လူမှုကွန်ယက်ပေါ်က သဘောရိုးနဲ့ ပို့စ် ကို ကာဗာနီ ပွဲပယ်ခံခဲ့ရတာ အတွက် သရဲနီဟောင်းလည်း ဖြစ်၊ ကာဗာနီရဲ့ ပီအက်စ်ဂျီက အသင်းဖော်ဟောင်းလည်း ဖြစ်တဲ့ ဟာရဲရားက အမျက်ထွက်နေပြီး ကာဗာနီ အား အားပေးစကား ပြောသွားခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ရာသီ ဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် အဆင့် ကနေ လှည့်ပြန်ခဲ့ရတဲ့ အခြေအနေဆိုးတွေကို ချိုးဖျက်ပြီး ဆုဖလား ယူဖို့ ပစ်မှတ်ထားကြရန် တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို ကို အလိုရှိဆဲ ဖြစ်ပေမယ့် ၂၀၂၁ မှာတော့ ဒေါ့မွန်ရဲ့ ဆန်ချို အတွက် ဆိုဈေး လျှော့ပေးမယ်လို့ မျှော်လင့်နေပါတယ်။
ဘရိုက်တန် ဂိုးသမား မတ်ရိုင်ယန်ဟာ ဒီဇင်ဘာကတည်းက နေရာပျောက်ခဲ့တဲ့နောက် ကလပ်အသစ် ရှာဖွေတော့မယ်လို့ ပြောဆိုခဲ့သလို ဂရေဟမ်ပေါ်တာက သူထွက်ခွာသွားရင် ယူနိုက်တက်ဂိုးသမား ရိုမဲရိုးကို ခေါ်ယူအစားထိုးဖို့ အလိုရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၄၅ ပွဲအတွင်း ၂၆ဂိုး၊ဖန်တီးမှု ၁၇ ကြိမ် နဲ့အတူ သူ့ရဲ့အရေးပါမှုကို ပြသခဲ့သလို ရော်နယ်ဒိုရဲ့ အာရုံစူးစိုက်နှစ်မြုပ်ထားမှုနဲ့ စိတ်အားထက်သန်မှုက သူ့ကို ပိုတိုးတက်အောင်ကြိုးစားဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ယူနိုက်တက်ရဲ ဦးစားပေး ပစ်မှတ်တွေ အဖြစ် ပြီးခဲ့တဲ့နွေက မခေါ်နိုင်ခဲ့တဲ့ ဆန်ချိုနဲ့ အူပါမီကာနိုတို့ ထိပ်ဆုံးက ပါဝင်ေ်နတယ်လို့ သိရပါတယ်။

Zawgyi – လူမႈကြန္ယက္ေပၚက သေဘာရိုးနဲ႕ ပို႔စ္ ကို ကာဗာနီ ပြဲပယ္ခံခဲ့ရတာ အတြက္ သရဲနီေဟာင္းလည္း ျဖစ္၊ ကာဗာနီရဲ႕ ပီအက္စ္ဂ်ီက အသင္းေဖာ္ေဟာင္းလည္း ျဖစ္တဲ့ ဟာရဲရားက အမ်က္ထြက္ေနျပီး ကာဗာနီ အား အားေပးစကား ေျပာသြားခဲ့ပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ကေတာ့ ျပီးခဲ့တဲ့ရာသီ ဖလားျပိဳင္ပြဲေတြမွာ ဆီမီးဖိုင္နယ္ အဆင့္ ကေန လွည့္ျပန္ခဲ့ရတဲ့ အေျခအေနဆိုးေတြကို ခ်ိဳးဖ်က္ျပီး ဆုဖလား ယူဖို႔ ပစ္မွတ္ထားၾကရန္ တိုက္တြန္းခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆန္ခ်ိဳ ကို အလိုရွိဆဲ ျဖစ္ေပမယ့္ ၂၀၂၁ မွာေတာ့ ေဒါ့မြန္ရဲ႕ ဆန္ခ်ိဳ အတြက္ ဆိုေစ်း ေလွ်ာ့ေပးမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
ဘ႐ိုက္တန္ ဂိုးသမား မတ္႐ိုင္ယန္ဟာ ဒီဇင္ဘာကတည္းက ေနရာေပ်ာက္ခဲ့တဲ့ေနာက္ ကလပ္အသစ္ ရွာေဖြေတာ့မယ္လို႔ ေျပာဆိုခဲ့သလို ဂေရဟမ္ေပၚတာက သူထြက္ခြာသြားရင္ ယူႏိုက္တက္ဂိုးသမား ႐ိုမဲ႐ိုးကို ေခၚယူအစားထိုးဖို႔ အလိုရွိေနပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၄၅ ပြဲအတြင္း ၂၆ဂိုး၊ဖန္တီးမႈ ၁၇ ႀကိမ္ နဲ႔အတူ သူ႔ရဲ႕အေရးပါမႈကို ျပသခဲ့သလို ေရာ္နယ္ဒိုရဲ႕ အာ႐ုံစူးစိုက္ႏွစ္ျမဳပ္ထားမႈနဲ႔ စိတ္အားထက္သန္မႈက သူ႔ကို ပိုတိုးတက္ေအာင္ႀကိဳးစားဖို႔ တြန္းအားျဖစ္ေစခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ဇန္န၀ါရီ အေျပာင္းအေရႊ႕ ေစ်းကြက္မွာ ယူနိုက္တက္ရဲ ဦးစားေပး ပစ္မွတ္ေတြ အျဖစ္ ျပီးခဲ့တဲ့ေႏြက မေခၚနိုင္ခဲ့တဲ့ ဆန္ခ်ိဳနဲ႕ အူပါမီကာနိုတို႔ ထိပ္ဆံုးက ပါ၀င္ေ္နတယ္လို႔ သိရပါတယ္။
