လူမှုကွန်ယက်က ပို့စ်ကြောင့် ကာဗာနီဟာ အက်ဖ်အေရဲ့ သုံးပွဲပယ်ပြစ်ဒဏ်ကို လက်ခံခဲ့ပြီး သူ့လုပ်ရပ်က တစ်ယောက် ယောက် အပေါ် စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဆိုပေမယ့် တမင်တကာ ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ကာလတွေအတွင်း ပရိသတ်တွေဟာ ကွင်းလယ် ဗဟိုက အရည်အသွေး ကင်းမဲ့မှုအတွက် ဝေဖန်ခဲ့ကြသလို ဖရက်နဲ့ တော်မီနေး တွဲကစားရင် အကောင်းဆုံးပုံစံမှာ ရှိပေမယ့် မာတစ်နဲ့ပေါ့ဘာအတွဲကိုလဲ ပြောင်းလဲကစားဖို့လိုတယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီကို တစ်နှစ်စာချုပ် သက်တမ်းတိုးမှာ ဖြစ်ပေမယ့် ၎င်းနေရာအတွက် ရေရှည်အစားထိုးမယ့်သူကို သတ်မှတ်ထားပြီးဖြစ်ပြီး ဂျူဗင်တပ်ကြယ်ပွင့် ဒိုင်ဘားလားကို စောင့်ကြည့်နေပါတယ်။
လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ပွဲမှာ ပေါ့ဘာဟာ လူစားဝင်လာပြီးတော့ ပွဲကိုပြောင်းလဲနိုင်လုနီးပါး ဖြစ်ခဲ့သလို အဲ့နောက်ပိုင်း အကောင်းဆုံး ပုံစံနဲ့ ကစားခဲ့တဲ့ ပေါ့ဘာအနေနဲ့ ယူနိုက်တက်ကို ဖလားရရှိအောင် ဦးဆောာင်နိုင်တယ်လို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပါတယ်။
အက်စ်တွန်ဗီလာနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲပယ်ခံထားရတဲ့ ကာဗာနီ ပါဝင်မှာ မဟုတ်သလို နောက်ကျော ဒဏ်ရာကြောင့် ဝုဗ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ လင်ဒီလော့ဖ်ကလဲ သံသယရှိစရာဖြစ်နေပြီး လုခ်ရှောကတော့ ပြန်လည်ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ စက်တင်ဘာမှာ ပေါင် ၆၅ သန်းနဲ့ ဝယ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် အက်စ်တွန်ဗီလာကတော့ သူ့တို့ရဲ့ အသင်းခေါင်းဆောင်ကို ရောင်းချဖို့အတွက် ပေါင်သန်း ၁၀၀ အလိုရှိနေပါတယ်။

Zawgyi – လူမႈကြန္ယက္က ပို႔စ္ေၾကာင့္ ကာဗာနီဟာ အက္ဖ္ေအရဲ႕ သုံးပြဲပယ္ျပစ္ဒဏ္ကို လက္ခံခဲ့ၿပီး သူ႔လုပ္ရပ္က တစ္ေယာက္ ေယာက္ အေပၚ ေစာ္ကားသလို ျဖစ္သြားရင္ ေတာင္းပန္ပါတယ္ဆိုေပမယ့္ တမင္တကာ ထိခိုက္ေအာင္လုပ္ဖို႔ ရည္႐ြယ္ခဲ့တာမဟုတ္ဘူးလို႔ ေျဖရွင္းခဲ့ပါတယ္။
ၿပီးခဲ့တဲ့ကာလေတြအတြင္း ပရိသတ္ေတြဟာ ကြင္းလယ္ ဗဟိုက အရည္အေသြး ကင္းမဲ့မႈအတြက္ ေဝဖန္ခဲ့ၾကသလို ဖရက္နဲ႔ ေတာ္မီေနး တြဲကစားရင္ အေကာင္းဆုံးပုံစံမွာ ရွိေပမယ့္ မာတစ္နဲ႔ေပါ့ဘာအတြဲကိုလဲ ေျပာင္းလဲကစားဖို႔လိုတယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ ကာဗာနီကို တစ္ႏွစ္စာခ်ဳပ္ သက္တမ္းတိုးမွာ ျဖစ္ေပမယ့္ ၎ေနရာအတြက္ ေရရွည္အစားထိုးမယ့္သူကို သတ္မွတ္ထားၿပီးျဖစ္ၿပီး ဂ်ဴဗင္တပ္ၾကယ္ပြင့္ ဒိုင္ဘားလားကို ေစာင့္ၾကည့္ေနပါတယ္။
လိုက္ပ္ဇစ္ကို ရႈံးခဲ့တဲ့ပြဲမွာ ေပါ့ဘာဟာ လူစားဝင္လာၿပီးေတာ့ ပြဲကိုေျပာင္းလဲႏိုင္လုနီးပါး ျဖစ္ခဲ့သလို အဲ့ေနာက္ပိုင္း အေကာင္းဆုံး ပုံစံနဲ႔ ကစားခဲ့တဲ့ ေပါ့ဘာအေနနဲ႔ ယူႏိုက္တက္ကို ဖလားရရွိေအာင္ ဦးေဆာာင္ႏိုင္တယ္လို႔ ဂယ္ရီနဗီးက ေျပာဆိုခဲ့ပါတယ္။
အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲပယ္ခံထားရတဲ့ ကာဗာနီ ပါဝင္မွာ မဟုတ္သလို ေနာက္ေက်ာဒဏ္ရာေၾကာင့္ ဝုဗ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့ လင္ဒီေလာ့ဖ္ကလဲ သံသယရွိစရာျဖစ္ေနၿပီး လုခ္ေရွာကေတာ့ ျပန္လည္ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ စက္တင္ဘာမွာ ေပါင္ ၆၅ သန္းနဲ႔ ဝယ္ယူဖို႔ မေအာင္ျမင္ခဲ့တဲ့ ဂ်က္ဂရီးလစ္ရွ္ကို စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ အက္စ္တြန္ဗီလာကေတာ့ သူ႔တို႔ရဲ႕ အသင္းေခါင္းေဆာင္ကို ေရာင္းခ်ဖို႔အတြက္ ေပါင္သန္း ၁၀၀ အလိုရွိေနပါတယ္။
