ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/12/20)

တွမ်ဇီဘီက အတွေ့အကြုံမရင့်ကျက်သေးပဲ မက်ဂွိုင်းယားနဲ့ လင်ဒီအော့ဖ်တို့ကလဲ တည်ငြိမ်မှု မရှိခဲ့တာနဲ့အတူ ဆိုးရှားဟာ ဇန်နဝါရီမှာ ဗဟိုခံစစ်တစ်ယောက် ခေါ်ယူမှာ ဖြစ်ပြီး သူတို့ ပစ်မှတ်ထားနေတဲ့ အူပါမီကာနိုရဲ့ တန်ကြေးတော့ ယူရို သန်း ၆၀ ဝန်းကျင် ရှိပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ကာဗာနီကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းကာ ဆက်ခေါ်သွားဖြစ်ဖွယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ဘရူနိုဖာနန်ဒက်စ်လိုပဲ နေရာလွတ်တွေ ရှာဖွေဖန်တီးပေးနိုင်တဲ့ ပါးနပ်တဲ့ ကစားသမား တစ်ယောက် ဖြစ်တာနဲ့ အတူ ဆိုးရှားအနေနဲ့ သူ့ကို ကစားချိန် ပိုပေးသင့်တယ်လို့ ဖာဂူဆန်ရဲ့ လက်ထောက် နည်းပြဟောင်း မူလန်စတင်းက ပြောဆိုခဲ့ပါတယ်။

မက်ဂွဲရား ဟာ လူကောင်း သူကောင်း ဖြစ်တဲ့ အပြင် အဝတ်လဲခန်းမှာလည်း ဦးစီး ဦးဆောင် လုပ်နိုင်သလို အလုပ်လည်း ကြိုးစားတဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုးရှားက ချီးကျူး ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး ထရစ်ပီယာ ကို ခေါ်ယူဖို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေတယ်လို့ The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။

ဂျူဗင်တပ်က ပေါ့ဘာကို ခေါ်ယူလိုသော်လည်း ယူနိုက်တက် အလိုရှိတဲ့ တန်ကြေးဟာ ယုတ္တိမရှိဘူးလို့ ယူဆနေပြီး ပြင်သစ်သား အတွက် ကစားသမားနဲ့ အလဲအထပ် ဒါမှမဟုတ် ပေါင် သန်း ၅၀ လောက်သာ ပေးလိုတယ်လို့ သိရပါတယ်။

Zawgyi – တြမ္ဇီဘီက အေတြ႕အႀကဳံမရင့္က်က္ေသးပဲ မက္ဂြိဳင္းယားနဲ႔ လင္ဒီေအာ့ဖ္တို႔ကလဲ တည္ၿငိမ္မႈ မရွိခဲ့တာနဲ႔အတူ ဆိုးရွားဟာ ဇန္နဝါရီမွာ ဗဟိုခံစစ္တစ္ေယာက္ ေခၚယူမွာ ျဖစ္ၿပီး သူတို႔ ပစ္မွတ္ထားေနတဲ့ အူပါမီကာႏိုရဲ႕ တန္ေၾကးေတာ့ ယူ႐ို သန္း ၆၀ ဝန္းက်င္ ရွိပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ကာဗာနီကို ေနာက္ထပ္ တစ္နွစ္ သက္တမ္းတိုးခြင့္ကို အသက္သြင္းကာ ဆက္ေခၚသြားျဖစ္ဖြယ္ ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္လိုပဲ ေနရာလြတ္ေတြ ရွာေဖြဖန္တီးေပးႏိုင္တဲ့ ပါးနပ္တဲ့ ကစားသမား တစ္ေယာက္ ျဖစ္တာနဲ႔ အတူ ဆိုးရွားအေနနဲ႔ သူ႔ကို ကစားခ်ိန္ ပိုေပးသင့္တယ္လို႔ ဖာဂူဆန္ရဲ႕ လက္ေထာက္ နည္းျပေဟာင္း မူလန္စတင္းက ေျပာဆိုခဲ့ပါတယ္။

မက္ဂြဲရား ဟာ လူေကာင္း သူေကာင္း ျဖစ္တဲ့ အျပင္ အ၀တ္လဲခန္းမွာလည္း ဦးစီး ဦးေဆာင္ လုပ္နိုင္သလို အလုပ္လည္း ၾကိဳးစားတဲ့ ကစားသမား ျဖစ္တယ္လို႔ ဆိုးရွားက ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္ ခံစစ္မွဴး ထရစ္ပီယာ ကို ေခၚယူဖို႔ ညွိနိႈင္းမႈမ်ား လုပ္ေဆာင္ေနတယ္လို႔ The Athletic သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဂ်ဴဗင္တပ္က ေပါ့ဘာကို ေခၚယူလိုေသာ္လည္း ယူနိုက္တက္ အလိုရွိတဲ့ တန္ေၾကးဟာ ယုတၱိမရွိဘူးလို႔ ယူဆေနျပီး ျပင္သစ္သား အတြက္ ကစားသမားနဲ႕ အလဲအထပ္ ဒါမွမဟုတ္ ေပါင္ သန္း ၅၀ ေလာက္သာ ေပးလိုတယ္လို႔ သိရပါတယ္။