ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (31/12/20)

ပီအက်ဖ်အေ အကောင်းဆုံး ဆု ရနိုင်တယ် လို့ ရေပန်းစားနေတဲ့ ဘရူနို ဖာနန်ဒက်စ် က အသင်းလိုက် အောင်မြင်မှု မရဘဲ ထိုဆုကို အလိုမရှိကြောင်း ဆိုခဲ့ပေမယ့် သူတင် မဟုတ်ဘဲ အသင်းက ဘယ်သူမဆို တစ်ဦးချင်း ထူးချွန်ဆု မျိုး ရခဲ့ရင် အသင်းဖော်တွေရဲ့ ကူညီမှု ပါဝင်ကြောင်း သက်သေပြနေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ ဆိုးရှားရဲ့ ဦးဆောင်မှုအောက်မှာ ဆုဖလားတွေ ဆွတ်ခူးဖို့ ပိုမို နီးစပ်လာနေပြီ ဖြစ်ကြောင်း အက် ဝုဒ်ဝပ်က ထောက်ခံ လိုက်ပါတယ်။

ဆန်ချို ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲ ချယ်ဆီးက ဆက်လက် ပါဝင်နေလျက် ရှိပြီး ယူနိုက်တက်ရဲ့ ထပ်မံ ကြိုးပမ်းမှုက ယူရို သန်း ၁၂၀ ကမ်းလှမ်းမှု မဟုတ်ခဲ့ရင် အခြား အသင်းတွေ အရေးသာဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ မနှစ်က ရခဲ့တဲ့ အဆင့် ၃ ထက် ပိုကောင်းတဲ့နေရာရဖို့ မျှော်လင့်နေသလို ဒီရာသီမှာ တိုးတက်နေတဲ့ ပုံစံတွေအရ ဖလားပြိုင်ပွဲမှာ လီဗာပူးနဲ့ အနီးစပ်ဆုံး စိန်ခေါ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေရှိတယ်လို့ ဖီးနဗီးက ယုံကြည်နေ ပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံ ဆု ကာကွယ်မယ့် လမ်းကြောင်းမှာ အနှောင့်ယှက်ကြီး ဖြစ်လာနေကြောင်း ခံစစ်မှူးဟောင်း စတိဗ်နီကိုးလ်က ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ချင်ရင်တော့ ဇန်နဝါရီမှာ သွက်လက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ဗဟိုခံစစ်မှူးကောင်း တစ်ယောက် ခေါ်ယူမှ ဖြစ်မယ်လို့ ဂယ်ရီနဗီးလ်က အကြံပြုခဲ့ပါတယ်။

Zawgyi – ပီအက္ဖ္ေအ အေကာင္းဆံုး ဆု ရနုိင္တယ္ လို႔ ေရပန္းစားေနတဲ့ ဘရူနုိ ဖာနန္ဒက္စ္ က အသင္းလိုက္ ေအာင္ျမင္မႈ မရဘဲ ထိုဆုကို အလိုမရွိေၾကာင္း ဆိုခဲ့ေပမယ့္ သူတင္ မဟုတ္ဘဲ အသင္းက ဘယ္သူမဆို တစ္ဦးခ်င္း ထူးခၽြန္ဆု မ်ိဳး ရခဲ့ရင္ အသင္းေဖာ္ေတြရဲ႕ ကူညီမႈ ပါ၀င္ေၾကာင္း သက္ေသျပေနလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ နည္းျပ ဆိုးရွားရဲ႕ ဦးေဆာင္မႈေအာက္မွာ ဆုဖလားေတြ ဆြတ္ခူးဖို႔ ပိုမို နီးစပ္လာေနျပီ ျဖစ္ေၾကာင္း အက္ ၀ုဒ္၀ပ္က ေထာက္ခံ လိုက္ပါတယ္။

ဆန္ခ်ိဳ ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲ ခ်ယ္ဆီးက ဆက္လက္ ပါ၀င္ေနလ်က္ ရွိျပီး ယူနိုက္တက္ရဲ႕ ထပ္မံ ၾကိဳးပမ္းမႈက ယူရို သန္း ၁၂၀ ကမ္းလွမ္းမႈ မဟုတ္ခဲ့ရင္ အျခား အသင္းေတြ အေရးသာဖြယ္ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ မႏွစ္က ရခဲ့တဲ့ အဆင့္ ၃ ထက္ ပိုေကာင္းတဲ့ေနရာရဖို႔ ေမွ်ာ္လင့္ေနသလို ဒီရာသီမွာ တိုးတက္ေနတဲ့ ပုံစံေတြအရ ဖလားၿပိဳင္ပြဲမွာ လီဗာပူးနဲ႔ အနီးစပ္ဆုံး စိန္ေခၚဖို႔ လိုအပ္တဲ့ အရည္အခ်င္းေတြရွိတယ္လို႔ ဖီးနဗီးက ယုံၾကည္ေန ပါတယ္။

ယူနိုက္တက္ဟာ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံ ဆု ကာကြယ္မယ့္ လမ္းေၾကာင္းမွာ အေနွာင့္ယွက္ၾကီး ျဖစ္လာေနေၾကာင္း ခံစစ္မွဴးေဟာင္း စတိဗ္နီကိုးလ္က ၀န္ခံခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံ ျဖစ္ခ်င္ရင္ေတာ့ ဇန္န၀ါရီမွာ သြက္လက္ျပီး လႊမ္းမိုးနုိင္စြမ္း ရွိတဲ့ ဗဟိုခံစစ္မွဴးေကာင္း တစ္ေယာက္ ေခၚယူမွ ျဖစ္မယ္လို႔ ဂယ္ရီနဗီးလ္က အၾကံျပဳခဲ့ပါတယ္။