ရှော်လ်ကေး အသင်းဟာ အာဆင်နယ် ခံစစ်မှူး ကိုလာစီနက်ကို ခေါ်ယူဖို့ ကြိုးစား လှုပ်ရှားနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ မိနစ် ၉၀ မျှသာ ကစားထားရတဲ့ ကိုလာစီနက်ကလည်း လစာ ကနေ လျှော့ပေးရရင်တောင် အသင်းပြောင်းလိုနေပါတယ်။
အာဆင်နယ်အသင်းမှာ လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ မာတင်နယ်လီနဲ့ ဘူကာယို ဆာကာ တို့က ဂန်းနားတို့ကို ကြောက်မက်ဖွယ် အစွမ်းထက်စေမှာ ဖြစ်ကြောင်း ရီယိုဖာဒီနန်က သုံးသပ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား အစ္စကို ကို အာဆင်နယ်က ခေါ်ယူလိုပေမယ့် ကစားသမားကတော့ ချယ်ဆီးမှာ ကစားလိုနေပါတယ်။ ဇီဒန်းကလည်း အစ္စကို ကို လက်မလွှတ်လိုတာကြောင့် အပြောင်းအရွှေ့ ဖြစ်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဆင်နယ် ကစားသမားဟောင်း ဂျက် ဝီရှိုင်းယားဟာ မေဂျာလိဂ်ဘက် ပြောင်းရွှေ့ ကစားဖို့ ပြင်နေပါတယ်။
ကိုဗစ် ကူးစက်မှု မြင့်တက်လာတာကြောင့် ပရီးမီးယားလိဂ်ကို ခေတ္တ ရပ်နားဖို့ ကိစ္စ ပြောဆိုမှုတွေ ရှိပေမယ့် အဲဒီလို ရပ်နားမှာ မဟုတ်ကြောင်း လိဂ်က သတင်းထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် လူငယ် ကစားသမား စမစ် ရိုဝီကတော့ အသင်းမှာ ပျော်ရွှင်နေပြီး မန်နေဂျာ အာတီတာက သူ့ကို ယုံကြည်မှု ပေးကာ အခွင့်အရေးပေးတာအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ေရွာ္လ္ေကး အသင္းဟာ အာဆင္နယ္ ခံစစ္မွဴး ကိုလာစီနက္ကို ေခၚယူဖို႔ ၾကိဳးစား လႈပ္ရွားေနပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ မိနစ္ ၉၀ မွ်သာ ကစားထားရတဲ့ ကိုလာစီနက္ကလည္း လစာ ကေန ေလွ်ာ့ေပးရရင္ေတာင္ အသင္းေျပာင္းလိုေနပါတယ္။
အာဆင္နယ္အသင္းမွာ လူငယ္ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ မာတင္နယ္လီနဲ႕ ဘူကာယို ဆာကာ တို႔က ဂန္းနားတို႔ကို ေၾကာက္မက္ဖြယ္ အစြမ္းထက္ေစမွာ ျဖစ္ေၾကာင္း ရီယိုဖာဒီနန္က သံုးသပ္လိုက္ပါတယ္။
ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ ကစားသမား အစၥကို ကို အာဆင္နယ္က ေခၚယူလိုေပမယ့္ ကစားသမားကေတာ့ ခ်ယ္ဆီးမွာ ကစားလိုေနပါတယ္။ ဇီဒန္းကလည္း အစၥကို ကို လက္မလႊတ္လိုတာေၾကာင့္ အေျပာင္းအေရႊ႕ ျဖစ္ဖို႔ ခက္ခဲမွာ ျဖစ္ပါတယ္။
၀က္စ္ဟမ္း အသင္းနဲ႕ စာခ်ဳပ္ ဖ်က္သိမ္းျပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ အာဆင္နယ္ ကစားသမားေဟာင္း ဂ်က္ ၀ီရွိဳင္းယားဟာ ေမဂ်ာလိဂ္ဘက္ ေျပာင္းေရႊ႕ ကစားဖို႔ ျပင္ေနပါတယ္။
ကိုဗစ္ ကူးစက္မႈ ျမင့္တက္လာတာေၾကာင့္ ပရီးမီးယားလိဂ္ကို ေခတၱ ရပ္နားဖို႔ ကိစၥ ေျပာဆိုမႈေတြ ရွိေပမယ့္ အဲဒီလို ရပ္နားမွာ မဟုတ္ေၾကာင္း လိဂ္က သတင္းထုတ္ျပန္ခဲ့ျပီ ျဖစ္ပါတယ္။
အာဆင္နယ္ လူငယ္ ကစားသမား စမစ္ ရို၀ီကေတာ့ အသင္းမွာ ေပ်ာ္ရႊင္ေနျပီး မန္ေနဂ်ာ အာတီတာက သူ႔ကို ယံုၾကည္မႈ ေပးကာ အခြင့္အေရးေပးတာအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
