၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ယူနိုက်တက်ရဲ့ ဂျာစီ သုံးမျိုးလုံး ပေါက်ကြားနေပါပြီ

UNICODE – ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ယူနိုက်တက် ဝတ်ဆင်ကစားမယ့် အိမ်ကွင်းဂျာစီ၊ အဝေးကွင်းဂျာစီ၊ တတိယဂျာစီတို့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီဂျာစီတွေထဲမှာ အစောပိုင်းမှာတုန်းက မေလအတွင်း အဝေးကွင်းဂျာစီ တစ်ထည်ကို ကြေညာပေးမှာ ဖြစ်ပေမယ့် ကိုရိုနာ ကပ်ဘေးကြောင့် နောက်ဆုတ်သွားခဲ့တာပါ။ အခုဖော်ပြမယ့် ဂျာစီတွေ အားလုံးက အသင်းဝဘ်ဆိုဒ်က တရားဝင် ကြေညာပေးခြင်း မရှိသေးပေမယ့် မန်ချက်စတာအခြေစိုက် သတင်းဌာနတွေဘက်က ထုတ်ဖော်မှုတွေအရ ပရိသတ်တွေကြားမှာ ပေါ်ကြားထားတဲ့ ဂျာစီတွေဖြစ်ပါတယ်။

အိမ်ကွင်းဂျာစီ

၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ယူနိုက်တက်ရဲ့ အိမ်ကွင်းဂျာစီကတော့ အနီရောင်ပေါ်မှာ အဝါနဲ့ အနက် လှိုင်းတွေ ပါဝင်နေတာပါ။ အဆိုပါ ဂျာစီဒီဇိုင်းက အွန်လိုင်းမှာ ပေါက်ကြားနေတာ ကြာခဲ့ပြီဖြစ်ပြီး ပရိသတ်တွေဘက်ကတော့ အဝါရောင်နဲ့ အနက်ရောင်က ထည့်ဖို့ သေချာကော လိုရဲ့လားလို့ မေးခွန်းထုတ်ထားပါတယ်။

အဝေးကွင်းဂျာစီ

၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် အဝေးကွင်း ဂျာစီကတော့ ဂန္တဝင်စိမ်းရောင်ကို အဖြူရောင် လိုဂိုတွေ ပုခုံးစင်း တွေနဲ့ ဖန်တီးထားပါတယ်။ အဆိုပါ ဂျာစီကိုတော့ ဒီလထဲမှာ ကြေညာရမှာဖြစ်ပေမယ့် ကိုရိုနာ ကပ်ဘေးကြောင့် ရွေးဆိုင်းလိုက်ခြင်းဖြစ်ကာ ပရိသတ်တွေ နှစ်သက်တဲ့ ဂျာစီဒီဇိုင်း ဖြစ်ပါတယ်။

တတိယမြောက် အဝေးကွင်းဂျာစီ

ယူနိုက်တက်ရဲ့ တတိယဂျာစီက နှစ်တိုင်းမှာ ထူးခြားတဲ့ ဒီဇိုင်း၊ အရောင်တွေနဲ့ ထွက်ရှိလာတတ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အဖြူနဲ့ အနက်ရောင်တွေ ရောစပ်ထားတဲ့ ဒီဇိုင်းဖြစ်တယ်။ မတ်လမှာ ပရိသတ်တွေကြား စတင်ပျံ့နှံ့လာခဲ့ကာ ဒီဂျာစီဒီဇိုင်းအတွက် မှတ်ချက်တွေက ထူးဆန်းပါတယ်။

ZAWGYI – ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ယူႏုိက္တက္ ဝတ္ဆင္ကစားမယ့္ အိမ္ကြင္းဂ်ာစီ၊ အေဝးကြင္းဂ်ာစီ၊ တတိယဂ်ာစီတို႔ ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

ဒီဂ်ာစီေတြထဲမွာ အေစာပိုင္းမွာတုန္းက ေမလအတြင္း အေဝးကြင္းဂ်ာစီ တစ္ထည္ကို ေၾကညာေပးမွာ ျဖစ္ေပမယ့္ ကိုရိုနာ ကပ္ေဘးေၾကာင့္ ေနာက္ဆုတ္သြားခဲ့တာပါ။ အခုေဖာ္ျပမယ့္ ဂ်ာစီေတြ အားလံုးက အသင္းဝဘ္ဆိုဒ္က တရားဝင္ ေၾကညာေပးျခင္း မရွိေသးေပမယ့္ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနေတြဘက္က ထုတ္ေဖာ္မႈေတြအရ ပရိသတ္ေတြၾကားမွာ ေပၚၾကားထားတဲ့ ဂ်ာစီေတြျဖစ္ပါတယ္။

အိမ္ကြင္းဂ်ာစီ

၂၀၂၀-၂၀၂၁ ခုႏွစ္အတြက္ ယူႏုိက္တက္ရဲ႕ အိမ္ကြင္းဂ်ာစီကေတာ့ အနီေရာင္ေပၚမွာ အဝါနဲ႔ အနက္ လိႈင္းေတြ ပါဝင္ေနတာပါ။ အဆိုပါ ဂ်ာစီဒီဇိုင္းက အြန္လိုင္းမွာ ေပါက္ၾကားေနတာ ၾကာခဲ့ျပီျဖစ္ျပီး ပရိသတ္ေတြဘက္ကေတာ့ အဝါေရာင္နဲ႔ အနက္ေရာင္က ထည့္ဖို႔ ေသခ်ာေကာ လိုရဲ႕လားလို႔ ေမးခြန္းထုတ္ထားပါတယ္။

အေဝးကြင္းဂ်ာစီ

၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီအတြက္ အေဝးကြင္း ဂ်ာစီကေတာ့ ဂႏၱဝင္စိမ္းေရာင္ကို အျဖဴေရာင္ လိုဂိုေတြ ပုခံုးစင္း ေတြနဲ႔ ဖန္တီးထားပါတယ္။ အဆိုပါ ဂ်ာစီကိုေတာ့ ဒီလထဲမွာ ေၾကညာရမွာျဖစ္ေပမယ့္ ကိုရိုနာ ကပ္ေဘးေၾကာင့္ ေရြးဆုိင္းလိုက္ျခင္းျဖစ္ကာ ပရိသတ္ေတြ ႏွစ္သက္တဲ့ ဂ်ာစီဒီဇိုင္း ျဖစ္ပါတယ္။

တတိယေျမာက္ အေဝးကြင္းဂ်ာစီ

ယူႏုိက္တက္ရဲ႕ တတိယဂ်ာစီက ႏွစ္တုိင္းမွာ ထူးျခားတဲ့ ဒီဇိုင္း၊ အေရာင္ေတြနဲ႔ ထြက္ရွိလာတတ္ပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ အျဖဴနဲ႔ အနက္ေရာင္ေတြ ေရာစပ္ထားတဲ့ ဒီဇိုင္းျဖစ္တယ္။ မတ္လမွာ ပရိသတ္ေတြၾကား စတင္ပ်ံ႔ႏွံ႔လာခဲ့ကာ ဒီဂ်ာစီဒီဇိုင္းအတြက္ မွတ္ခ်က္ေတြက ထူးဆန္းပါတယ္။