ကွင်းလယ်မှာ အားထားရတဲ့ ဘရူနို ဖာနန်ဒက်စ် တစ်ယောက် ဒဏ်ရာ ကင်းစင်ပြီး ကြံ့ခိုင်မှု ပြည့်နေဖို့ကသာ ယူနိုက်တက် လိုချင်တဲ့ နှစ်သစ်ကူး ဆုတောင်း ဖြစ်မယ် မူလက်စတီးက သုံးသပ် ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ၎င်းကပဲ ဖာနန်ဒက်စ် မပါဝင်နိုင်ချိန်မှာ ပေါ်တူဂီသား နေရာ အစားဝင်နိုင်တာ ဆိုလို့ ပေါ့ဘာ ဒါမှမဟုတ် ဗန်ဒီဘိခ်သာ ရှိပြီး ထိုနှစ်ယောက်ကလည်း ဖာနန်ဒက်စ်လောက် အသင်းအပေါ် သက်ရောက်မှု မလုပ်ပြနိုင်ဘူးလို့ မူလက်စတီးက သတိပေးလိုက်ပါတယ်။

ယူနိုက်တက် နောက်ခံလူ မားကိုစ်ရိုဂျိုဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ရှိပြီး ၎င်းရဲ့ မွေးရပ်မြေ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာထံ ရောက်ရှိဖို့ ချိတ်ဆက်နေခဲ့သလို သူ့ရဲ့တန်ကြေး ဒေါ်လာ ၅ သန်းဝန်းကျင် ရှိမှာဖြစ်ပါတယ်။
လီဗာပူးက အက်စ်တွန်ဗီလာကို မယုံနိုင်ဖွယ် ၇-၂ နဲ့ ရှုံးခဲ့တာက ပရိသတ်တွေမရှိရင် ပွဲတွေရဲ့အခြေအနေ ဘယ်လို ပြောင်းလဲ သွားတယ် ဆိုတာရဲ့ သက်သေပဲလို့ နီမန်ဂျာ မာတစ်က ထောက်ပြခဲ့ပြီး ၂၀၂၁ မှာ ပရိသတ်တွေကွင်းထဲ မြန်မြန် ပြန်ဝင်ခွင့်ရဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
လက်စတာနဲ့ ပွဲမှာ အရန်ကနေ ထလာပြီး ယူနိုက်တက် အတွက် သက်ရောက်မှုကြီးတွေ စွမ်းဆောင်ပြခဲ့သူ တိုက်စစ်မှူးကြီး ကာဗာနီ ကို ရက်ဖို့ဒ်က ချီးကျူးလိုက်ပြီး ဥရုဂွေးသားဟာ ယူနိုက်တက်ကို ပုံစံသစ်နဲ့ အားဖြည့်ပေးနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားက ဇန်နဝါရီမှာ အကြီးစား ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်လိုတာကြောင့် ဘွန်ဒစ်လီဂါမှ ခံစစ်သမား နှစ်ဦး ဖြစ်တဲ့ အူပါမီကာနိုနဲ့ အလာဘာ တို့ကို ကြိုးပမ်းမှု အဆုံးသတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။

Zawgyi – ကြင္းလယ္မွာ အားထားရတဲ့ ဘရူနို ဖာနန္ဒက္စ္ တစ္ေယာက္ ဒဏ္ရာ ကင္းစင္ျပီး ၾကံ႕ခိုင္မႈ ျပည့္ေနဖို႔ကသာ ယူနိုက္တက္ လိုခ်င္တဲ့ နွစ္သစ္ကူး ဆုေတာင္း ျဖစ္မယ္ မူလက္စတီးက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။
ဒါ့အျပင္ ၄င္းကပဲ ဖာနန္ဒက္စ္ မပါ၀င္နုိင္ခ်ိန္မွာ ေပၚတူဂီသား ေနရာ အစား၀င္နိုင္တာ ဆိုလို႔ ေပါ့ဘာ ဒါမွမဟုတ္ ဗန္ဒီဘိခ္သာ ရွိျပီး ထိုနွစ္ေယာက္ကလည္း ဖာနန္ဒက္စ္ေလာက္ အသင္းအေပၚ သက္ေရာက္မႈ မလုပ္ျပနိုင္ဘူးလို႔ မူလက္စတီးက သတိေပးလိုက္ပါတယ္။
ယူႏိုက္တက္ ေနာက္ခံလူ မားကိုစ္႐ိုဂ်ိဳဟာ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာဖို႔ရွိၿပီး ၎ရဲ႕ ေမြးရပ္ေျမ အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာထံ ေရာက္ရွိဖို႔ ခ်ိတ္ဆက္ေနခဲ့သလို သူ႔ရဲ႕တန္ေၾကး ေဒၚလာ ၅ သန္းဝန္းက်င္ ရွိမွာျဖစ္ပါတယ္။
လီဗာပူးက အက္စ္တြန္ဗီလာကို မယုံႏိုင္ဖြယ္ ၇-၂ နဲ႔ ရႈံးခဲ့တာက ပရိသတ္ေတြမရွိရင္ ပြဲေတြရဲ႕အေျခအေန ဘယ္လို ေျပာင္းလဲ သြားတယ္ ဆိုတာရဲ႕ သက္ေသပဲလို႔ နီမန္ဂ်ာ မာတစ္က ေထာက္ျပခဲ့ၿပီး ၂၀၂၁ မွာ ပရိသတ္ေတြကြင္းထဲ ျမန္ျမန္ ျပန္ဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
လက္စတာနဲ႕ ပြဲမွာ အရန္ကေန ထလာျပီး ယူနိုက္တက္ အတြက္ သက္ေရာက္မႈၾကီးေတြ စြမ္းေဆာင္ျပခဲ့သူ တိုက္စစ္မွဴးၾကီး ကာဗာနီ ကို ရက္ဖို႔ဒ္က ခ်ီးက်ဴးလိုက္ျပီး ဥရုေဂြးသားဟာ ယူနိုက္တက္ကို ပံုစံသစ္နဲ႕ အားျဖည့္ေပးနုိင္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားက ဇန္န၀ါရီမွာ အၾကီးစား ကစားသမား ေခၚယူမႈေတြ မျပဳလုပ္လိုတာေၾကာင့္ ဘြန္ဒစ္လီဂါမွ ခံစစ္သမား နွစ္ဦး ျဖစ္တဲ့ အူပါမီကာနိုနဲ႕ အလာဘာ တို႔ကို ၾကိဳးပမ္းမႈ အဆံုးသတ္ခိုင္းလိုက္ျပီ ျဖစ္ပါတယ္။
