ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (27/12/20)

ချယ်ဆီးဟာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့ပြီး ဒုတိယပိုင်းအစအထိ ၃-၀ နဲ့ ဦးဆောင်ခံခဲ့ရသလို နောက်ပိုင်းမှာ ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် အရမ်းနောက်ကျသွားခဲ့ပြီး ကစားသမားတွေအနေနဲ့ ဒီရှုံးပွဲအတွက် တာဝန်ယူရလိမ့်မယ်လို့ လမ်းပတ်က ဆိုပါတယ်။

လမ်းပတ်ဟာ ဂိုးပေါက်ပျောက်ဆုံးမှု ၁၀ ပွဲအထိ ရှိလာခဲ့ပြီဖြစ်တဲ့ တီမိုဗာနာကို နောက်ပွဲတွေမှာ ချန်လှပ်ထားဖို့ မငြင်းခဲ့သလို ပြင်းထန်တဲ့ ဝေဖန်မှု လုပ်ခဲ့ပြီး ၎င်းဟာ ဘောလုံးရတဲ့အခါရော မရတဲ့အခါမှာပါ လုံလောက်တဲ့ အားထုတ်မှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ဒေါသထွက်နေတဲ့ လမ်းပတ်က လူစာရင်း အပြောင်းအလဲ လုပ်တော့မှာဖြစ်သလို သူ့ရဲ့ ကစားသမားအချို့ဟာ အသင်းမှာ ၎င်းတို့ရဲ့ ပွဲထွက်နေရာတွေနဲ့ ပတ်သက်လို့ သတိထားရတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အသုံးမဝင်တဲ့ တီမိုဗာနာအတွက် လူစားဝင်ကစားခဲ့တဲ့ အိုဒွိုင်းဟာ အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့သလို ဒီစွမ်းဆောင်ရည်ကောင်းတွေကြောင့် တနင်္လာနေ့ အက်စ်တွန်ဗီလာနဲ့ပွဲမှာ သူပွဲထွက်ခွင့်ရလိမ့်မယ်လို့လမ်းပတ်က ဝန်ခံပြောဆိုခဲ့ပါတယ်။

ဂျော်ဂျင်ဟို ပင်နယ်တီလွဲခဲ့ပေမယ့်လဲ ဒုတိယပိုင်းမှာ အသင်းရဲ့ တိုးတက်လာတဲ့ ကစားပုံအတွက် သူက အဓိကကျခဲ့တယ်လို့ လမ်းပတ်က ချီးကျူးခဲ့သလို ၎င်းကို ပင်နယ်တီ ပင်တိုင်ကန်သွင်းသူအဖြစ်ကနေ ရပ်ဆိုင်းဖို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

အရန်ခုံက အက်ဇ်ပီလီကွီတာဟာ အာဆင်နယ်ကစားသမားတွေရဲ့ ခဏခဏ လဲကျမှုနဲ့ ဒဏ်ရာရဟန်ဆောင်ပြီး အချိန် ဆွဲမှုကိုကြည့်ပြီး စိတ်ပျက်ဒေါသဖြစ်နေခဲ့သလို တီရာနေး ပစ်လှဲချပြီး ဆေးကုသမှုခံယူချိန်မှာ နောက်တစ်ယောက်လဲပြန်ပြီလို့ အရန်ခုံကနေ အော်ဟစ်ခဲ့ပါတယ်။

အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးတဲ့ပွဲမှာ ချယ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် လမ်းပတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို သူ့ကစားသမားတွေက ပျင်းရိလေးကန်ပြီး ကြိုးကြိုးစားစားနဲ့ လုံလောက်တဲ့ အားထုတ်မှုမျိုး မရှိခဲ့ဘူးလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ ပြိုင်ပွဲစုံ အဝေးကွင်းပွဲတွေမှာ သွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံး ၆ ဂိုးက ဂျီရူးရဲ့ ဂိုးတွေပဲဖြစ်သလို အဆုံးသတ် သေချာမှု ရှိတဲ့ တိုက်စစ်မှာ ဂျီရူးကို မထည့်ခဲ့တဲ့ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်နေတဲ့ပရိသတ်တွေက မေးခွန်းထုတ် ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနခဲ့ၿပီး ဒုတိယပိုင္းအစအထိ ၃-၀ နဲ႔ ဦးေဆာင္ခံခဲ့ရသလို ေနာက္ပိုင္းမွာ ျပန္လာဖို႔ႀကိဳးစားခဲ့ေပမယ့္ အရမ္းေနာက္က်သြားခဲ့ၿပီး ကစားသမားေတြအေနနဲ႔ ဒီရႈံးပြဲအတြက္ တာဝန္ယူရလိမ့္မယ္လို႔ လမ္းပတ္က ဆိုပါတယ္။

လမ္းပတ္ဟာ ဂိုးေပါက္ေပ်ာက္ဆုံးမႈ ၁၀ ပြဲအထိ ရွိလာခဲ့ၿပီျဖစ္တဲ့ တီမိုဗာနာကို ေနာက္ပြဲေတြမွာ ခ်န္လွပ္ထားဖို႔ မျငင္းခဲ့သလို ျပင္းထန္တဲ့ ေဝဖန္မႈ လုပ္ခဲ့ၿပီး ၎ဟာ ေဘာလုံးရတဲ့အခါေရာ မရတဲ့အခါမွာပါ လုံေလာက္တဲ့ အားထုတ္မႈမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ေနာက္ ေဒါသထြက္ေနတဲ့ လမ္းပတ္က လူစာရင္း အေျပာင္းအလဲ လုပ္ေတာ့မွာျဖစ္သလို သူ႔ရဲ႕ ကစားသမားအခ်ိဳ႕ဟာ အသင္းမွာ ၎တို႔ရဲ႕ ပြဲထြက္ေနရာေတြနဲ႔ ပတ္သက္လို႔ သတိထားရေတာ့မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အသုံးမဝင္တဲ့ တီမိုဗာနာအတြက္ လူစားဝင္ကစားခဲ့တဲ့ အိုဒြိဳင္းဟာ အထင္ႀကီးစရာ လုပ္ျပႏိုင္ခဲ့သလို ဒီစြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ တနလၤာေန႔ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ သူပြဲထြက္ခြင့္ရလိမ့္မယ္လို႔လမ္းပတ္က ဝန္ခံေျပာဆိုခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟို ပင္နယ္တီလြဲခဲ့ေပမယ့္လဲ ဒုတိယပိုင္းမွာ အသင္းရဲ႕ တိုးတက္လာတဲ့ ကစားပုံအတြက္ သူက အဓိကက်ခဲ့တယ္လို႔ လမ္းပတ္က ခ်ီးက်ဴးခဲ့သလို ၎ကို ပင္နယ္တီ ပင္တိုင္ကန္သြင္းသူအျဖစ္ကေန ရပ္ဆိုင္းဖို႔ မဆုံးျဖတ္ရေသးဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အရန္ခုံက အက္ဇ္ပီလီကြီတာဟာ အာဆင္နယ္ကစားသမားေတြရဲ႕ ခဏခဏ လဲက်မႈနဲ႔ ဒဏ္ရာရဟန္ေဆာင္ၿပီး အခ်ိန္ ဆြဲမႈကိုၾကည့္ၿပီး စိတ္ပ်က္ေဒါသျဖစ္ေနခဲ့သလို တီရာေနး ပစ္လွဲခ်ၿပီး ေဆးကုသမႈခံယူခ်ိန္မွာ ေနာက္တစ္ေယာက္လဲျပန္ၿပီလို႔ အရန္ခုံကေန ေအာ္ဟစ္ခဲ့ပါတယ္။

အာဆင္နယ္ကို ၃-၁ နဲ႔ ရႈံးတဲ့ပြဲမွာ ခ်ယ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ လမ္းပတ္က ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့သလို သူ႔ကစားသမားေတြက ပ်င္းရိေလးကန္ၿပီး ႀကိဳးႀကိဳးစားစားနဲ႔ လုံေလာက္တဲ့ အားထုတ္မႈမ်ိဳး မရွိခဲ့ဘူးလို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ၿပိဳင္ပြဲစုံ အေဝးကြင္းပြဲေတြမွာ သြင္းယူႏိုင္ခဲ့တဲ့ ေနာက္ဆုံး ၆ ဂိုးက ဂ်ီ႐ူးရဲ႕ ဂိုးေတြပဲျဖစ္သလို အဆုံးသတ္ ေသခ်ာမႈ ရွိတဲ့ တိုက္စစ္မွာ ဂ်ီ႐ူးကို မထည့္ခဲ့တဲ့ လမ္းပတ္ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ စိတ္ပ်က္ေနတဲ့ပရိသတ္ေတြက ေမးခြန္းထုတ္ ခဲ့ပါတယ္။