လက်စတာနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ဂိုးသွင်းယူခဲ့သလို ဒါဟာ သူ့ရဲ့ ဒီရာသီ ၁၀ ဂိုးမြောက် ဖြစ်ခဲ့ပြီး ရော်နယ်ဒိုနောက်ပိုင်း တစ်ရာသီအတွင်း ၁၀ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ပေါ်တူဂီ ကစားသမား ဖြစ်လာခဲ့ပါတယ်။
မနေ့ကပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ ၁ဂိုး သွင်းယူခဲ့ပြီးနောက် ဟက်ထရစ် ရနိုင်ခြေ ရှိခဲ့ပေမယ့် နောက်ထပ်အခွင့်အရေးတွေကို လွဲချော်ခဲ့သလို ဟက်ထရစ်ဘောလုံးကို အိမ်ပြန်သယ် မသွားနိုင်လို့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေလိမ့်မယ်လို့ ဒန်နီမာဖီက ဆိုပါတယ်။
ပွဲအပြီး ယူနိုက်တက်ရဲ့ အဝတ်လဲခန်းအခြေအနေနဲ့ ပတ်သက်လို့ ဖာနန်ဒက်စ်က ကွင်းထဲကနေ သူထွက်ခွာသွားချိန်မှာ ပျော်ရွှင်နေခဲ့ပေမယ့် အခန်းထဲက လူတိုင်းက စိတ်ပျက်နေကြပြီး ဒီထက် ပိုကောင်းအောင် လုပ်ခဲ့သင့်တယ်လို့ ပြောနေဆိုကြတယ် လို့ ဖွင့်ဟခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ လွန်ခဲ့တဲ့ ၁၈ လအတွင်း ယူနိုက်တက်အသင်းကြီးမှာ ပါလိုက် မပါလိုက် ဖြစ်ခဲ့တဲ့နောက် အခု နောက်ပိုင်းမှာ ပုံမှန်ပြန်ကစားခွင့်ပြန်ရလာပေမယ့် ဝက်စ်ဘရွန်းကတော့ သူ့ကို ဇန်နဝါရီမှာ အငှားခေါ်ယူဖို့ မျှော်လင့်နေ ပါတယ်။
လက်စတာကို တစ်မှတ်ခွဲပေးခဲ့ရတဲ့ပွဲဟာ ယူနိုက်တက်တိုက်စစ်ရဲ့ အဆုံးသတ်သေချာမှု ကင်းမဲ့နေတာအတွက် သက်သေ ဖြစ်ခဲ့သလို ဆိုးရှားအနေနဲ့ ဇန်နဝါရီမှာ တိုက်စစ်မှူး အသစ်တစ်ယောက်ခေါ်ယူဖို့ လိုလိမ့်မယ်လို့ ထရီဗာ ဆင်ကလဲယားက တိုတ်တွန်းခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်ရဲ့ အစောပိုင်း လွဲချော်မှုတွေက သူဟာ ဗဟိုတိုက်စစ်မှူး မဖြစ်သင့်ဘူးဆိုတာ ပြသနေတယ် လို့ ပေါလ်စခိုးက ထင်မြင်နေသလို သူက တောင်ပံနေရာတွေမှာ ကစားဖို့ ပိုသင့်တော်တယ် လို့ ထောက်ပြခဲ့ပါတယ်။
၇၉ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဘောလုံးဆုံးရှုံးမှုကနေ ဟာဗေးဘန်းစ်ရဲ့ ပထမ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရသလို ဒီဖြစ်ရပ် အပေါ် စိတ်ပျက်ခဲ့ကြောင်း ဆိုးရှားက ဝန်ခံခဲ့ပေမယ့် ကွင်းလယ်လူရဲ့ စွန့်စားလိုစိတ်အပေါ် စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – လက္စတာနဲ႔ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဂိုးသြင္းယူခဲ့သလို ဒါဟာ သူ႔ရဲ႕ ဒီရာသီ ၁၀ ဂိုးေျမာက္ ျဖစ္ခဲ့ၿပီး ေရာ္နယ္ဒိုေနာက္ပိုင္း တစ္ရာသီအတြင္း ၁၀ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး ေပၚတူဂီ ကစားသမား ျဖစ္လာခဲ့ပါတယ္။
မေန႔ကပြဲမွာ ရက္ရွ္ဖို႔ဒ္ဟာ ၁ဂိုး သြင္းယူခဲ့ၿပီးေနာက္ ဟက္ထရစ္ ရႏိုင္ေျခ ရွိခဲ့ေပမယ့္ ေနာက္ထပ္အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့သလို ဟက္ထရစ္ေဘာလုံးကို အိမ္ျပန္သယ္ မသြားႏိုင္လို႔ သူ႔ကိုယ္သူ မေက်မနပ္ျဖစ္ေနလိမ့္မယ္လို႔ ဒန္နီမာဖီက ဆိုပါတယ္။
ပြဲအၿပီး ယူႏိုက္တက္ရဲ႕ အဝတ္လဲခန္းအေျခအေနနဲ႔ ပတ္သက္လို႔ ဖာနန္ဒက္စ္က ကြင္းထဲကေန သူထြက္ခြာသြားခ်ိန္မွာ ေပ်ာ္႐ႊင္ေနခဲ့ေပမယ့္ အခန္းထဲက လူတိုင္းက စိတ္ပ်က္ေနၾကၿပီး ဒီထက္ ပိုေကာင္းေအာင္ လုပ္ခဲ့သင့္တယ္လို႔ ေျပာေနဆိုၾကတယ္ လို႔ ဖြင့္ဟခဲ့ပါတယ္။
ဒန္နီရယ္ဂ်ိမ္းစ္ဟာ လြန္ခဲ့တဲ့ ၁၈ လအတြင္း ယူႏိုက္တက္အသင္းႀကီးမွာ ပါလိုက္ မပါလိုက္ ျဖစ္ခဲ့တဲ့ေနာက္ အခု ေနာက္ပိုင္းမွာ ပုံမွန္ျပန္ကစားခြင့္ျပန္ရလာေပမယ့္ ဝက္စ္ဘ႐ြန္းကေတာ့ သူ႔ကို ဇန္နဝါရီမွာ အငွားေခၚယူဖို႔ ေမွ်ာ္လင့္ေန ပါတယ္။
လက္စတာကို တစ္မွတ္ခြဲေပးခဲ့ရတဲ့ပြဲဟာ ယူႏိုက္တက္တိုက္စစ္ရဲ႕ အဆုံးသတ္ေသခ်ာမႈ ကင္းမဲ့ေနတာအတြက္ သက္ေသ ျဖစ္ခဲ့သလို ဆိုးရွားအေနနဲ႔ ဇန္နဝါရီမွာ တိုက္စစ္မႉး အသစ္တစ္ေယာက္ေခၚယူဖို႔ လိုလိမ့္မယ္လို႔ ထရီဗာ ဆင္ကလဲယားက တိုတ္တြန္းခဲ့ပါတယ္။
ဒီပြဲမွာ ယူႏိုက္တက္အတြက္ ရက္ရွ္ဖို႔ဒ္ရဲ႕ အေစာပိုင္း လြဲေခ်ာ္မႈေတြက သူဟာ ဗဟိုတိုက္စစ္မႉး မျဖစ္သင့္ဘူးဆိုတာ ျပသေနတယ္ လို႔ ေပါလ္စခိုးက ထင္ျမင္ေနသလို သူက ေတာင္ပံေနရာေတြမွာ ကစားဖို႔ ပိုသင့္ေတာ္တယ္ လို႔ ေထာက္ျပခဲ့ပါတယ္။
၇၉ မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ေဘာလုံးဆုံးရႈံးမႈကေန ဟာေဗးဘန္းစ္ရဲ႕ ပထမ ေခ်ပဂိုးကို ခြင့္ျပဳေပးခဲ့ရသလို ဒီျဖစ္ရပ္ အေပၚ စိတ္ပ်က္ခဲ့ေၾကာင္း ဆိုးရွားက ဝန္ခံခဲ့ေပမယ့္ ကြင္းလယ္လူရဲ႕ စြန႔္စားလိုစိတ္အေပၚ စြက္ဖက္မွာ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
