိုသန်း၄၀ တန်ကြေးရှိတဲ့ ဖီအိုရင်တီးနားနောက်ခံလူ မီလန်ကိုဗစ်ကို ချိန်ရွယ်နေပါတယ်။
Zawgyi – ေႏြရာသီတုန္းက ယူႏိုက္တက္တို႔ေခၚယူဖို႔ႀကိဳးစားခဲ့တဲ့ ဆန္ခ်ိဳဟာ ဒီရာသီမွာ ပုံစံေကာင္း ရရွိဖို႔ ႐ုန္းကန္ ေနရေပမယ့္ ယူႏိုက္တက္ကေတာ့ လူငယ္ကစားသမားရဲ႕ ေျခစြမ္း မတည္ၿငိမ္မႈကို ဂ႐ုမစိုက္ပဲ ေနာက္ေႏြရာသီမွာ ၎အတြက္ ထပ္မံ ၾကိဳးစားဦးမွာပါ။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ကလပ္ကို ေရာက္လာၿပီးကတည္းက အေကာင္းဆုံးကစားသမား ျဖစ္ခဲ့ၿပီး မက္ဂြိဳင္းယားကလဲ ခံစစ္ရဲ႕ ေတာင့္တင္းမႈေတြကို ထပ္မံ အားျဖည့္ေပးခဲ့သလို သူတို႔ႏွစ္ေယာက္က အစားထိုး မရတဲ့သူေတြျဖစ္တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။
ကာေရာေဘာင္း ဖလား ဆီမီးဖိုင္နယ္ မဲခြဲမႈမွာ ယူႏိုက္တက္နဲ႔ စီးတီးတို႔ က်ခဲ့တဲ့ေနာက္ ဒါဟာ ျပည္တြင္းၿပိဳင္ပြဲတစ္ခုမွာ မန္ခ်က္စတာ ဒါဘီ ကစားရမယ့္ ၂၁ ႀကိမ္ေျမာက္ျဖစ္ၿပီး ယခင္ကစားခဲ့တဲ့ ပြဲ၂၀မွာ ယူႏိုက္တက္က ၁၂ ပြဲႏိုင္၊ စီးတီးက ၇ ပြဲႏိုင္ၿပီး ၁ ပြဲသေရက်ထားပါတယ္။
႐ြန္းနီဟာ ဒါဘီနည္းျပဘဝ ပထမဆုံးေခၚယူမႈအေနနဲ႔ အသင္းေဟာင္းမွာ ႐ုန္းကန္ေနရတဲ့ ဖီးဂ်ဳံးစ္ကို ေခၚယူႏိုင္တယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ သူက ယူႏိုက္တက္ ကစားသမားျဖစ္ေနေသးတာေၾကာင့္ ဒါကို မေျပာႏိုင္ဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။
ကာဗာနီက ေရတိုသာ သုံးလို႔ရတာေၾကာင့္ ယူႏိုက္တက္ဟာ တိုက္စစ္မႉးအသစ္ တစ္ေယာက္ထပ္မံေခၚယူလိုေနၿပီး ဟာလန္းကို စိတ္ဝင္စားခဲ့ေပမယ့္ သူ႔ေအးဂ်င့္က ႐ိုင္အိုလာ ျဖစ္ေနတာေၾကာင့္ ကယ္ဗတ္လီဝင္ကို ေျပာင္းလဲ ပစ္မွတ္ထားခဲ့ပါတယ္။
ယူႏိုက္တက္ခံစစ္က လက္ရွိမွာ ပုံစံေကာင္းရွိေနေပမယ့္လဲ ထိပ္ဆုံး ၁၀သင္းထဲမွာ ဂိုးအမ်ားဆုံးေပးထားရတာနဲ႔အတူ ၂၀၂၁ မွာ ေနာက္ခံလူအသစ္တစ္ေယာက္ ေခၚယူဖို႔ရွိၿပီး ယူ႐ိုသန္း၄၀ တန္ေၾကးရွိတဲ့ ဖီအိုရင္တီးနားေနာက္ခံလူ မီလန္ကိုဗစ္ကို ခ်ိန္႐ြယ္ေနပါတယ္။