စပိန်ရဲ့ အနာဂတ် သန်း ၁၀၀ တန် လာလီဂါကွင်းလယ်လူကို ခေါ်ယူဖို့ မန်စီးတီး ချိန်ရွယ်
UNICODE – မန်စီးတီးအသင်းဟာ နွေအပြောင်းအရွှေ့မှာ အင်အားဖြည့်ဖို့ လာလီဂါကလပ် ဗလန်စီယာအသင်းမှ ကွင်းလယ်လူ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း The Athletic က ဖော်ပြပါတယ်။
အသက် ၂၀ အရွယ် ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပကလပ် ၇ သင်းထဲမှာ မန်စီးတီးလည်း ပါဝင်လာတဲ့ အခြေအနေဖြစ်တယ်။ ဗလန်စီယာကလည်း ၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ကျန်ရှိတဲ့ ဖာရန်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရမှ လက်လွတ်မယ့် သဘောတူညီချက် ပါဝင်တဲ့ သက်တမ်းတိုးမှုကို ပြုလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဖာရန် တောရက်စ်ဟာ စပိန်ရဲ့ အနာဂတ်အဖြစ် ချီးကျးမှုတွေ ရထားပြီး သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းလုံးကလည်း အလိုရှိနေပါတယ်။ ကွင်းလယ်လူဖြစ်တဲ့ ဖာရန် တောရက်စ်ဟာ တောင်ပံတိုက်စစ်နေရာမှာလည်း အကောင်းဆုံး ကစားပြနေသူဖြစ်ပါတယ်။
ဗလန်စီယာဂန္တဝင်ကြီး ဂိုးမက်စ်ကတော့ ” ဖာရန်တောရက်စ်က ကစားသမားကောင်းပါ။ သူက အရမ်းငယ်တဲ့ အသက်အရွယ်မှာတင် ရင့်ကျက်မှုကောင်းတွေ ရှိနေသူဆိုတာကို သက်သေပြနေတယ်။ သူက စကေးကောင်းတဲ့ ကစားသမားဖြစ်ပြီး တစ်ဦးချင်းမှာလည်း ကောင်းမွန်တယ်၊ မြန်တယ်။ ဂိုးတွေလည်း သွင်းနိုင်တယ်။
သူက တိုက်စစ်အတွင်းလူ နေရာမှာလည်း ကစားနိုင်တယ်၊ နေရာလွတ်တွေကို အားသာချက်အဖြစ် အသုံးချနိုင်တယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူတဲ့ အသင်းမှာကော ကောင်တာတိုက်စစ်ကို အဓိက အသားပေးကစားတဲ့ အသင်းမှာပါ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ကစားမယ့် ကစားသမားမျိုးဖြစ်တယ်။ ဘယ်လိဂ်ပြိုင်ပွဲမဆို ဘယ်အသင်းမှာမဆို သူ အကောင်းဆုံး ကစားနိုင်တယ်။ ” လို့ ပြောဆိုထားပါတယ်။
ZAWGYI – မန်စီးတီးအသင်းဟာ နွေအပြောင်းအရွှေ့မှာ အင်အားဖြည့်ဖို့ လာလီဂါကလပ် ဗလန်စီယာအသင်းမှ ကွင်းလယ်လူ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း The Athletic က ဖော်ပြပါတယ်။