ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/12/20)

ဝုဗ်ကို နိုင်ပြီး အမှတ်ပေးဇယား ဒုတိယ နေရာ တက်လာပြီ ဖြစ်တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးကို စိန်ခေါ်လာနိုင်ပြီလို့ ဖီးနဗီးလ်က ယုံကြည်နေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက ကိုဗစ်ကြောင့် ပရီးမီးယားလိဂ် ပွဲတွေ ခေတ္တ ရပ်ဆိုင်းမယ် ဆိုရင် အကျိုးရှိမှာ မဟုတ်ဘဲ ပြန်စတင်ချိန် ပွဲတွေ ပိုကြပ်ကာ ဘောလုံးရာသီ နောက်ကျ ပြီးဆုံးတာပဲ ရှိမယ်လို့ ထောက်ပြ ကန့်ကွက်ခဲ့ပါတယ်။

ဝုဗ်နဲ့ ပွဲမှာ ကွင်းလယ် တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းက အကောင်းဆုံး အနေအထား မဟုတ်ခဲ့ပေမယ့် အသင်း နိုင်ပွဲ ရဖို့ ရက်ဖို့ဒ် သွင်းဂိုးကို ဖန်တီးပေးနိုင်တာ အတွက် ကျေနပ်ကြောင်း ဆိုးရှားက ဆိုပါတယ်။

နိုဝင်ဘာလ အစကတည်းက လိဂ်မှာ ရှုံးပွဲမရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ တိုးတက်မှုကို ဆိုးရှားက ကျေနပ်နေသလို အဆင့်၂ ရခဲ့ပြီး အခု ဝုဗ်ကို နိုင်ခဲ့တာက ကလပ်အတွက် ရှေ့ဆက်ဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီမှာ ထွက်ခွာဖို့ မဖြစ်နိုင်တဲ့ ပေါ့ဘာဟာ နွေရာသီမှာ အသင်းပြောင်းဖို့ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့်လည်း သူက ဒုတိယရာသီဝက်မှာ ယူနိုက်တက်ရဲ့ ဖလားစိန်ခေါ်မှုကို ဦးဆောင်လာလိမ့်မယ်လို့ ဖီးနဗီးက ထောက်ခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ နောဝစ်ချ် ခံစစ်မှူး မက်ဇ် အေရွန် ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြထားပါတယ်။

ဖာနန်ဒက်စ်ဟာ အခြား ဥရောပ ထိပ်သီးတွေ ဖြစ်တဲ့ ရီးရဲလ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့မှာ ဆိုရင်လည်း အံဝင်စွာ အစွမ်းပြနိုင်မှာ ဖြစ်ပြီး လက်ရှိမှာဆိုလည်း ဘလွန်ဒီအော ဆု ရနိုင်တဲ့ အချက်အလက် မှတ်တမ်းကောင်းတွေ ရှိထားသူ လို့ ဆရာဟောင်း ခရစ္စတီယာနို ဂီရက်တာက ပြောဆိုခဲ့ပါတယ်။

Zawgyi – ၀ုဗ္ကို နုိင္ျပီး အမွတ္ေပးဇယား ဒုတိယ ေနရာ တက္လာျပီ ျဖစ္တဲ့ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ လီဗာပူးကို စိန္ေခၚလာနိုင္ျပီလို႔ ဖီးနဗီးလ္က ယံုၾကည္ေနပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက ကုိဗစ္ေၾကာင့္ ပရီးမီးယားလိဂ္ ပြဲေတြ ေခတၱ ရပ္ဆိုင္းမယ္ ဆိုရင္ အက်ိဳးရွိမွာ မဟုတ္ဘဲ ျပန္စတင္ခ်ိန္ ပြဲေတြ ပိုၾကပ္ကာ ေဘာလံုးရာသီ ေနာက္က် ျပီးဆံုးတာပဲ ရွိမယ္လုိ႔ ေထာက္ျပ ကန္႔ကြက္ခဲ့ပါတယ္။

၀ုဗ္နဲ႕ ပြဲမွာ ကြင္းလယ္ တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ရဲ႕ ေျခစြမး္က အေကာင္းဆံုး အေနအထား မဟုတ္ခဲ့ေပမယ့္ အသင္း နုိင္ပြဲ ရဖို႔ ရက္ဖို႔ဒ္ သြင္းဂိုးကို ဖန္တီးေပးနုိင္တာ အတြက္ ေက်နပ္ေၾကာင္း ဆိုးရွားက ဆိုပါတယ္။

ႏိုဝင္ဘာလ အစကတည္းက လိဂ္မွာ ရႈံးပြဲမရွိခဲ့တဲ့ ယူႏိုက္တက္ရဲ႕ တိုးတက္မႈကို ဆိုးရွားက ေက်နပ္ေနသလို အဆင့္၂ ရခဲ့ၿပီး အခု ဝုဗ္ကို ႏိုင္ခဲ့တာက ကလပ္အတြက္ ေရွ႕ဆက္ဖို႔ ႀကီးမားတဲ့ ေျခလွမ္းတစ္လွမ္း ျဖစ္ေစခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဇန္နဝါရီမွာ ထြက္ခြာဖို႔ မျဖစ္ႏိုင္တဲ့ ေပါ့ဘာဟာ ေႏြရာသီမွာ အသင္းေျပာင္းဖို႔ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္လည္း သူက ဒုတိယရာသီဝက္မွာ ယူႏိုက္တက္ရဲ႕ ဖလားစိန္ေခၚမႈကို ဦးေဆာင္လာလိမ့္မယ္လို႔ ဖီးနဗီးက ေထာက္ခံခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္န၀ါရီမွာ ေနာ၀စ္ခ်္ ခံစစ္မွဴး မက္ဇ္ ေအရြန္ ကို ေခၚယူဖို႔ စဥ္းစားေနေၾကာင္း အဂၤလန္ သတင္းေတြက ေဖာ္ျပထားပါတယ္။

ဖာနန္ဒက္စ္ဟာ အျခား ဥေရာပ ထိပ္သီးေတြ ျဖစ္တဲ့ ရီးရဲလ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္တို႔မွာ ဆိုရင္လည္း အံ၀င္စြာ အစြမ္းျပနိုင္မွာ ျဖစ္ျပီး လက္ရွိမွာဆိုလည္း ဘလြန္ဒီေအာ ဆု ရနုိင္တဲ့ အခ်က္အလက္ မွတ္တမ္းေကာင္းေတြ ရွိထားသူ လို႔ ဆရာေဟာင္း ခရစၥတီယာနို ဂီရက္တာက ေျပာဆိုခဲ့ပါတယ္။