ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/12/20)

ဇန်နဝါရီမှာ မှန်ကန်တဲ့ ခေါ်ယူမှုတွေလုပ်မှ ယူနိုက်တက်အတွက် ဖလားစိန်ခေါ်ဖို့ ကူညီပေးနိုင်မှာဖြစ်သလို ကလပ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ဆိုရင် ဂျက်ဂရီးလစ်ရှ်နဲ့ ဂျေဒန် ဆန်ချိုတို့ကို ခေါ်ယူဖို့ လိုလိမ့်မယ်လို့ အီယန်ရိုက်က ထောက်ခံပြောဆိုခဲ့ပါတယ်။

လက်စတာဟာ ယူနိုက်တက်ထက် ၁ မှတ်အသာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး လီဗာပူးကို အမီလိုက်နေပေမယ့် ပရီးမီးယားလိဂ်ဖလားပြိုင်ဆိုင်မှုမှာ ယူနိုက်တက်ရဲ့ အခွင့်အရေးကို လျှော့တွက်လို့မရဘူးလို့ ဘရန်ဒန် ရော်ဂျာက ပြောဆိုခဲ့ပါတယ်။

ဘောက်ဆင်ဒေးမှာ လက်စတာနဲ့ ယူနိုက်တက်တို့ တွေ့ရမယ့်ပွဲမတိုင်ခင် ဘရန်ဒန် ရော်ဂျာက လက်စတာဟာ မနှစ်က အတွေ့အကြုံတွေကြောင့် အမှတ်ပေးဇယားထိပ်ပိုင်းက ဖိအားတွေကို ယူနိုက်တက်ထက် ပိုကောင်းကောင်း ဖြေရှင်းနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် ၂ ကြိမ် အောင်မြင်ခဲ့ဖူးတဲ့ မာတစ်ဟာ ယူနိုက်တက်မှာလဲ အဲ့ဒီ့အောင်မြင်မှုမျိုး ထပ်မံ ရရှိဖို့ အလိုရှိနေသလို ၂၀၂၁ မှာ သူ့ရဲ့ ရည်မှန်းချက်တွေက ပရိသတ်တွေကို ပြန်မြင်ရဖို့နဲ့ ချန်ပီယံ ဆုတံဆိပ် ရရှိဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ လင်ဂတ်ကို အသုံးမပြုပေမယ့်လဲ နွေရာသီမှာ အလွတ်ထွက်ခွာခွင့် မပေးရဖို့ သူ့ကို စာချုပ် တစ်နှစ် သက်တမ်းတိုးပြီး အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ရေရှည် အနာဂတ်အပေါ် ဆုံးဖြတ်ချက်ချဖို့ အချိန်ယူစဉ်းစားသွားမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်က ထွက်ရပြီးနောက် ဝေဖန်မှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေအနေနဲ့ အခုတစ်ဖန် ရလာတဲ့ ချီးကျူးမှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ယူပြီး ကိုယ့်အလုပ်ကို အာရုံစိုက်ထားရမယ်လို့ ဆိုးရှားက တိုက်တွန်းခဲ့ပါတယ်။

Zawgyi – ဇန္နဝါရီမွာ မွန္ကန္တဲ့ ေခၚယူမႈေတြလုပ္မွ ယူႏိုက္တက္အတြက္ ဖလားစိန္ေခၚဖို႔ ကူညီေပးႏိုင္မွာျဖစ္သလို ကလပ္ရဲ႕ အဆင့္အတန္းကို ျမႇင့္တင္ဖို႔ဆိုရင္ ဂ်က္ဂရီးလစ္ရွ္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကို ေခၚယူဖို႔ လိုလိမ့္မယ္လို႔ အီယန္႐ိုက္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။

လက္စတာဟာ ယူႏိုက္တက္ထက္ ၁ မွတ္အသာနဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနၿပီး လီဗာပူးကို အမီလိုက္ေနေပမယ့္ ပရီးမီးယားလိဂ္ဖလားၿပိဳင္ဆိုင္မႈမွာ ယူႏိုက္တက္ရဲ႕ အခြင့္အေရးကို ေလွ်ာ့တြက္လို႔မရဘူးလို႔ ဘရန္ဒန္ ေရာ္ဂ်ာက ေျပာဆိုခဲ့ပါတယ္။

ေဘာက္ဆင္ေဒးမွာ လက္စတာနဲ႔ ယူႏိုက္တက္တို႔ ေတြ႕ရမယ့္ပြဲမတိုင္ခင္ ဘရန္ဒန္ ေရာ္ဂ်ာက လက္စတာဟာ မႏွစ္က အေတြ႕အႀကဳံေတြေၾကာင့္ အမွတ္ေပးဇယားထိပ္ပိုင္းက ဖိအားေတြကို ယူႏိုက္တက္ထက္ ပိုေကာင္းေကာင္း ေျဖရွင္းႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီးနဲ႔ ပရီးမီးယားလိဂ္ ၂ ႀကိမ္ ေအာင္ျမင္ခဲ့ဖူးတဲ့ မာတစ္ဟာ ယူႏိုက္တက္မွာလဲ အဲ့ဒီ့ေအာင္ျမင္မႈမ်ိဳး ထပ္မံ ရရွိဖို႔ အလိုရွိေနသလို ၂၀၂၁ မွာ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြက ပရိသတ္ေတြကို ျပန္ျမင္ရဖို႔နဲ႔ ခ်န္ပီယံ ဆုတံဆိပ္ ရရွိဖို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ယူႏိုက္တက္ဟာ လင္ဂတ္ကို အသုံးမျပဳေပမယ့္လဲ ေႏြရာသီမွာ အလြတ္ထြက္ခြာခြင့္ မေပးရဖို႔ သူ႔ကို စာခ်ဳပ္ တစ္ႏွစ္ သက္တမ္းတိုးၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔ရဲ႕ ေရရွည္ အနာဂတ္အေပၚ ဆုံးျဖတ္ခ်က္ခ်ဖို႔ အခ်ိန္ယူစဥ္းစားသြားမွာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္က ထြက္ရၿပီးေနာက္ ေဝဖန္မႈေတြကို ႀကံ့ႀကံ့ခံ ေက်ာ္ျဖတ္ခဲ့တဲ့ ယူႏိုက္တက္ ကစားသမားေတြအေနနဲ႔ အခုတစ္ဖန္ ရလာတဲ့ ခ်ီးက်ဴးမႈေတြကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ သင္ယူၿပီး ကိုယ့္အလုပ္ကို အာ႐ုံစိုက္ထားရမယ္လို႔ ဆိုးရွားက တိုက္တြန္းခဲ့ပါတယ္။