ရီယို ဖာဒီနန်ကတော့ ယူနိုက်တက်ရ့ ခံစစ်ကြောင်းက လိုအပ်ချက်တွေဟာ ငွေသုံးလိုက်တာနဲ့ ပြေလည်သွားမှာ မဟုတ်ဘဲ ကစားသမားတွေ အနေနဲ့ ပွဲထဲမှာ အသေးစိတ်က အစ အာရုံအပြည့်အ၀ စိုက်ထားဖို့ လိုတာ ဖြစ်ကြောင်း သုံးသပ် အကြံပြုခဲ့ပါတယ်။
ယူနိုက်တက် ခံစစ်မှူး လုခ်ရှောကတော့ အသင်းမှာ လူငယ်ကစားသမားတွေကို ကူညီသင်ပြပေးလိုနေပြီး ကစားသမား တွေ ဘာလိုအပ်လဲ ဆိုတာ သူ ကောင်းကောင်း သိမြင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ပေါ့ဘာကို ခေါ်ယူချင်ပေမယ့် ၎င်းရဲ့ များပြားတဲ့ လစာအပြင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို မပေးလို တာကြောင့် ဇန်နဝါရီမှာ ပေါင်သန်း၅၀နဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက်က လက်မခံရင် ကစားသမားအလဲအလှယ်လုပ်ဖို့ ပိုအလိုရှိနေပါတယ်။
ယူနိုက်တက်မှာ ဒွန်နီ ဗန်ဒီဘိခ်ရဲ့ ကစားချိန်ကင်းမဲ့မှုကြောင့် အံ့အားသင့်မိကြောင်း မူလန်စတင်းက ဖွင့်ဟခဲ့ပြီး သူဟာ သိပ်တော်တဲ့ ကစားသမားဖြစ်ပေမယ့် အင်္ဂလန်မှာ ဆိုးရှားရဲ့ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် ချယ်ဆီးတို့ရဲ့ ပစ်မှတ်ကစားသမား တစ်ဦး ဖြစ်တဲ့ ဒီကလန် ရိုက်စ်ရဲ့ ဝက်စ်ဟမ်းက အသင်းဖော် မာ့ခ် နိုဘယ်လ်ကတော့ ရိုက်စ် တစ်ယောက် လက်ရှိကလပ်မှာပဲ ဆက်နေမယ် မျှော်လင့်ကြောင်း ဆိုခဲ့ပြီး အနာဂတ်ကိုတော့ သေချာပေါက် ကြိုပြောလို့ မရကြောင်းလည်း ဝန်ခံခဲ့ပါတယ်။
ဒီရာသီမှာ အိမ်ကွင်း လိဂ်ပွဲ ရလဒ်တွေ ဆိုးဝါးနေတာက သေချာ ပြင်ဆင်ပြောင်းလဲရမယ့် ကိစ္စဖြစ်တယ်လို့ နည်းပြ ဆိုးရှားက အိုးထရက်ဖို့ဒ် ဆက်တိုက် အိမ်ကွင်း လေးပွဲဆက် ကစားရမယ့် ပွဲတွေ မတိုင်ခင် သတိပေးလိုက်ပါတယ်။

Zawgyi – ရီယို ဖာဒီနန္ကေတာ့ ယူနိုက္တက္ရ႕ ခံစစ္ေၾကာင္းက လိုအပ္ခ်က္ေတြဟာ ေငြသံုးလိုက္တာနဲ႕ ေျပလည္သြားမွာ မဟုတ္ဘဲ ကစားသမားေတြ အေနနဲ႕ ပြဲထဲမွာ အေသးစိတ္က အစ အာရံုအျပည့္အ၀ စိုက္ထားဖို႔ လိုတာ ျဖစ္ေၾကာင္း သံုးသပ္ အၾကံျပဳခဲ့ပါတယ္။
ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာကေတာ့ အသင္းမွာ လူငယ္ကစားသမားေတြကို ကူညီသင္ျပေပးလိုေနျပီး ကစားသမား ေတြ ဘာလိုအပ္လဲ ဆိုတာ သူ ေကာင္းေကာင္း သိျမင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဂ်ဴဗင္တပ္ဟာ ေပါ့ဘာကို ေခၚယူခ်င္ေပမယ့္ ၎ရဲ႕ မ်ားျပားတဲ့ လစာအျပင္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို မေပးလို တာေၾကာင့္ ဇန္နဝါရီမွာ ေပါင္သန္း၅၀နဲ႔ ကမ္းလွမ္းမႈကို ယူႏိုက္တက္က လက္မခံရင္ ကစားသမားအလဲအလွယ္လုပ္ဖို႔ ပိုအလိုရွိေနပါတယ္။
ယူႏိုက္တက္မွာ ဒြန္နီ ဗန္ဒီဘိခ္ရဲ႕ ကစားခ်ိန္ကင္းမဲ့မႈေၾကာင့္ အံ့အားသင့္မိေၾကာင္း မူလန္စတင္းက ဖြင့္ဟခဲ့ၿပီး သူဟာ သိပ္ေတာ္တဲ့ ကစားသမားျဖစ္ေပမယ့္ အဂၤလန္မွာ ဆိုးရွားရဲ႕ ခြဲျခားဆက္ဆံမႈကို ခံခဲ့ရတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ ခ်ယ္ဆီးတို႔ရဲ႕ ပစ္မွတ္ကစားသမား တစ္ဦး ျဖစ္တဲ့ ဒီကလန္ ရိုက္စ္ရဲ႕ ၀က္စ္ဟမ္းက အသင္းေဖာ္ မာ့ခ္ နုိဘယ္လ္ကေတာ့ ရုိက္စ္ တစ္ေယာက္ လက္ရိွကလပ္မွာပဲ ဆက္ေနမယ္ ေမွ်ာ္လင့္ေၾကာင္း ဆိုခဲ့ျပီး အနာဂတ္ကိုေတာ့ ေသခ်ာေပါက္ ၾကိဳေျပာလို႔ မရေၾကာင္းလည္း ၀န္ခံခဲ့ပါတယ္။
ဒီရာသီမွာ အိမ္ကြင္း လိဂ္ပြဲ ရလဒ္ေတြ ဆိုး၀ါးေနတာက ေသခ်ာ ျပင္ဆင္ေျပာင္းလဲရမယ့္ ကိစၥျဖစ္တယ္လို႔ နည္းျပ ဆိုးရွားက အိုးထရက္ဖို႕ဒ္ ဆက္တိုက္ အိမ္ကြင္း ေလးပြဲဆက္ ကစားရမယ့္ ပြဲေတြ မတိုင္ခင္ သတိေပးလိုက္ပါတယ္။
