ယူနိုက်တက်ဟာ ဝုဗ်နဲ့ ပွဲမတိုင်ခင် လူငယ်အသင်းက အလားအလာအရှိဆုံး ကစားသမား ၅ ယောက်ကို အသင်းကြီးထံ ခေါ်ယူခဲ့ပြီး ၎င်းတို့ကတော့ ရှိုလာ ရှိုရီတိုင်ရာ၊ ပယ်လီစထွီ၊ အီသန်လဲရက်ဒ်၊ အန်သိုနီ အီလန်ဂါနဲ့ ဝေဖစ်ခ်ျတို့ပဲ ဖြစ်ပါတယ်။
ဂျက်ဂရီးလစ်ရှ်ဟာ အက်စ်တွန်ဗီလာထက် ပိုအဆင့်မြင့်ပြီး ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်တဲ့ အသင်းတွေထံ ပြောင်းရွှေ့ သင့်တယ် လို့ ဂါတ်ခရွတ်ခ်က ယုံကြည်နေပြီး ယူနိုက်တက်၊ စပါးနဲ့ အာဆင်နယ်တို့က သူ့ကိုခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဇန်နဝါရီမှာ ဘာစီလိုနာကနေ ပြောင်းရွှေ့ထွက်ခွာဖို့ အလိုရှိနေသလို သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ ယူနိုက်တက်နဲ့ အဆက်အသွယ်ရှိနေတယ်လို့ သိရပြီး ဆိုးရှားရဲ့ အသင်းဟာ ဆန်ချိုကိုမခေါ်ယူနိုင်ခဲ့တဲ့နောက် သူ့ကို ပစ်မှတ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ၁၃ ပွဲမှာ ၄ ဂိုးသွင်းယူခဲ့တဲ့ ကာဗာနီရဲ့ အကျိုးပြုနိုင်စွမ်းအပေါ် ဆိုးရှားက အထင်ကြီးသဘောကျခဲ့သလို အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ထိပ်တန်းအဆင့်မှာ နှစ်တွေအကြာကြီး ဆက်ကစားနိုင်သေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ အနာဂတ်မှာ ဆန်ချိုနဲ့ ဂရီးလစ်ရှ်တို့ကို ခေါ်ယူနိုင်တယ်လို့ လူးဝစ်ဆာဟာက ထင်မြင်နေသလို ဆန်ချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ပံ့ပိုးမှုနဲ့ဆို သွင်းဂိုးတွေအများကြီး ရရှိနိုင်မှာကြောင့် ဂရီးလစ်ရှ်ထက် ဆန်ချိုကို ပိုကြိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်မှာ ကာဗာနီရဲ့ အထင်ကြီးစရာ စတင်မှုကြောင့် ယူနိုက်တက်ဟာ သူ့ကို နောက်နွေရာသီမှာ အလွတ် ထွက်ခွာခွင့် မပေးရအောင် ၁၂ လ သက်တမ်းထပ်တိုးဖို့ ပြင်ဆင်နေပြီး ၎င်းကိုယ်တိုင်ကလဲ အနည်းဆုံးနောက်တစ်နှစ် ဆက်နေချင်ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဝုဗ္နဲ႔ ပြဲမတိုင္ခင္ လူငယ္အသင္းက အလားအလာအရွိဆုံး ကစားသမား ၅ ေယာက္ကို အသင္းႀကီးထံ ေခၚယူခဲ့ၿပီး ၎တို႔ကေတာ့ ရႈိလာ ရႈိရီတိုင္ရာ၊ ပယ္လီစထြီ၊ အီသန္လဲရက္ဒ္၊ အန္သိုနီ အီလန္ဂါနဲ႔ ေဝဖစ္ခ္်တို႔ပဲ ျဖစ္ပါတယ္။
ဂ်က္ဂရီးလစ္ရွ္ဟာ အက္စ္တြန္ဗီလာထက္ ပိုအဆင့္ျမင့္ၿပီး ထိပ္ဆုံးေလးသင္းထဲ ဝင္ႏိုင္တဲ့ အသင္းေတြထံ ေျပာင္းေ႐ႊ႕ သင့္တယ္ လို႔ ဂါတ္ခ႐ြတ္ခ္က ယုံၾကည္ေနၿပီး ယူႏိုက္တက္၊ စပါးနဲ႔ အာဆင္နယ္တို႔က သူ႔ကိုေခၚယူသင့္တယ္လို႔ အႀကံေပးခဲ့ပါတယ္။
ဒမ္ဘီလီဟာ ဇန္နဝါရီမွာ ဘာစီလိုနာကေန ေျပာင္းေ႐ႊ႕ထြက္ခြာဖို႔ အလိုရွိေနသလို သူ႔ရဲ႕ ကိုယ္စားလွယ္ေတြဟာ ယူႏိုက္တက္နဲ႔ အဆက္အသြယ္ရွိေနတယ္လို႔ သိရၿပီး ဆိုးရွားရဲ႕ အသင္းဟာ ဆန္ခ်ိဳကိုမေခၚယူႏိုင္ခဲ့တဲ့ေနာက္ သူ႔ကို ပစ္မွတ္ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အတြက္ ၁၃ ပြဲမွာ ၄ ဂိုးသြင္းယူခဲ့တဲ့ ကာဗာနီရဲ႕ အက်ိဳးျပဳႏိုင္စြမ္းအေပၚ ဆိုးရွားက အထင္ႀကီးသေဘာက်ခဲ့သလို အသက္ ၃၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ထိပ္တန္းအဆင့္မွာ ႏွစ္ေတြအၾကာႀကီး ဆက္ကစားႏိုင္ေသးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ အနာဂတ္မွာ ဆန္ခ်ိဳနဲ႔ ဂရီးလစ္ရွ္တို႔ကို ေခၚယူႏိုင္တယ္လို႔ လူးဝစ္ဆာဟာက ထင္ျမင္ေနသလို ဆန္ခ်ိဳနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ ပံ့ပိုးမႈနဲ႔ဆို သြင္းဂိုးေတြအမ်ားႀကီး ရရွိႏိုင္မွာေၾကာင့္ ဂရီးလစ္ရွ္ထက္ ဆန္ခ်ိဳကို ပိုႀကိဳက္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္မွာ ကာဗာနီရဲ႕ အထင္ႀကီးစရာ စတင္မႈေၾကာင့္ ယူႏိုက္တက္ဟာ သူ႔ကို ေနာက္ေႏြရာသီမွာ အလြတ္ ထြက္ခြာခြင့္ မေပးရေအာင္ ၁၂ လ သက္တမ္းထပ္တိုးဖို႔ ျပင္ဆင္ေနၿပီး ၎ကိုယ္တိုင္ကလဲ အနည္းဆုံးေနာက္တစ္ႏွစ္ ဆက္ေနခ်င္ပါတယ္။
