အက်စ်တွန်ဗီလာကို အနိုင်ရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဇယားထိပ်က လီဗာပူးနဲ့ ရမှတ် တူသွားခဲ့သလို အသင်းရဲ့ တိုးတက်လာမှုအတွက် ဆိုးရှားက ချီးကျူးခဲ့ပြီး မိမိတို့ဟာ ဖလားပြိုင်ပွဲမှာပါဝင်ဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ရဲ့ တစ်ခုတည်းသော အမှားက ဂိုးတွေထပ်သွင်းပြီး ပွဲကို စောစောဖြတ်ဖို့ အခွင့်အရေးတွေရရက်နဲ့ အသုံးမချနိုင်ခဲ့တာဖြစ်တယ်လို့ ဘရူနို ဖာနန်ဒက်စ်က ဝန်ခံခဲ့ပြီး အဆုံးသတ်ပိုင်း တိုးတက်ဖို့လိုသေးတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာတုန်းက ပေါင် ၁၉သန်းနဲ့ သဘောတူခဲ့တဲ့ အာမက် ဒီရယ်လိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့နီးစပ်နေပြီဖြစ်ကြောင်း ဆိုးရှားက အတည်ပြုခဲ့ပြီး သူ့ကို ကြိုဆိုဖို့ အရမ်းစိတ်လှုပ်ရှားနေပြီလို့ ပြောဆိုခဲ့ပါတယ်။
အဲရစ်ဘိုင်လေဟာ ဗီလာနဲ့ပွဲမှာ အများဆုံး ဘောလုံးရှင်းထုတ်မှု ၆ ကြိမ်နဲ့ နောက်ထပ် ကြားဖြတ်ယူမှု ၁ကြိမ်ပြုလုပ်နိုင်ခဲ့သလို ပွဲချိန်နှောင်းပိုင်းမှာ ကီနန် ဒေးဗစ်ရဲ့ ကန်ချက်ကို ခန္ဓာကိုယ်နဲ့တိုက်ပြီး ကာကွယ်ခဲ့ကာ အနိုင်သေချာစေခဲ့တဲ့အတွက် ဆိုးရှားက သူ့လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။
မာရှယ်ဟာ ဝမ်ဘစ်ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သလို ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ၁ ဂိုးသာ ရရှိထားပေမယ့်လဲ သူက ကြာလာလေ ပိုပိုပြီး ကောင်းလာနေတယ်လို့ ဆိုးရှားက ယုံကြည်နေပါတယ်။
ပေါ့ဘာဟာ ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုနဲ့ ပင်နယ်တီ ရယူပေးခဲ့သလို သူက အင်အားအပြည့် ပြန်ရနေပြီဆိုတာ ပြသခဲ့တယ်လို့ ဆိုးရှားက ယုံကြည်နေပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ဗီလာကို ယူနိုက်တက်ကို ယှဉ်ကစားခဲ့ပေမယ့် ပင်နယ်တီနဲ့ ရှုံးပွဲတွေ့ခဲ့ရပြီး အငြင်းပွားစရာတွေလဲ ရှိခဲ့သလို ဗီလာနည်းပြ ဒင်းစမစ်က ပေါ့ဘာဟာ သူ့ဘာသူ ခလုပ်တိုက် ချော်လဲတာဖြစ်ပြီး VAR သွားကြည့်ခဲ့သင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi – အက္စ္တြန္ဗီလာကို အႏိုင္ရခဲ့ၿပီးေနာက္ ယူႏိုက္တက္ဟာ ဇယားထိပ္က လီဗာပူးနဲ႔ ရမွတ္ တူသြားခဲ့သလို အသင္းရဲ႕ တိုးတက္လာမႈအတြက္ ဆိုးရွားက ခ်ီးက်ဴးခဲ့ၿပီး မိမိတို႔ဟာ ဖလားၿပိဳင္ပြဲမွာပါဝင္ဖို႔ ေနာက္ထပ္ေျခလွမ္းတစ္လွမ္း လွမ္းႏိုင္ခဲ့ၿပီလို႔ ေျပာဆိုခဲ့ပါတယ္။
ဒီပြဲမွာ ယူႏိုက္တက္ရဲ႕ တစ္ခုတည္းေသာ အမွားက ဂိုးေတြထပ္သြင္းၿပီး ပြဲကို ေစာေစာျဖတ္ဖို႔ အခြင့္အေရးေတြရရက္နဲ႔ အသုံးမခ်ႏိုင္ခဲ့တာျဖစ္တယ္လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က ဝန္ခံခဲ့ၿပီး အဆုံးသတ္ပိုင္း တိုးတက္ဖို႔လိုေသးတယ္လို႔ ဆိုပါတယ္။
ယူႏိုက္တက္ဟာ ေအာက္တိုဘာတုန္းက ေပါင္ ၁၉သန္းနဲ႔ သေဘာတူခဲ့တဲ့ အာမက္ ဒီရယ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ဖို႔နီးစပ္ေနၿပီျဖစ္ေၾကာင္း ဆိုးရွားက အတည္ျပဳခဲ့ၿပီး သူ႔ကို ႀကိဳဆိုဖို႔ အရမ္းစိတ္လႈပ္ရွားေနၿပီလို႔ ေျပာဆိုခဲ့ပါတယ္။
အဲရစ္ဘိုင္ေလဟာ ဗီလာနဲ႔ပြဲမွာ အမ်ားဆုံး ေဘာလုံးရွင္းထုတ္မႈ ၆ ႀကိမ္နဲ႔ ေနာက္ထပ္ ၾကားျဖတ္ယူမႈ ၁ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သလို ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ကီနန္ ေဒးဗစ္ရဲ႕ ကန္ခ်က္ကို ခႏၶာကိုယ္နဲ႔တိုက္ၿပီး ကာကြယ္ခဲ့ကာ အႏိုင္ေသခ်ာေစခဲ့တဲ့အတြက္ ဆိုးရွားက သူ႔လုပ္ရပ္ကို ခ်ီးက်ဴးခဲ့ပါတယ္။
မာရွယ္ဟာ ဝမ္ဘစ္ဆာကာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ၿပီး ယူႏိုက္တက္အတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့သလို ဒီပြဲမတိုင္ခင္ ပရီးမီးယားလိဂ္မွာ ၁ ဂိုးသာ ရရွိထားေပမယ့္လဲ သူက ၾကာလာေလ ပိုပိုၿပီး ေကာင္းလာေနတယ္လို႔ ဆိုးရွားက ယုံၾကည္ေနပါတယ္။
ေပါ့ဘာဟာ ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္လူးဝစ္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္ခံရမႈနဲ႔ ပင္နယ္တီ ရယူေပးခဲ့သလို သူက အင္အားအျပည့္ ျပန္ရေနၿပီဆိုတာ ျပသခဲ့တယ္လို႔ ဆိုးရွားက ယုံၾကည္ေနၿပီး သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ႏိုးၾကားတက္ႂကြမႈကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ဗီလာကို ယူႏိုက္တက္ကို ယွဥ္ကစားခဲ့ေပမယ့္ ပင္နယ္တီနဲ႔ ရႈံးပြဲေတြ႕ခဲ့ရၿပီး အျငင္းပြားစရာေတြလဲ ရွိခဲ့သလို ဗီလာနည္းျပ ဒင္းစမစ္က ေပါ့ဘာဟာ သူ႔ဘာသူ ခလုပ္တိုက္ ေခ်ာ္လဲတာျဖစ္ၿပီး VAR သြားၾကည့္ခဲ့သင့္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
