ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (27/12/20)

ဝေဖန်မှုတွေနဲ့ ဖိအားတွေအောက် ရောက်နေခဲ့တဲ့ အာဆင်နယ်ဟာ ညက အမ်းမရိတ်မှာ ကစားတဲ့ လန်ဒန်ဒါဘီ ပွဲမှာတော့ ချယ်ဆီးအသင်းကို ၃-၁ နဲ့ အနိုင်ယူပြီး အထင်သေးသူတွေကို နှုတ်ပိတ်ပေးခဲ့ပါတယ်။

ချယ်ဆီးဘက်ကို ဖရီးကစ်ကနေ လှပတဲ့ ဂိုး သွင်းယူပေးခဲ့တဲ့ ကွင်းလယ်ကစားသမား ဇာခါရဲ့ အားထုတ်မှုကိုလည်း အာတီတာက ချီးကျူးခဲ့ပြီး ဇာခါ ဟာ မေးခွန်းထုတ်စရာ မလိုအောင် အမြဲ ကြိုးစားနေသူလို့ ဆိုခဲ့ပါတယ်။

ကွင်းလယ်ကနေ ဖန်တီးမှု အားနည်းနေတဲ့ ပြသနာကို ဖြေရှင်းဖို့ အာဆင်နယ်ဟာ ဒေါ့မွန်အသင်းထံမှ ဂျူလီယန် ဘရန့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ် မက်ဂါးလက်စ်ဟာ ကိုဗစ် ပိုးတွေ့ရှိသူနဲ့ တိုက်ရိုက် ဆက်ဆံမှု ရှိထားတာကြောင့် ဆရာဝန်များ လမ်းညွှန်ချက်အတိုင်း သီးသန့်နေရမှာ ဖြစ်ကာ အာဆင်နယ် ပွဲတချို့ လွဲချော်မှာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ပရိသတ်တွေကို သီတင်းပတ် များစွာ စိတ်ဆင်းရဲစေခဲ့တာ ဖြစ်လို့ ချယ်ဆီးကို အနိုင်ယူခဲ့တဲ့ ရလဒ်က စိတ်ဖြေသိမ့်ကာ တက်ကြွစေနိုင်မယ် မျှော်လင့်ကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘောက်ဆင်ဒေးမှာ ကစားတဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း ၁၀ ပွဲ ဆက်တိုက် အနိုင်ရထားပြီး ပြိုင်ပွဲ သမိုင်းမှာတော့ ယူနိုက်တက် ၁၂ ပွဲနိုင်ထားတာနောက် ဒုတိယ အကောင်းဆုံး မှတ်တမ်း ဖြစ်လာပါတယ်။

Zawgyi – ေ၀ဖန္မႈေတြနဲ႕ ဖိအားေတြေအာက္ ေရာက္ေနခဲ့တဲ့ အာဆင္နယ္ဟာ ညက အမ္းမရိတ္မွာ ကစားတဲ့ လန္ဒန္ဒါဘီ ပြဲမွာေတာ့ ခ်ယ္ဆီးအသင္းကို ၃-၁ နဲ႕ အနုိင္ယူျပီး အထင္ေသးသူေတြကို ႏႈတ္ပိတ္ေပးခဲ့ပါတယ္။

ခ်ယ္ဆီးဘက္ကို ဖရီးကစ္ကေန လွပတဲ့ ဂိုး သြင္းယူေပးခဲ့တဲ့ ကြင္းလယ္ကစားသမား ဇာခါရဲ႕ အားထုတ္မႈကိုလည္း အာတီတာက ခ်ီးက်ဴးခဲ့ျပီး ဇာခါ ဟာ ေမးခြန္းထုတ္စရာ မလိုေအာင္ အျမဲ ၾကိဳးစားေနသူလို႔ ဆိုခဲ့ပါတယ္။

ကြင္းလယ္ကေန ဖန္တီးမႈ အားနည္းေနတဲ့ ျပသနာကို ေျဖရွင္းဖို႔ အာဆင္နယ္ဟာ ေဒါ့မြန္အသင္းထံမွ ဂ်ဴလီယန္ ဘရန္႔ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

အာဆင္နယ္ ခံစစ္မွဴး ဂါဘရီရယ္ မက္ဂါးလက္စ္ဟာ ကိုဗစ္ ပိုးေတြ႔ရွိသူနဲ႕ တိုက္ရိုက္ ဆက္ဆံမႈ ရွိထားတာေၾကာင့္ ဆရာ၀န္မ်ား လမ္းညႊန္ခ်က္အတိုင္း သီးသန္႔ေနရမွာ ျဖစ္ကာ အာဆင္နယ္ ပြဲတခ်ိဳ႕ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ပရိသတ္ေတြကို သီတင္းပတ္ မ်ားစြာ စိတ္ဆင္းရဲေစခဲ့တာ ျဖစ္လုိ႔ ခ်ယ္ဆီးကို အနုိင္ယူခဲ့တဲ့ ရလဒ္က စိတ္ေျဖသိမ့္ကာ တက္ၾကြေစနိုင္မယ္ ေမွ်ာ္လင့္ေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ေဘာက္ဆင္ေဒးမွာ ကစားတဲ့ ေနာက္ဆံုး ပရီးမီးယားလိဂ္ အိမ္ကြင္း ၁၀ ပြဲ ဆက္တိုက္ အနုိင္ရထားျပီး ျပိဳင္ပြဲ သမိုင္းမွာေတာ့ ယူနိုက္တက္ ၁၂ ပြဲနုိင္ထားတာေနာက္ ဒုတိယ အေကာင္းဆံုး မွတ္တမ္း ျဖစ္လာပါတယ္။