ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေက မခေါ်နိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ဂျက် ဂရေးလစ်ချ် တို့ကို ခေါ်ယူဖို့ ထပ်မံ လှုပ်ရှားပြီး အသင်းမှာ အစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို ကူညီအားဖြည့်ပေးနိုင်မယ်လို့ သရဲနီဟောင်း လူးဝစ်ဆာဟာ က မျှော်လင့်နေပါတယ်။
အိုလေဂန်နာ ဆိုးရှား ဟာ ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရေးလစ်ချ် တို့ နှစ်ဦးလုံးကို ခေါ်ယူလိုခဲ့ပေမယ့် နှစ်ယောက်လုံးကတော့ လက်ရှိကလပ်တွေမှာပဲ ဆက်လက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဘောလုံးရာသီမှာ ဆန်ချိုက အခက်တွေ့ချိန်တွေ ရှိနေပေမယ့် ဆာဟာကတော့ အင်္ဂလန်သား အရည်အသွေးကို သံသယ မထားဘဲ ဦးစားပေး ပစ်မှတ်ထားစေလိုနေပါတယ်။
ဒါ့အပြင် ဆာဟာ က ဂရေးလစ်ချ် ပရိသတ် တစ်ယောက် ဖြစ်ပြီး ကွင်းလယ်မှာ ဖာနန်ဒက်စ်ကို နောက်တစ်ဆင့်ထိ တက်သွားအောင် ကူညီ အားဖြည့်ပေးနိုင်သူ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
” ပြီးခဲ့တဲ့ နွေက မန်ချက်စတာယူနိုက်တက်ဟာ ဂျက် ဂရေးလစ်ချ်နဲ့ ဆန်ချို ကို မခေါ်နိုင်ခဲ့တာ ဆိုးတာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ နှစ်ယောက်လုံးက တကယ့် ကစားသမားကောင်းတွေ ဖြစ်တယ်။
ကျနော့် အမြင် ဂရေးလစ်ချ် က အသင်းမှာ အံဝင် အစွမ်းပြနိုင်မယ့် ကစားသမား တစ်ယောက် လို့ ထင်တယ်။ အဲဒီလို ပြောပေမယ့် ဆန်ချိုကလည်း မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ကစားသမားပါ။ သူက မှန်းရခက်တယ် ပင်ကိုယ် အရည်အသွေးကောင်းတွေ ရှိတယ်။
တကယ်လို့ သူသာ ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲ ကစားရင် တိုက်စစ်သမား တစ်ဦး အနေနဲ့ သူတို့ နှစ်ယောက်လုံး အတွဲအဖက် ညီညီ ဂိုးတွေ သွင်းကြလိမ့်မယ်။ ပြီးခဲ့တဲ့ နွေက ယူနိုက်တက် ဒီနှစ်ယောက်ကို လက်လွှတ်ခဲ့ရပေမယ့် သိပ်မကြာခင် ခေါ်ယူနိုင်ဖို့ ကျေနာ်က မျှော်လင့်တယ်။
ဖာနန်ဒက်စ်ဟာ အသင်း ရောက်တည်းက ယူနိုက်တက်ကို အများကြီး အထောက်အကူ ပြုထားခဲ့တာ။ တကယ်လို့ နောက်ကစားသမား တစ်ယောက်ကသာ ဝင်ကူလာပြီး သူ့ကို လယ်ဗယ် မြှင့်ပေးနိုင်မယ် ဆိုတာ စိတ်ကူးကြည့်လိုက်စမ်းပါ။ ” လို့ ဆာဟာက ထောက်ပြ တိုက်တွန်းသွားခဲ့ပါတယ်။
Zawgyi – ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေက မခေါ်နိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ဂျက် ဂရေးလစ်ခ်ျ တို့ကို ခေါ်ယူဖို့ ထပ်မံ လှုပ်ရှားပြီး အသင်းမှာ အစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို ကူညီအားဖြည့်ပေးနိုင်မယ်လို့ သရဲနီဟောင်း လူးဝစ်ဆာဟာ က မျှော်လင့်နေပါတယ်။
အိုလေဂန်နာ ဆိုးရှား ဟာ ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရေးလစ်ခ်ျ တို့ နှစ်ဦးလုံးကို ခေါ်ယူလိုခဲ့ပေမယ့် နှစ်ယောက်လုံးကတော့ လက်ရှိကလပ်တွေမှာပဲ ဆက်လက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ ဆန်ချိုက အခက်တွေ့ချိန်တွေ ရှိနပေမယ့် ဆာဟာကတော့ အင်္ဂလန်သား အရည်အသွေးကို သံသယ မထားဘဲ ဦးစားပေး ပစ်မှတ်ထားစေလိုနေပါတယ်။
ဒါ့အပြင် ဆာဟာ က ဂရေးလစ်ခ်ျ ပရိသတ် တစ်ယောက် ဖြစ်ပြီး ကွင်းလယ်မှာ ဖာနန်ဒက်စ်ကို နောက်တစ်ဆင့်ထိ တက်သွားအောင် ကူညီ အားဖြည့်ပေးနိုင်သူ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။