ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (25/12/20)

မက်ဂွဲရားကတော့ လက်စတာနဲ့ ပွဲမှာ ယခင်အသင်းဖော်ဟောင်း ဗာဒီရဲ့ လှုပ်ရှားမှုတွေကို အတွင်းကျကျ သိထားသူ ဖြစ်တာကြောင့် အသုံးချသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူး မာရှယ်ဟာ ခြေစွမ်းကောင်းတွေ ပြန်ရတာနဲ့ နောက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ အဆင့် မြင့်လာနေတယ် လို့ နည်းပြ ဆိုးရှားက ယုံကြည်နေပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာ က အောက်တိုဘာလထဲမှာ ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် လိုက်ပ်ဇစ် အသင်း ထရိန်နင်ကွင်းသို့ လာရောက် လည်ပတ်ခဲ့ပြီး ပွဲအတွက် အကြံများပေးခဲ့ကြောင်း လိုက်ပ်ဇစ်နည်းပြ နေဂေးစ်မန်း က ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဇယားမှာ တစ်ပွဲကျန် အဆင့်၃ ရနေသလို ဇန်နဝါရီမှာ မှန်ကန်တဲ့ ခေါ်ယူမှုတွေ လုပ်နိုင်ရင် ဖလား စိန်ခေါ်နိုင်ဖို့ အခွင့်အရေး ပိုရှိစေမှာဖြစ်ပေမယ့် ဆိုးရှားက လိုအပ်တဲ့ အသုံးစရိတ် ရရှိမှာ မဟုတ်ဘူးလို့ ဒွန်ကန် ကက်စတယ် က ထင်နေပါတယ်။

ချန်ပီယံလိဂ်ကနေ ထွက်ရပြီးနောက် ဝေဖန်မှုတွေများစွာရခဲ့တဲ့ ယူနိုက်တက်ဟာ အခု အခြေအနေကောင်းတွေ ပြန်လည် ရရှိ လာတာနဲ့အတူ ကစားသမားတွေအနေနဲ့ ဖလားအကြောင်း ပြောဆိုမှုတွေကို လျစ်လျူရှုပြီး အသင်း တိုးတက်ဖို့ကိုသာ အာရုံ စိုက်ထားသင့်တယ်လို့ ဆိုးရှားက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ခရစ္စမတ်နေ့ အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေက ကာရင်တန် ထရိန်နင်ကွင်းထံ လေ့ကျင့်ကြဖို့ ရောက်ရှိလာနေကြပါတယ်။

Zawgyi – မက္ဂြဲရားကေတာ့ လက္စတာနဲ႕ ပြဲမွာ ယခင္အသင္းေဖာ္ေဟာင္း ဗာဒီရဲ႕ လႈပ္ရွားမႈေတြကို အတြင္းက်က် သိထားသူ ျဖစ္တာေၾကာင့္ အသံုးခ်သြားမယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

တိုက္စစ္မွဴး မာရွယ္ဟာ ေျခစြမ္းေကာင္းေတြ ျပန္ရတာနဲ႕ ေနာက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြနဲ႕ အဆင့္ ျမင့္လာေနတယ္ လို႔ နည္းျပ ဆိုးရွားက ယံုၾကည္ေနပါတယ္။

မန္စီးတီးနည္းျပ ဂြာဒီယိုလာ က ေအာက္တိုဘာလထဲမွာ ယူနိုက္တက္နဲ႕ ပြဲမတိုင္ခင္ လိုက္ပ္ဇစ္ အသင္း ထရိန္နင္ကြင္းသို႔ လာေရာက္ လည္ပတ္ခဲ့ျပီး ပြဲအတြက္ အၾကံမ်ားေပးခဲ့ေၾကာင္း လိုက္ပ္ဇစ္နည္းျပ ေနေဂးစ္မန္း က ဖြင့္ဟခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အမွတ္ေပးဇယားမွာ တစ္ပြဲက်န္ အဆင့္၃ ရေနသလို ဇန္နဝါရီမွာ မွန္ကန္တဲ့ ေခၚယူမႈေတြ လုပ္ႏိုင္ရင္ ဖလား စိန္ေခၚႏိုင္ဖို႔ အခြင့္အေရး ပိုရွိေစမွာျဖစ္ေပမယ့္ ဆိုးရွားက လိုအပ္တဲ့ အသုံးစရိတ္ ရရွိမွာ မဟုတ္ဘူးလို႔ ဒြန္ကန္ ကက္စတယ္ က ထင္ေနပါတယ္။

ခ်န္ပီယံလိဂ္ကေန ထြက္ရၿပီးေနာက္ ေဝဖန္မႈေတြမ်ားစြာရခဲ့တဲ့ ယူႏိုက္တက္ဟာ အခု အေျခအေနေကာင္းေတြ ျပန္လည္ ရရွိ လာတာနဲ႔အတူ ကစားသမားေတြအေနနဲ႔ ဖလားအေၾကာင္း ေျပာဆိုမႈေတြကို လ်စ္လ်ဴရႈၿပီး အသင္း တိုးတက္ဖို႔ကိုသာ အာ႐ုံ စိုက္ထားသင့္တယ္လို႔ ဆိုးရွားက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ခရစၥမတ္ေန႔ အေစာပိုင္းမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းသားေတြက ကာရင္တန္ ထရိန္နင္ကြင္းထံ ေလ့က်င့္ၾကဖို႔ ေရာက္ရွိလာေနၾကပါတယ္။