အကောင်းဆုံး မကစားနိုင်ခဲ့ပေမယ့် နိုင်ပွဲအတွက် ကူညီခဲ့တဲ့ အသင်းသားကို ဆိုးရှား ချီးကျူး

ဝုဗ်နဲ့ ပွဲမှာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနိုဖာနန်ဒက်စ်ဟာ အကောင်းဆုံး ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပေမယ့် အရေးပါတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ကာ သူ့ရဲ့အရေးပါမှုကို ပြသခဲ့ပါတယ်။

ဖေဖော်ဝါရီမှာ ပရီးမီးယားလိဂ် ပွဲဦးထွက်ပြီးကတည်းက ပေါ်တူဂီသားဟာ ဂိုးနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှု ၃၂ ကြိမ် ( ၁၈ ဂိုးသွင်း၊ ၁၄ ကြိမ် ဖန်တီးမှု) ရှိခဲ့တာနဲ့အတူ ဒါဟာ လိဂ်မှာ အများဆုံး အရေအတွက် ဖြစ်ခဲ့ပါတယ်။

ဒါက ဖာနန်ဒက်စ်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်ခဲ့ဘူးလို့ ဆိုးရှားက ဝန်ခံခဲ့ပေမယ့် ၎င်းရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ ထိုက်တန်တာကို ရရှိခဲ့တဲ့အတွက် ကျေနပ်နေခဲ့ပါတယ်။

“သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်နဲ့ကစားခဲ့တာ မဟုတ်ပါဘူး။ ဒီထက် ပိုကောင်းတဲ့ပွဲတွေ ကစားခဲ့ပေမယ့် သူက အမြဲတမ်း အခွင့်အရေး ဖန်တီးဖို့ ကြိုးစားနေတာပါ။ ဒီနေ့မှာ ကျွန်တော်တို့အတွက် သူ လုပ်ခဲ့တာထက် အသင်းဖော်တွေအတွက် ပို ထောက်ပံ့ပေးခဲ့သလို အဆုံးသတ်မှာ သူ့ရဲ့ ပေးပို့မှုက အလုပ်ဖြစ်ခဲ့ပါတယ်”လို့ ဆိုးရှားက ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝုဗ်ကို နိုင်လိုက်တဲ့နောက် အမှတ်ပေးဇယား ဒုတိယနေရာထိ တက်လာသလို ချန်ပီယံ ဆု အတွက် လီဗာပူးကို စိန်ခေါ်နိုင်တော့မလား စောင့်ကြည့်မှုတွေ မြင့်တက်လာနေပါတယ်။

Zawgyi – ၀ုဗ္နဲ႕ ပြဲမွာ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အေကာင္းဆံုး ေျခစြမ္းမ်ိဳး မျပသနိုင္ခဲ့ေပမယ့္ အေရးပါတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးအတြက္ ဖန္တီးေပးခဲ့ကာ သူ႔ရဲ႕အေရးပါမႈကို ျပသခဲ့ပါတယ္။

ေဖေဖာ္ဝါရီမွာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ၿပီးကတည္းက ေပၚတူဂီသားဟာ ဂိုးနဲ႔ တိုက္႐ိုက္ပါဝင္ပတ္သက္မႈ ၃၂ ႀကိမ္ ( ၁၈ ဂိုးသြင္း၊ ၁၄ ႀကိမ္ ဖန္တီးမႈ) ရွိခဲ့တာနဲ႔အတူ ဒါဟာ လိဂ္မွာ အမ်ားဆုံး အေရအတြက္ ျဖစ္ခဲ့ပါတယ္။

ဒါက ဖာနန္ဒက္စ္ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ မဟုတ္ခဲ့ဘူးလို႔ ဆိုးရွားက ဝန္ခံခဲ့ေပမယ့္ ၎ရဲ႕ အားထုတ္ႀကိဳးပမ္းမႈနဲ႔ ထိုက္တန္တာကို ရရွိခဲ့တဲ့အတြက္ ေက်နပ္ေနခဲ့ပါတယ္။

“သူ႔ရဲ႕ အျမင့္ဆုံး စြမ္းေဆာင္ရည္နဲ႔ကစားခဲ့တာ မဟုတ္ပါဘူး။ ဒီထက္ ပိုေကာင္းတဲ့ပြဲေတြ ကစားခဲ့ေပမယ့္ သူက အၿမဲတမ္း အခြင့္အေရး ဖန္တီးဖို႔ ႀကိဳးစားေနတာပါ။ ဒီေန႔မွာ ကြၽန္ေတာ္တို႔အတြက္ သူ လုပ္ခဲ့တာထက္ အသင္းေဖာ္ေတြအတြက္ ပို ေထာက္ပံ့ေပးခဲ့သလို အဆုံးသတ္မွာ သူ႔ရဲ႕ ေပးပို႔မႈက အလုပ္ျဖစ္ခဲ့ပါတယ္”လို႔ ဆိုးရွားက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ၀ုဗ္ကို နုိင္လိုက္တဲ့ေနာက္ အမွတ္ေပးဇယား ဒုတိယေနရာထိ တက္လာသလို ခ်န္ပီယံ ဆု အတြက္ လီဗာပူးကို စိန္ေခၚနုိင္ေတာ့မလား ေစာင့္ၾကည့္မႈေတြ ျမင့္တက္လာေနပါတယ္။