ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (25/05/20)

ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလိုအတွက် အငှားသက်တမ်း သုံးလတိုးပေးဖို့ ညှိနှိုင်းမှုကို ရှန်ဟိုင်းရှင်ဟွာအသင်းက လက်မခံတာကြောင့် နိုင်ဂျီးရီးယားသားဟာ ဒီတစ်ပတ်ထဲမှာပဲ မန်ချက်စတာကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်း ရေရှည် အစီအစဉ်တွေထဲ မပါဝင်တော့တဲ့ ခံစစ်မှူး မားကို့စ် ရိုဂျိုကို ဒီနွေရာသီမှာ အာဂျင်တီးနား ကလပ်တွေဆီကို ပေါင် ၁၂ သန်း လောက်နဲ့ ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဘုန်းမောက် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဂျို့ရှ်ကင်းနဲ့ ဒေးဗစ်ဘရွတ်တို့ဟာ ယူနိုက်တက်ဟာ လာမယ့်နွေ ဖြစ်နိုင်ဖွယ် ပစ်မှတ်စာရင်းထဲ ပါဝင်နေတယ်လို့ မန်ချက်စတာ သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

ဘောလုံးပွဲပြန်စရင် ကြံ့ခိုင်မှု အမြင့်ဆုံးမှာ ရှိနေဖို့အတွက် ယူနိုက်တက် ကွင်းလယ် ဘရူနိုဖာနန်ဒက်စ်က အသင်းဖော် ဒါလော့နဲ့အတူ သီးသန့် လေ့ကျင့်ရေးတွေကို အချိန်ပို ပြုလုပ်နေပါတယ်။

အထောင် တိုက်စစ်မှူးတစ်ဦး ခေါ်ဖို့ ရှာဖွေနေတဲ့ ယူနိုက်တက် အနေနဲ့ နယ်သာလန်ကလပ် အေဇက် အယ်လ်ခမာအသင်းမှ လူငယ် တိုက်စစ်မှူး မိုင်ရွန် ဘိုအာဒူ ကို ခေါ်ယူသင့်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ဟာ ကိုရိုနာကြောင့် မတည်ငြိမ်သေးတဲ့ အနေအထားမှာ ရာသီကြိုကာလအတွင်း ခရီးစဉ်များလှည့်လည်တာ ပြုလုပ်တော့မှာ မဟုတ်ကြောင်း အသင့်ဘက်က အတည်ပြုလိုက်ပါတယ်။ ရာသီကြိုခရီးစဉ်များ ဖျက်သိမ်းရတာကြောင့် ယူနိုက်တက် အတွက် ဝင်ငွေပိုင်း ထိခိုက်မှုတွေလည်း ရှိမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ဒီကာလအတွင်း သီးခြား ခွဲနေရဖို့ ဖြစ်လာခဲ့ရင် အတူရှိဖို့ ဘယ်အသင်းဖော်ကို ရွေးချယ်မလဲ မေးမြန်းခံခဲ့ရရာ ဟွမ် မာတာကို ရွေးဖြစ်မှာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ပီအက်စ်ဂျီ အားကစား ဒါရိုကတာဟောင်း အန်တီရို ဟင်းနရစ်ကို မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့က ခေါ်ဖို့ အပြိုင် ချိတ်ဆက်နေကြောင်း ပြင်သစ်သတင်းများက ဖော်ပြနေပါတယ်။

Zawgyi – ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလိုအတွက် အငှားသက်တမ်း သုံးလတိုးပေးဖို့ ညှိနှိုင်းမှုကို ရှန်ဟိုင်းရှင်ဟွာအသင်းက လက်မခံတာကြောင့် နိုင်ဂျီးရီးယားသားဟာ ဒီတစ်ပတ်ထဲမှာပဲ မန်ချက်စတာကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။






