အာဆင်နယ်ရဲ့ ပျော့ညံ့မှုတွေကြောင့် ချယ်ဆီးပြောင်းဖြစ်ခဲ့ကြောင်း ဂန်းနားဟောင်း ဖွင့်ဟ

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အက်ရှ်လေကိုးလ်က ၂၀၀၆ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ မြို့ခံ ပြိုင်ဘက် ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က လှုပ်လှုပ်ခတ်ခတ် သတင်းကြီးခဲ့တဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေက လစာပိုရတဲ့ဆီ ပြောင်းတဲ့သူလို့ ကိုးလ်ကို စွပ်စွဲခဲ့ကြပြီး ဘယ်စွန် ခံစစ်မှူးဟာ ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။

လတ်တလော အင်တာဗျူးမှာတော့ အက်ရှ်လေကိုးလ်က အာဆင်နယ်က ထွက်ခွာခဲ့ခြင်းမှာ အဓိက အကျဆုံးအချက်ကတော့ အသင်း လူစာရင်းမှာ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်း လျော့ရဲမှုတွေက အဓိက ကျခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကိုးလ်က ဂန်းနားတို့နဲ့ အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်ရခဲ့ဖူးပြီး နာမည်ကျော် ရွှေဖလားဆုရတဲ့ အာဆင်နယ်အသင်းမှာလည်း ပါဝင်ခဲ့သူပါ။ ဒါပေမယ့် အသင်း ကစားသမားတွေရဲ့ အရည်အချင်း လျော့ကျလာမှုတွေက အသင်းပြောင်းဖို့ အချက်ပြခဲ့သလို ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ကိုးလ်ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းက ဝီလီယံ ဂါးလက်စ်နဲ့ အတူ ငွေ ၅ သန်း ထည့်သွင်း ကမ်းလှမ်းခဲ့ရပါတယ်။

” အဲဒီတုန်းက ကျနော်တို့မှာ အဓိက ကစားသမား အုပ်စု ရှိတယ်၊ ကီယွန် ဆီးမန်း ဗီအဲရာ အွန်နရီ အစရှိသဖြင့်ပေါ့။ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတယ်။ အသင်းမှာ လုံးဝကြီးမားတဲ့ ဟာကွက်ကြီး ရှိနေပြီး ဒါကို သူတို့ မဖြည့်နိုင်ဘူးလို့ ကျနော် ခံစားမိတယ်။

အာဆင်နယ်ရဲ့ အပြောင်းအလဲ ကာလမှာ ကိုယ့်ကိုယ်ကို မတူညီတဲ့ ခံစားမှုနဲ့ ပုံစံသစ် တွေ့ခဲ့ရတယ်။ ကျနော်က အောင်နိုင်ချင်တယ်။ ချယ်ဆီးအသင်းဆီ ရောက်သွားတော့ ဒါတွေ ကျနော် ရခဲ့တယ်။ ” လို့ ကိုးလ်က ဆိုခဲ့ပါတယ်။

ကိုးလ် ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ ဖြစ်ခဲ့တာကာ ၂၀၀၆ နွေ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဖြစ်ခဲ့ပြီး အာဆင်နယ်က ကိုးလ်ကို တစ်ပတ် လုပ်ခ ပေါင် ၅သောင်းခွဲ ပေးခဲ့ချိန်မှာ ချယ်ဆီးအသင်းက တစ်ပတ် ပေါင် ၉ သောင်း လစာနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် ပရိသတ်တွေကတော့ အကြီးအကျယ် ပေါက်ကွဲခဲ့ကြပြီး ကိုးလ်ကို ငွေစက္ကူတွေ ဝှေ့ယမ်းကာ လှောင်ပြောင်ခဲ့တာတွေထိ ဖြစ်ခဲ့ပါတယ်။

အက်ရှ်လေကိုးလ်ကတော့ အာဆင်နယ်ကနေ ဒိထက် ကောင်းမွန်တဲ့ ခွဲခွာမှုမျိုုး ဖြစ်ချင်ခဲ့တယ် ဝန်ခံခဲ့ပြီး သူ့ဘက်ကရော ပရိသတ်တွေဘက်ကပါ လွန်တာတွေ ရှိခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ကိုးလ်ဟာ ချယ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ဖလားတွေပါ ရခဲ့ပြီး သူ့ စိတ်ကူး ပြည့်ဝခဲ့တယ် ဆိုရမှာပါ။

Zawgyi – အဂၤလန္လက္ေရြးစင္ ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ အက္ရွ္ေလကိုးလ္က ၂၀၀၆ ခုနွစ္မွာ အာဆင္နယ္အသင္းကေန ျမိဳ႔ခံ ျပိဳင္ဘက္ ခ်ယ္ဆီး အသင္းထံ ေျပာင္းေရႊ႕ခဲ့ျပီး ထိုစဥ္က လႈပ္လႈပ္ခတ္ခတ္ သတင္းၾကီးခဲ့တဲ့ အေျပာင္းအေရႊ႕ ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္ ပရိသတ္ေတြက လစာပိုရတဲ့ဆီ ေျပာင္းတဲ့သူလို႔ ကိုးလ္ကို စြပ္စြဲခဲ့ၾကျပီး ဘယ္စြန္ ခံစစ္မွဴးဟာ ေ၀ဖန္မႈမ်ားစြာ ခံခဲ့ရပါတယ္။

လတ္တေလာ အင္တာဗ်ဴးမွာေတာ့ အက္ရွ္ေလကိုးလ္က အာဆင္နယ္က ထြက္ခြာခဲ့ျခင္းမွာ အဓိက အက်ဆံုးအခ်က္ကေတာ့ အသင္း လူစာရင္းမွာ အာဆင္နယ္ရဲ႕ စိတ္ဓာတ္ပိုင္း ေလ်ာ့ရဲမႈေတြက အဓိက က်ခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ကိုးလ္က ဂန္းနားတို႔နဲ႕ အတူ ပရီးမီးယားလိဂ္ဖလား နွစ္ၾကိမ္ရခဲ့ဖူးျပီး နာမည္ေက်ာ္ ေရႊဖလားဆုရတဲ့ အာဆင္နယ္အသင္းမွာလည္း ပါ၀င္ခဲ့သူပါ။ ဒါေပမယ့္ အသင္း ကစားသမားေတြရဲ႕ အရည္အခ်င္း ေလ်ာ့က်လာမႈေတြက အသင္းေျပာင္းဖို႔ အခ်က္ျပခဲ့သလို ျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။ ကိုးလ္ကို ေခၚယူဖို႔ ခ်ယ္ဆီးအသင္းက ၀ီလီယံ ဂါးလက္စ္နဲ႕ အတူ ေငြ ၅ သန္း ထည့္သြင္း ကမ္းလွမ္းခဲ့ရပါတယ္။

” အဲဒီတုန္းက က်ေနာ္တုိ႔မွာ အဓိက ကစားသမား အုပ္စု ရွိတယ္၊ ကီယြန္ ဆီးမန္း ဗီအဲရာ အြန္နရီ အစရွိသျဖင့္ေပါ့။ သူတို႔ေတြ တစ္ေယာက္ျပီး တစ္ေယာက္ ထြက္ခြာသြားၾကတယ္။ အသင္းမွာ လံုး၀ၾကီးမားတဲ့ ဟာကြက္ၾကီး ရွိေနျပီး ဒါကို သူတို႔ မျဖည့္နုိင္ဘူးလို႔ က်ေနာ္ ခံစားမိတယ္။

အာဆင္နယ္ရဲ႕ အေျပာင္းအလဲ ကာလမွာ ကုိယ့္ကိုယ္ကို မတူညီတဲ့ ခံစားမႈနဲ႕ ပံုစံသစ္ ေတြ႔ခဲ့ရတယ္။ က်ေနာ္က ေအာင္နုိင္ခ်င္တယ္။ ခ်ယ္ဆီးအသင္းဆီ ေရာက္သြားေတာ့ ဒါေတြ က်ေနာ္ ရခဲ့တယ္။ ” လို႔ ကိုးလ္က ဆိုခဲ့ပါတယ္။

ကိုးလ္ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႕ ျဖစ္ခဲ့တာကာ ၂၀၀၆ ေႏြ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ျဖစ္ခဲ့ျပီး အာဆင္နယ္က ကိုးလ္ကို တစ္ပတ္ လုပ္ခ ေပါင္ ၅ေသာင္းခြဲ ေပးခဲ့ခ်ိန္မွာ ခ်ယ္ဆီးအသင္းက တစ္ပတ္ ေပါင္ ၉ ေသာင္း လစာနဲ႕ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ ပရိသတ္ေတြကေတာ့ အၾကီးအက်ယ္ ေပါက္ကြဲခဲ့ၾကျပီး ကိုးလ္ကို ေငြစကၠဴေတြ ေ၀ွ႕ယမ္းကာ ေလွာင္ေျပာင္ခဲ့တာေတြထိ ျဖစ္ခဲ့ပါတယ္။

အက္ရွ္ေလကိုးလ္ကေတာ့ အာဆင္နယ္ကေန ဒိထက္ ေကာင္းမြန္တဲ့ ခြဲခြာမႈမ်ိဳုး ျဖစ္ခ်င္ခဲ့တယ္ ၀န္ခံခဲ့ျပီး သူ႔ဘက္ကေရာ ပရိသတ္ေတြဘက္ကပါ လြန္တာေတြ ရွိခဲ့တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ကိုးလ္ဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ေရာ ခ်န္ပီယံလိဂ္ဖလားေတြပါ ရခဲ့ျပီး သူ႔ စိတ္ကူး ျပည့္၀ခဲ့တယ္ ဆိုရမွာပါ။