ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူက ကွင်းလယ်လူဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အရမ်း ပျော်ရွှင်နေပါတယ်လို့ ဖွင့်ဟခဲ့ပေမယ့် တချိန်ချိန်မှာ ချယ်ဆီးကနေ ထွက်ခွာပြီး အီတလီထံ ပြန်ဖို့အလားအလာကိုတော့ ငြင်းပယ်ခြင်းမရှိခဲ့ပါဘူး။
အက်သလက်တီကိုဟာ ကော်စတာနဲ့စာချုပ်ကို စောစောဖျက်သိမ်းဖို့ သဘောတူညီခဲ့ပြီးနောက် သူ့ရဲ့နေရာကို အစားထိုးဖို့ အတွက် ဂျီရူးကို ပစ်မှတ်ထားနေပြီး ဆောင်းရာသီအပြောင်းအရွှေ့ဖွင့်လှစ်တာနဲ့ သူ့ကိုခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဂျက်ဂရီးလစ်ရှ်ဟာ မနှစ်က အက်စ်တွန်ဗီလာကို တန်းမဆင်းရအောင် ကာကွယ်ပေးခဲ့ပြီး ဒီနှစ်မှာလဲ ၅ဂိုးသွင်း၊ ၆ဂိုးဖ န်တီးပေးထားကာ ပိုပိုတိုးတက်လာတဲ့နောက် ချယ်ဆီးအနေနဲ့ ကိုင်ဟားဗတ်ထက် သူ့ကို ခေါ်ယူခဲ့သင့်တယ်လို့ ခရစ်ဘာလေက ပြောဆိုခဲ့ပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ ဒူးဒဏ်ရာနဲ့ ရာသီအစကိုလွဲချော်ခဲ့ပြီး လိဒ်စ်နဲ့ပွဲမှာလဲ ပေါင်တံ ဒဏ်ရာရခဲ့တဲ့နောက် ချယ်ဆီးအတွက် အားလျော့စေခဲ့ပေမယ့် မနေ့က လေ့ကျင့်ရေးမှာ အသင်းဖော်တွေနဲ့အတူမြင်တွေ့ခဲ့ရတဲ့နောက် မန်စီးတီးနဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။
လိဂ်တူးကလပ် မိုရီကမ်ဘီဟာ ကိုဗစ်-19 ပိုးတွေ့ရှိမှုတွေကြောင့် လိဂ်ပွဲတွေကို ဖျက်သိမ်းခဲ့ရသလို ၎င်းတို့ရဲ့ လေ့ကျင့်ရေး ကွင်းကို ၁၀ ရက် ပိတ်ထားခံခဲ့ရတာကြောင့် ၁၁ ရက်နေ့မှာ ချယ်ဆီးနဲ့တွေ့ရမယ့် FA ဖလား တတိယအဆင့်ပွဲကို ရွှေ့ဆိုင်းရနိုင်ပါတယ်။
ကိုဗစ်ကြောင့် ချယ်ဆီးရဲ့ နှစ်စဉ်ဝင်ငွေဟာ စာရင်းပိတ်သိမ်းတဲ့ ၂၀၂၀ ဇွန် ၃၀ အထိ ပေါင် ၄၄၆.၇ သန်းကနေ ၄၀၇.၄ သန်းအထိ ကျဆင်းခဲ့ပေမယ့် မလိုအပ်တဲ့ ကစားသမားတွေ ရောင်းထုတ်မှုက ကလပ်အတွက် အကူအညီဖြစ်စေခဲ့ပြီး ပေါင်၃၂.၅ သန်း အမြတ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
သီယာဂိုဆေးဗားရောက်ရှိလာပြီးထဲက ချယ်ဆီးရဲ့ခံစစ်ကို တောင့်တင်းစေခဲ့ပြီး ကတ်ဇူးမားနဲ့အတူ လိဂ်မှာ အကောင်းဆုံး ဗဟိုတိုက်စစ်အတွဲတစ်ခု ဖြစ်ခဲ့သလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ သူ့ကိုခေါ်ယူခဲ့တဲ့ လမ်းပတ်ကို ဆာမီ ခီဒီရာက ချီးကျူးခဲ့ပါတယ်။
ကိုင်ဟားဗတ်ဟာ အင်္ဂလန်မှာ အသားကျဖို့ ရုန်းကန်ခဲ့ရပြီး လိဂ် ၁၄ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ၎င်းဟာ ချယ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပြီး လာမယ့်နှစ်တွေအတွင်း အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ ကိုဗာဆစ်က ထောက်ခံပြောဆိုခဲ့ပါတယ်။

Zawgyi – ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ျဖစ္သူက ကြင္းလယ္လူဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ အရမ္း ေပ်ာ္႐ႊင္ေနပါတယ္လို႔ ဖြင့္ဟခဲ့ေပမယ့္ တခ်ိန္ခ်ိန္မွာ ခ်ယ္ဆီးကေန ထြက္ခြာၿပီး အီတလီထံ ျပန္ဖို႔အလားအလာကိုေတာ့ ျငင္းပယ္ျခင္းမရွိခဲ့ပါဘူး။
အက္သလက္တီကိုဟာ ေကာ္စတာနဲ႔စာခ်ဳပ္ကို ေစာေစာဖ်က္သိမ္းဖို႔ သေဘာတူညီခဲ့ၿပီးေနာက္ သူ႔ရဲ႕ေနရာကို အစားထိုးဖို႔ အတြက္ ဂ်ီ႐ူးကို ပစ္မွတ္ထားေနၿပီး ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ဖြင့္လွစ္တာနဲ႔ သူ႔ကိုေခၚယူဖို႔ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။
ဂ်က္ဂရီးလစ္ရွ္ဟာ မႏွစ္က အက္စ္တြန္ဗီလာကို တန္းမဆင္းရေအာင္ ကာကြယ္ေပးခဲ့ၿပီး ဒီႏွစ္မွာလဲ ၅ဂိုးသြင္း၊ ၆ဂိုးဖ န္တီးေပးထားကာ ပိုပိုတိုးတက္လာတဲ့ေနာက္ ခ်ယ္ဆီးအေနနဲ႔ ကိုင္ဟားဗတ္ထက္ သူ႔ကို ေခၚယူခဲ့သင့္တယ္လို႔ ခရစ္ဘာေလက ေျပာဆိုခဲ့ပါတယ္။
ဟာကင္ဇီယက္ခ္်ဟာ ဒူးဒဏ္ရာနဲ႔ ရာသီအစကိုလြဲေခ်ာ္ခဲ့ၿပီး လိဒ္စ္နဲ႔ပြဲမွာလဲ ေပါင္တံ ဒဏ္ရာရခဲ့တဲ့ေနာက္ ခ်ယ္ဆီးအတြက္ အားေလ်ာ့ေစခဲ့ေပမယ့္ မေန႔က ေလ့က်င့္ေရးမွာ အသင္းေဖာ္ေတြနဲ႔အတူျမင္ေတြ႕ခဲ့ရတဲ့ေနာက္ မန္စီးတီးနဲ႔ပြဲမွာ ပါဝင္လာႏိုင္ပါတယ္။
လိဂ္တူးကလပ္ မိုရီကမ္ဘီဟာ ကိုဗစ္-19 ပိုးေတြ႕ရွိမႈေတြေၾကာင့္ လိဂ္ပြဲေတြကို ဖ်က္သိမ္းခဲ့ရသလို ၎တို႔ရဲ႕ ေလ့က်င့္ေရး ကြင္းကို ၁၀ ရက္ ပိတ္ထားခံခဲ့ရတာေၾကာင့္ ၁၁ ရက္ေန႔မွာ ခ်ယ္ဆီးနဲ႔ေတြ႕ရမယ့္ FA ဖလား တတိယအဆင့္ပြဲကို ေ႐ႊ႕ဆိုင္းရႏိုင္ပါတယ္။
ကိုဗစ္ေၾကာင့္ ခ်ယ္ဆီးရဲ႕ ႏွစ္စဥ္ဝင္ေငြဟာ စာရင္းပိတ္သိမ္းတဲ့ ၂၀၂၀ ဇြန္ ၃၀ အထိ ေပါင္ ၄၄၆.၇ သန္းကေန ၄၀၇.၄ သန္းအထိ က်ဆင္းခဲ့ေပမယ့္ မလိုအပ္တဲ့ ကစားသမားေတြ ေရာင္းထုတ္မႈက ကလပ္အတြက္ အကူအညီျဖစ္ေစခဲ့ၿပီး ေပါင္၃၂.၅ သန္း အျမတ္ရရွိခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။
သီယာဂိုေဆးဗားေရာက္ရွိလာၿပီးထဲက ခ်ယ္ဆီးရဲ႕ခံစစ္ကို ေတာင့္တင္းေစခဲ့ၿပီး ကတ္ဇူးမားနဲ႔အတူ လိဂ္မွာ အေကာင္းဆုံး ဗဟိုတိုက္စစ္အတြဲတစ္ခု ျဖစ္ခဲ့သလို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ သူ႔ကိုေခၚယူခဲ့တဲ့ လမ္းပတ္ကို ဆာမီ ခီဒီရာက ခ်ီးက်ဴးခဲ့ပါတယ္။
ကိုင္ဟားဗတ္ဟာ အဂၤလန္မွာ အသားက်ဖို႔ ႐ုန္းကန္ခဲ့ရၿပီး လိဂ္ ၁၄ ပြဲမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ ၎ဟာ ခ်ယ္ဆီးအတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္ၿပီး လာမယ့္ႏွစ္ေတြအတြင္း အဓိက ကစားသမားျဖစ္လာလိမ့္မယ္လို႔ ကိုဗာဆစ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။
