တီမိုဗာနာရဲ့ ၁၁ ပွဲဆက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်ဖို့ အသင်းဖော်တွေက အချိန်မှန်မှန် သင့်တော်တဲ့ ပံ့ပိုးမှုတွေနဲ့ ကူညီပေးရမယ်လို့ လမ်းပတ်က ထင်မြင်နေပြီး အသင်းရဲ့ အဓိက လက်နက်ဖြစ်တဲ့ ဗာနာဟာ ဂိုးတွေ ပြန် သွင်းယူနိုင် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
နွေရာသီမှာ ကိုင်ဟားဗတ်ကို ခေါ်ယူဖို့ ချယ်ဆီးဟာ စဉ်းစားချင့်ချိန်မှုတောင် လုပ်ခဲ့ရဲ့လားလို့ ဂျေမီကာရေဂါက မေးခွန်း ထုတ်ခဲ့ပြီး ကလပ်ဟာ သူ့ကို ဘယ်နေရာမှာ ကစားခိုင်းမလဲဆိုတာ တကယ်မသိပဲ ရမ်းသမ်းခေါ်ခဲ့တာပဲလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ အေစီမီလန် ဂိုးသမား ဒွန်နာရမ်မာကို နွေရာသီမှာ ခေါ်ယူဖို့ ၎င်းရဲ့ အေးဂျင့် ရိုင်အိုလာနဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အီတလီမှာ သူဆက်နေလိမ့်မယ်လို့ မီလန်က ယုံကြည်နေတာနဲ့အတူ စာချုပ်သစ် ချုုပ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
လမ်းပတ်ဟာ အသင်းမှာ နေရာပျောက်ပြီး ကစားချိန်သိပ်မရတဲ့ ကစားသမားတွေအတွက် အခွင့်အရေးတွေရလာရင် ဆွေးနွေးညှိနှိုင်းမှာဖြစ်တယ်လို့ ဆိုပြီး ဒီလထဲမှာ သူတို့ကို အပြီးသတ်ရောင်းချဖို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ပြင်သစ်နည်းပြ ဒက်ချမ့်က နိုင်ငံအသင်းမှာ အဆင်ပြေအောင် ချယ်ဆီးကနေ ထွက်ခွာဖို့ ဂျီရူးကို ရာသီအစောပိုင်းမှာ တိုက်တွန်းခဲ့ပေမယ့်လဲ တိုက်စစ်မှူးက အသင်းပြောင်းဖို့ အစီအစဉ်မရှိပဲ ချယ်ဆီးမှာ ပျော်နေပြီး ဇန်နဝါရီမှာ ထွက်ခွာမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးမှာ ကိုဗစ်ထိထားတဲ့ ဝေါ်ကာနဲ့ ဂျီးဆုတို့ အပြင် နောက်ထပ်ကစားသမား ၃ ယောက်ပါ ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့တာကြောင့် အဓိကကစားသမား ၅ ယောက်ဟာ ချယ်ဆီးနဲ့ပွဲကို လွဲချော်ရမှာဖြစ်ကြောင်း ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။
ချယ်ဆီးဟာ ဇန်နဝါရီဈေးကွက်မှာ ကစားသမားများစွာကို ပစ်မှတ်ထားနေပြီး သူတို့ရဲ့ အလိုရှိစာရင်းထဲမှာ လိဒ်စ် ဗဟိုနောက်ခံလူ ဘင်ဝှိုက်လဲ ပါဝင်ပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးထံက ပြိုင်ဆိုင်မှုနဲ့လဲ ကြုံတွေ့ရဦးမှာပါ။
ချယ်ဆီးတိုက်စစ်မှူးဟောင်း တိုနီကက်စ်ကာရီနိုက ဒီရာသီ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ ချယ်ဆီးကို ချန်လှပ်ထားခဲ့ပြီး လီဗာပူး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့က ဖလားစိန်ခေါ်မယ့်အသင်းတွေဖြစ်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

Zawgyi – တီမိုဗာနာရဲ႕ ၁၁ ပြဲဆက္ ဂိုးမိုးေခါင္မႈကို အဆုံးသတ္ဖို႔ အသင္းေဖာ္ေတြက အခ်ိန္မွန္မွန္ သင့္ေတာ္တဲ့ ပံ့ပိုးမႈေတြနဲ႔ ကူညီေပးရမယ္လို႔ လမ္းပတ္က ထင္ျမင္ေနၿပီး အသင္းရဲ႕ အဓိက လက္နက္ျဖစ္တဲ့ ဗာနာဟာ ဂိုးေတြ ျပန္ သြင္းယူႏိုင္ လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ေႏြရာသီမွာ ကိုင္ဟားဗတ္ကို ေခၚယူဖို႔ ခ်ယ္ဆီးဟာ စဥ္းစားခ်င့္ခ်ိန္မႈေတာင္ လုပ္ခဲ့ရဲ႕လားလို႔ ေဂ်မီကာေရဂါက ေမးခြန္း ထုတ္ခဲ့ၿပီး ကလပ္ဟာ သူ႔ကို ဘယ္ေနရာမွာ ကစားခိုင္းမလဲဆိုတာ တကယ္မသိပဲ ရမ္းသမ္းေခၚခဲ့တာပဲလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ေအစီမီလန္ ဂိုးသမား ဒြန္နာရမ္မာကို ေႏြရာသီမွာ ေခၚယူဖို႔ ၎ရဲ႕ ေအးဂ်င့္ ႐ိုင္အိုလာနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ လုပ္ခဲ့ေပမယ့္ အီတလီမွာ သူဆက္ေနလိမ့္မယ္လို႔ မီလန္က ယုံၾကည္ေနတာနဲ႔အတူ စာခ်ဳပ္သစ္ ခ်ဳုပ္ႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။
လမ္းပတ္ဟာ အသင္းမွာ ေနရာေပ်ာက္ၿပီး ကစားခ်ိန္သိပ္မရတဲ့ ကစားသမားေတြအတြက္ အခြင့္အေရးေတြရလာရင္ ေဆြးေႏြးညႇိႏႈိင္းမွာျဖစ္တယ္လို႔ ဆိုၿပီး ဒီလထဲမွာ သူတို႔ကို အၿပီးသတ္ေရာင္းခ်ဖို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။
ျပင္သစ္နည္းျပ ဒက္ခ်မ့္က ႏိုင္ငံအသင္းမွာ အဆင္ေျပေအာင္ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ ဂ်ီ႐ူးကို ရာသီအေစာပိုင္းမွာ တိုက္တြန္းခဲ့ေပမယ့္လဲ တိုက္စစ္မႉးက အသင္းေျပာင္းဖို႔ အစီအစဥ္မရွိပဲ ခ်ယ္ဆီးမွာ ေပ်ာ္ေနၿပီး ဇန္နဝါရီမွာ ထြက္ခြာမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
မန္စီးတီးမွာ ကိုဗစ္ထိထားတဲ့ ေဝၚကာနဲ႔ ဂ်ီးဆုတို႔ အျပင္ ေနာက္ထပ္ကစားသမား ၃ ေယာက္ပါ ေရာဂါပိုး ထပ္မံ ေတြ႕ရွိခဲ့တာေၾကာင့္ အဓိကကစားသမား ၅ ေယာက္ဟာ ခ်ယ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ရမွာျဖစ္ေၾကာင္း ဂြာဒီယိုလာက အတည္ျပဳခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဇန္နဝါရီေဈးကြက္မွာ ကစားသမားမ်ားစြာကို ပစ္မွတ္ထားေနၿပီး သူတို႔ရဲ႕ အလိုရွိစာရင္းထဲမွာ လိဒ္စ္ ဗဟိုေနာက္ခံလူ ဘင္ဝႈိက္လဲ ပါဝင္ေပမယ့္ သူ႔ကို ေခၚယူႏိုင္ဖို႔အတြက္ လီဗာပူးထံက ၿပိဳင္ဆိုင္မႈနဲ႔လဲ ႀကဳံေတြ႕ရဦးမွာပါ။
ခ်ယ္ဆီးတိုက္စစ္မႉးေဟာင္း တိုနီကက္စ္ကာရီႏိုက ဒီရာသီ ပရီးမီးယားလိဂ္ဖလား ၿပိဳင္ဆိုင္မႈမွာ ခ်ယ္ဆီးကို ခ်န္လွပ္ထားခဲ့ၿပီး လီဗာပူး၊ မန္စီးတီးနဲ႔ ယူႏိုက္တက္တို႔က ဖလားစိန္ေခၚမယ့္အသင္းေတြျဖစ္တယ္လို႔ ခန္႔မွန္းေျပာဆိုခဲ့ပါတယ္။
